မင်္ဂလာပါ
2021 ခုနှစ် (12) လပိုင်းအတွက် တစ်လစာဟောစာတမ်း
1.12.2021မှ 31.12.2021ထိ မိတ်ဆွေများ အားလုံးအတွက်
ဆရာ့မိတ်ဆွေများ တစ်လတစ်ကြိမ် ဟောစာတမ်းများ ဆရာကိုယ်တိုင် ရေးသားတင်ပြ ပေးနေပါတယ်။
ယတြာများလဲ အမြဲတင်ပြပေးနေပါတယ်။ မိမိဖတ်ရှုပြီးပါက သူငယ်ချင်းအပေါင်းသင်းများ ဖတ်ရှုနိုင်ရန် ရှယ်ထားကြပါ။
ဟောစတမ်းအပြင် ယတြာလေးတွေပါလို့ သိမ်းထားဖို့ မမေ့နဲ့နော်။
မိမိကံကြမ္မာ အဆိုးအကောင်းကို ဆရာမင်းသုခထံ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်သည်။
ခုနှစ်ရက်သားသမီးများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒ တစ်လုံးတစ်ဝ ပြည့်စုံကြပါစေ..
ကံဇာတာ အညံ့များလည်း ပပြောက်ပြီး ကံပွင့် စန်းပွင့် မေတ္တာရေး အချစ်ရေးများ အဆင်ပြေကြပါစေ။
ဗေဒင်နှင့်လက္ခဏာ
ဆရာမင်းသုခ
၇၃လမ်း/ ၃၄-၃၅ လမ်းကြား
ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့
တနင်္ဂနွေသားသမီးများ
တနင်္ဂနွေ သားသမီးတွေအနေနဲ့ ဒီကာလအတွင်း သူများကိစ္စ ကြားဝင်ကူညီခြင်း၊ အာမခံခြင်း တွေကြောင့် အထူးဒုက္ခရောက် တတ်ပါတယ်။
လင်မယားကြား မိတ်ဆွေတွေကြား ဘယ်သူ့ကြားမှ မဝင်မိပါစေနဲ့။ ဘယ်စီးပွားရေးနယ်ပယ်မှာဖြစ်ဖြစ် အခုကာလမှာ ရတာကနည်းနည်း ၊ပြဿ နာရှင်းရတာကများများ ဖြစ်နေလိမ့်မယ်။
ရွှေငွေလက်ဝတ်ရတနာများ ကျပျောက်ခြင်း သူခိုးခိုခံရခြင်းတွေ ကြုံနိုင်တယ်။
လူငယ်တွေအနေနဲ့ စီးပွားတွက် တွက်နေတဲ့ချစ်သူကြောင့် စိတ်ညစ်ရမယ်။ ချစ်သူကို အချိန်ပေးဖို့ထက် ငွေနောက်ပဲ လိုက်နေပါလိမ့်မယ်။
အလုပ်မှာ ရန်ပေါ်နိုင်တဲ့ ကာလပါ။ အလုပ်ရှာနေသူများ အလုပ်ရဖို့ ဝေးနေပါလိမ့်မယ်။ အရမ်းရင်းနှီးသူတွေနဲ့ ခွဲခွာရတတ်ပါတယ်။
ကျန်းမာရေး သိပ်မညံ့ပေမဲ့ ပညာရေးကံကြမ္မာကတော့ အညံ့ဆုံး အနေအထားကို ရောက်နေတဲ့ ကာလပါပဲ။ နောက်ဆုံးပြောချင်တာက ဘယ်သူကိုမှ မယုံသင့်ဘူးလို့ ပြောချင်ပါတယ်။
အထူးဟော = ကံညံ့နေသည်။
ယတြာ = သင်္ဘောသီးဖျော်ရည်တစ်ခွက် မွေးနေ့နံနက်မှာ ဘုရားကပ်လှူလိုက်ပါ။
တနင်္လာသားသမီးများအတွက်
ဆုံးဖြတ်ရ ခက်နေလိမ့်မယ်။ အရာရာ သတိထားဆောင်ရွက်ပါ။ ရှေ့တိုးဆောင်ရွက်မဲ့ ကိစ္စများ မိမိဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။
