ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ သာသနာႏွစ္ ၂၅ဝဝေက်ာ္လာရင္ ျဖစ္လာမယ့္အရာေတြ
သာသနာ ( ၂၅ဝဝ ) ေက်ာ္ရင္ မျမင္ဘူးတာေတြကို ျမင္ၾကရလိမ့္မွာ။မၾကားဘူးတာေတြ ၾကားၾကရလိမ့္မယ္တဲ့။ မျဖစ္ဖူးတာေတြ ျဖစ္ၾကလိမ့္မယ္။သဘာဝေဘးဆိုးေတြ ဝင္လာလိမ့္မယ္တဲ့။
လက္နက္ဆန္းေတြ ေပၚလာလိမ့္မယ္တဲ့။ေရာဂါဆန္းေတြ ျဖစ္ၾကလိမ့္မွာ။ စစ္ပြဲေတြ ျဖစ္လာမယ္တဲံ။ အငတ္ေဘးေတြ ႀကဳံလာမယ္ေနာ္။ ေရာဂါ ကပ္ေဘးေတြ ျဖစ္လာမယ္။ သဘာဝေဘးေတြ ျဖစ္လာမယ္တဲ့။႐ုပ္ဝတၳဳေတြ ထြန္းေတာက္ တိုးတက္လာၾကမွာပါ။
လူ႔အတတ္ နတ္မကလူ႔အႀကိဳက္လည္း နတ္ မလိုက္ႏိုင္တဲ့။ လူေတြ ေလာဘ အတၱ အားႀကီးလာၾကလိမ့္မယ္။ ႐ုပ္ဝတၳဳ တိုးတက္ရင္ ေလာဘေနာက္ လိုက္ၾကရင္း လူေတြ စိတ္ပိုင္းဆိုင္ရာ အားနည္းလိမ့္မယ္တဲ့။မလုပ္သင့္ မလုပ္ထိုက္တာေတြ လုပ္ၾကလိမ့္မွာ။
မိန္းမေတြ ေယာက္်ားႏွင့္ ရင္ေဘာင္တန္း လာလိမ့္မယ္။ မိန္းမေတြ ေယာက္်ားႏွင့္ တူလာမယ္။ ရဟန္းေတြ လူနဲ႔တူလာမယ္တဲ့။ ဘုန္းႀကီးေက်ာင္းေတြ အိမ္ႏွင့္ တူလာမယ္။အဆိုး အေကာင္း ဒြန္တြဲလာလိမ့္မယ္။
အပ်က္တရား ပိုျမန္လာလိမ့္မယ္။ ႐ုပ္ဝတၳဳတိုးတက္ေနၿပီး လူေတြ ကိေလသာအာ႐ုံ ေလာကီေနာက္သာ လိုက္ေနၾကလိမ့္မယ္ေနာ္။ မိဘကို ျပန္သတ္ မိဘကို ျပန္ေစာ္ကား သား သမီးကိုမယားလုပ္ လင္လုပ္လာၾကလိမ့္မယ္တဲ့။
ဒီလိုအခ်ိန္မွာ ပါရမီရွိတဲ့သူ စိတ္ေကာင္းရွိတဲ့သူ သံေဝဂ တရား ရလာၾကလိမ့္မယ္တဲ့။ အလိုလို ေၾကာက္စိတ္ဝင္လာၾကလိမ့္မယ္ေနာ္။ တဖက္မွာလည္းဘဲ အရိယာသူေတာ္ေကာင္းေတြ ေပၚထြန္းေနလိမ့္မယ္တဲ့။
တရားျပ တရားက်င့္ေနၾကလိမ့္မယ္။ မသိသူ ေက်ာ္သြား သိသူ ေဖာ္စားၾကလိမ့္မယ္။ဝိမုတၱိယုဂေခတ္ အနတၱသာသနာ တပါတ္လည္ျ ပန္ေပၚလာမယ္ေနာ္။ အရိယာေတြ ေပၚထြန္းႏိုင္တဲ့ေခတ္ တရားက်င့္ရင္ က်င့္သလို တရားရၾကလိမ့္မယ္။
