က်မၼာေရး ဗဟုသုတ

နွေ မိုး ဆောင်း သုံးရာသီစလုံး အမြဲလိုလိုနှာမွန်နေတတ်တဲ့သူတွေအတွက်လက်တွေ့ပျောက်တဲ့ဆေး







unicode

ကြာတော့ကြာပြီရှင့် ညီမလေးတစ်ယောက်တင်ထားတာတွေ့လို့ အမြဲလိုလိုနှာမွန်နေတတ်တယ်ဆိုတာလေ ကိုယ်နဲ့အဖြစ်တူနေလို့ စတွေ့တုန်းက အော် ကိုယ်လိုလူတွေရှိသေးပါလားဆိုတွေးမိတယ်

နွေ မိုး ဆောင်း သုံးရာသီစလုံးကို နှာမွန်တာပါ cetrine ကို ချိုချဉ်စားနည်းစားနေရတာလဲ ကြာပါပြီ ဘယ်ဆေးနဲ့မှမသက်သာဘူး cetrineသောက်မှပျောက်တယ်လို့ကို အတွေးကစွဲ‌နေတာပါ

ဟိုတလောက လိုင်းပေါ်ကအမတစ်ယောက်တင်ထားတဲ့ ဆေးနည်းလေးတွေ့လို့ စမ်းကြည့်တာ တစ်ရက်နဲ့တင် တကယ်သိသာလို့ လာမျှဝေတာပါ ခုရာသီနဲ့ဆို အဆင်‌ပြေဆုံးပါပဲ

ဆေးနည်းက — ခရေသီးထဲက အစေ့ကို သွေးပြီး ညအိပ်ယာဝင်ခါနီး နှာတံတစ်လျှောက်နဲ့ မျက်ခုံးရိုးနှစ်ခုကြားကို သနပ်ခါးလိမ်းသလို လိမ်းပေးရမှာပါ လိမ်းပြီးအိပ်ကြည့်ပါတကယ် ထိ‌ရောက်လို့ဝေမျှတာပါ

နောက်တနည်းက __ ခရေစေ့ကိုပဲ ပြာချပြီး အုန်းဆီနဲ့ရောပြီး ငယ်ထိပ်ကိုလူးပေးရတာပါ ၃ရက်နဲ့ ပျောက်ပါတယ်တဲ့ရှင့်

ညီမကတော့ ပထမနည်းနဲ့တင်အဆင်‌ပြေသက်သာသွားပါတယ်ရှင့် ဒါကြောင့် ဒီထဲက ညီမတွေကိုသတိရသွားလို့ လာမျှဝေတာပါ အဆင်ပြေကြပါစေရှင်