အလုပ်နဲ့ပက်သက်ပြီး စိတ်ရှုပ်နေရပါတယ်။ မသွားချင်တဲ့ နေရာသွားရခြင်း၊ နယ်ပြောင်းခံရခြင်းတွေ ကြုံတွေ့ရပါလိမ့်မယ်။
အထက်လူကြီးက မိမိအပေါ် အမြင်မကြည်တာမျိုးတွေလဲ ရှိနေပါတယ်။ စိတ်အရမ်း ညစ်ရတတ်တယ်။ အိမ်ထောင်ဘက်အချင်းချင်း စကားအခြေအတင် များရတတ်တယ်။
မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုအများကြီးရမဲ့ အချိန်ပါပဲ။ ကျန်းမာရေးလဲ အနည်းငယ် အားနည်းနေပါတယ်။
နေပူနည်းနည်း မိတာမျိုး၊ အိပ်ရေးပျက်တာမျိုးကြုံတာနဲ့ ဖျားနာတတ်ပါတယ်။
စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင်လုပ်ပေးခြင်းဖြင့် ကံတွေပြန်မြင့်လာပါလိမ့်မယ်။
အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့ အကြောင်းဖန်လာလိမ့်မယ်။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့ အချိန်ပါပဲ။
အထူးဟော – ရွေးချယ်ရ ခက်နေလိမ့်မယ်။
ယတြာ – ကြံရည်တစ်ခွက် မွေးနေ့ညနေခင်းမှာ ဘုရားကပ်ပါ။
အင်္ဂါသားသမီးများအတွက်
ကံဇာတာ အထူးမြင့်မားနေချိန်ပါပဲ။ ကျန်းမာရေး ဒေါင်ဒေါင်မြည် နေပါလိမ့်မယ်။ နေမကောင်းဖြစ်နေသူများ ဒီကာလတွင် ဆေးတိုးသွားတတ်ပါတယ်။
နာတာရှည်ရောဂါသည်များ ဆရာကောင်းသမားကောင်းတွေ့မည်။ ငွေကြေးအဘက်ဘက်က ဝင်လာမဲ့အချိန်ပါပဲ။ ငွေအရမ်းရွှင်မှာပါ။
ငွေကြေးရင်းနှီးမှုလုပ်ငန်းတွေ စတင်ပြုလုပ်ဖို့ ကောင်းပါပြီ။
တစ်ခုသတိထားရမှာက လူများများနဲ့ အုပ်စုဖွဲ့သွားလာခြင်း ညဉ့်နက်သန်းခေါင် အပြင်ထွက်ခြင်းကို ဒီကာလအတွင်း လျှော့ပါ။
ပြဿနာက မဖိတ်ခေါ်ဘဲ ရောက်လာတတ်လို့ပါ။ အစုစပ်အလုပ်၊ ရှယ်ယာအလုပ်တွေ ခဏဆိုင်းထားပါအုံး။
ချစ်ရသူဆီက အဖြေ မတောင်းသင့်သေးသလို စိတ်ကောက်နေတဲ့ချစ်သူကိုလဲ မချော့ပါနဲ့အုံး။
အလုပ်စီးပွားကံကတော့ အထူးပြောစရာမလိုအောင် ကောင်းနေပါတယ်။ ပညာရေးကံ ကောင်းနေချိန်ပါပဲ။
အထူးဟော = ကံအထူးကောင်းသည်။
ယတြာ = ရဟန်းသံဃာတွေကို ဆေးလှူဒါန်းပါ။
ဗုဒ္ဓဟူးသားသမီးများအတွက်
မိသားစုနဲ့ အလုပ်ကြား ဗျာများရမည် ။ အလုပ်အဆင်ပြေနေလို့ အလုပ်ထဲ စိတ်နှစ်မယ် ကြံပြီးခါမှ မိသားစု ပြဿနာတွေကြောင့် အလုပ်ပျက် အကိုင်ပျက်ဖြစ်နေရမည်။