မေကာင္းသူ ပယ္ ေကာင္းသူ ကယ္မယ္ တဲ့။ အရိယာသံဃာ ေစာ္ကားလို႔အပါယ္ငရဲ ဆင္းၾကလိမ့္မွာ။ သိသူေဖာ္စားလို႔ နတ္ျပည္တက္ အရိယာျဖစ္ၾကလိမ့္မယ္။ဒီအခ်ိန္ သူေတာ္ေကာင္းကို ေတြ႕ေအာင္ ရွာ။ မေတြ႕ေတြ႕ေအာင္ ရွာပါတဲ့။
သူေတာ္ဆည္းကပ္ ျမတ္တရားနာပါတဲ့။ လူ႔ဘဝဆိုတာ ရခဲတယ္။ ဘုရားရွင္နဲ႔ ေတြ႕ခဲတယ္။ သာသနာနဲ႔ ႀကဳံႀကိဳက္ခဲတယ္။ ႀကဳံေနရင္လည္း လက္ခံခဲတယ္။လက္ခံပါေသာ္လည္း က်င့္ႀကံခဲတယ္တဲ့။ က်င့္ႀကံေသာ္လည္း ဆိုက္ေရာက္ခဲတယ္။
ယခုအခါမွာကား…လူလည္း ျဖစ္လာ သာသနာႏွင့္လည္း ႀကဳံခိုက္ အၿမိဳက္တရား ေဟာၾကားမည့္သူက မရွား။ ထိုသို႔ျဖစ္ပါလွ်က္ အမွန္ကို မႀကိဳက္ အမွားကို လိုက္ၿပီးအမွားကို ႀကိဳက္ေနၾကပါလွ်င္ အမိုက္တကာ့ ဗိုလ္မင္းထက္ မိုက္တဲ့သူ မရွိတဲ့။
သူေတာ္ေကာင္းစကား နားမေထာင္တရားကို မက်င့္ႀကံၾကလွ်င္ တီေထြးႀကီးေတြသာ ျဖစ္ၾကရလိမ့္မည္တဲ့။ { ေရွးလူႀကီးသူမမ်ားစကား }
Credit
unicode
ရှေးလူကြီးတွေ ပြောခဲ့တဲ့ သာသနာနှစ် ၂၅ဝဝကျော်လာရင် ဖြစ်လာမယ့်အရာတွေ
သာသနာ ( ၂၅ဝဝ ) ကျော်ရင် မမြင်ဘူးတာတွေကို မြင်ကြရလိမ့်မှာ။မကြားဘူးတာတွေ ကြားကြရလိမ့်မယ်တဲ့။ မဖြစ်ဖူးတာတွေ ဖြစ်ကြလိမ့်မယ်။သဘာဝဘေးဆိုးတွေ ဝင်လာလိမ့်မယ်တဲ့။
လက်နက်ဆန်းတွေ ပေါ်လာလိမ့်မယ်တဲ့။ရောဂါဆန်းတွေ ဖြစ်ကြလိမ့်မှာ။ စစ်ပွဲတွေ ဖြစ်လာမယ်တဲံ။ အငတ်ဘေးတွေ ကြုံလာမယ်နော်။ ရောဂါ ကပ်ဘေးတွေ ဖြစ်လာမယ်။ သဘာဝဘေးတွေ ဖြစ်လာမယ်တဲ့။ရုပ်ဝတ္ထုတွေ ထွန်းတောက် တိုးတက်လာကြမှာပါ။
လူ့အတတ် နတ်မကလူ့အကြိုက်လည်း နတ် မလိုက်နိုင်တဲ့။ လူတွေ လောဘ အတ္တ အားကြီးလာကြလိမ့်မယ်။ ရုပ်ဝတ္ထု တိုးတက်ရင် လောဘနောက် လိုက်ကြရင်း လူတွေ စိတ်ပိုင်းဆိုင်ရာ အားနည်းလိမ့်မယ်တဲ့။မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်ကြလိမ့်မှာ။
မိန်းမတွေ ယောက်ျားနှင့် ရင်ဘောင်တန်း လာလိမ့်မယ်။ မိန်းမတွေ ယောက်ျားနှင့် တူလာမယ်။ ရဟန်းတွေ လူနဲ့တူလာမယ်တဲ့။ ဘုန်းကြီးကျောင်းတွေ အိမ်နှင့် တူလာမယ်။အဆိုး အကောင်း ဒွန်တွဲလာလိမ့်မယ်။
အပျက်တရား ပိုမြန်လာလိမ့်မယ်။ ရုပ်ဝတ္ထုတိုးတက်နေပြီး လူတွေ ကိလေသာအာရုံ လောကီနောက်သာ လိုက်နေကြလိမ့်မယ်နော်။ မိဘကို ပြန်သတ် မိဘကို ပြန်စော်ကား သား သမီးကိုမယားလုပ် လင်လုပ်လာကြလိမ့်မယ်တဲ့။
ဒီလိုအချိန်မှာ ပါရမီရှိတဲ့သူ စိတ်ကောင်းရှိတဲ့သူ သံဝေဂ တရား ရလာကြလိမ့်မယ်တဲ့။ အလိုလို ကြောက်စိတ်ဝင်လာကြလိမ့်မယ်နော်။ တဖက်မှာလည်းဘဲ အရိယာသူတော်ကောင်းတွေ ပေါ်ထွန်းနေလိမ့်မယ်တဲ့။
တရားပြ တရားကျင့်နေကြလိမ့်မယ်။ မသိသူ ကျော်သွား သိသူ ဖော်စားကြလိမ့်မယ်။ဝိမုတ္တိယုဂခေတ် အနတ္တသာသနာ တပါတ်လည်ြ ပန်ပေါ်လာမယ်နော်။ အရိယာတွေ ပေါ်ထွန်းနိုင်တဲ့ခေတ် တရားကျင့်ရင် ကျင့်သလို တရားရကြလိမ့်မယ်။
မကောင်းသူ ပယ် ကောင်းသူ ကယ်မယ် တဲ့။ အရိယာသံဃာ စော်ကားလို့အပါယ်ငရဲ ဆင်းကြလိမ့်မှာ။ သိသူဖော်စားလို့ နတ်ပြည်တက် အရိယာဖြစ်ကြလိမ့်မယ်။ဒီအချိန် သူတော်ကောင်းကို တွေ့အောင် ရှာ။ မတွေ့တွေ့အောင် ရှာပါတဲ့။
သူတော်ဆည်းကပ် မြတ်တရားနာပါတဲ့။ လူ့ဘဝဆိုတာ ရခဲတယ်။ ဘုရားရှင်နဲ့ တွေ့ခဲတယ်။ သာသနာနဲ့ ကြုံကြိုက်ခဲတယ်။ ကြုံနေရင်လည်း လက်ခံခဲတယ်။လက်ခံပါသော်လည်း ကျင့်ကြံခဲတယ်တဲ့။ ကျင့်ကြံသော်လည်း ဆိုက်ရောက်ခဲတယ်။
ယခုအခါမှာကား…လူလည်း ဖြစ်လာ သာသနာနှင့်လည်း ကြုံခိုက် အမြိုက်တရား ဟောကြားမည့်သူက မရှား။ ထိုသို့ဖြစ်ပါလျှက် အမှန်ကို မကြိုက် အမှားကို လိုက်ပြီးအမှားကို ကြိုက်နေကြပါလျှင် အမိုက်တကာ့ ဗိုလ်မင်းထက် မိုက်တဲ့သူ မရှိတဲ့။
သူတော်ကောင်းစကား နားမထောင်တရားကို မကျင့်ကြံကြလျှင် တီထွေးကြီးတွေသာ ဖြစ်ကြရလိမ့်မည်တဲ့။ { ရှေးလူကြီးသူမများစကား }
Credit