လုပ်ငန်းတူအချင်းချင်း အားပြိုင်မှု တိုက်ခိုက်မှုတွေ ရှိပေမဲ့ အဆုံးသတ် မိမိသာအနိုင်ရမည်။
အလုပ်ပင်ပန်းခြင်း၊ လူမှုရေးကိစ္စတွေကြောင့် ပင်ပန်းတာတွေစုပြီး ဖျားနာတတ်တဲ့အချိန်ပါ။
စီးပွားရေးချဲ့ထွင်ဖို့ စပ်တူလုပ်ငန်းစတင်ဖို့ အကောင်းဆုံးကာလပါပဲ။ ပညာရေး အခန်းကဏ္ဍကတော့ အားနည်းနေပါတယ်။
လူငယ်တွေ စာထဲ စိတ်မပါဖြစ်တတ်တယ်။ စာကျက်ဖို့ ပျင်းနေလိမ့်မယ်။
လခစားဝန်ထမ်းများ နေရာကောင်းရခြင်း ၊ရာထူးတိုးခြင်းမျိုး ရှိနေလိမ့်မယ်။
အချစ်ရေးကံကတော့ မကောင်းနိုင်သေးပါဘူး။ ချစ်သူက မိမိအပေါ် ယုံကြည်မှု ကင်းမဲ့လာတတ်ပါတယ်။
အထူးဟော = စီးပွားရေးကောင်းမည်။
ယတြာ = ဘုရားစိန်ဖူးတော်ပုံအား ဓမ္မဒါနလက်ဆောင်ပေး ဖြန့်ဝေပါ။
ရာဟုသားသမီးများအတွက်
စိတ်လေနေတတ်တယ်။ ဆုံးဖြတ်ရခက်တာမျိုး ကြုံရလိမ့်မယ်။ မိဘတွေအတွက် ပူပန်စိတ်ညစ် ရတတ်တယ်။
လုပ်ငန်းစီးပွား ဆုတ်ယုတ်တတ်တယ်။ အလုပ်ဒဏ် ပိနေတတ်တယ်။ လူမျိုးခြား၊ ဘာသာခြား တွေရဲ့ ကူညီမစခြင်း ခံရမယ်။
ခရီးကိစ္စ၊ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်လုပ်ရတဲ့အလုပ်တွေ အကျိုးပေးနည်းချိန်ပါပဲ။
ကျန်းမာရေး အထူးကောင်းချိန်ပါပဲ။ အချစ်ရေးကိစ္စ ၊ စုတ်ကိစ္စတွေ ရှုပ်ထွေးမှုတွေ ဖြစ်နိုင်ပါတယ်။
ပညာရေးကဏ္ဌ၊ သင်ကြားရေးကဏ္ဌကတော့ အထူး ကောင်းမွန်နေပါတယ်။
ပုံမှန်အတိုင်းသာ လုပ်ဆောင်သင့်တဲ့ အချိန်ပါ။ ရှေ့တိုးဆောင်ရွက်စရာ ကိစ္စများ တစ်ခုခုလုပ်တာနဲ့ ပျက်ဖို့များပါတယ်။
အထူးဟော = အရာရာလွဲချော်နေမည်
ယတြာ = ခရေပန်း မွေးနေ့၌လှူဒါန်းပါ။
ကြာသပတေးသားသမီးများအတွက်
လူလိမ်ခံရလိမ့်မယ်။ အရမ်းရင်းနှီးတဲ့သူတွေရဲ့သစ္စာဖောက်ခြင်းခံရမည်။ အောက်လက်ငယ်သားတွေကို အရမ်းအရေးကြီးတဲ့ ကိစ္စများ မျက်နှာလွှဲ မခိုင်းသင့်ပါ။
လူယုံဒုက္ခပေးမဲ့ အချိန်ပါပဲ။ စက်၊ ကားမောင်းနှင်ခြင်း၊ စက်ပစ္စည်း ကိုင်တွယ်အသုံးပြုခြင်း အထူးသတိထားပါ။
မတော်တဆ ထိခိုက်လွယ်တဲ့ ကာလတစ်ခုမို့ လိုပါပဲ။ ဘာကိစ္စမဆို အဆုံးသတ် ပြီးဆုံးအောင် မလုပ်နိုင်ခြင်း၊ စထားပြီး တစ်ဝက်တပျက်ဖြစ်ရခြင်းမျိုး ကြုံရမှာပါ။
ဒါကြောင့် အိမ်ပြင်အိမ်ဆောက်ခြင်း၊ လုပ်ငန်းသစ်စတင်ခြင်းမျိုး လုံးဝမလုပ်ပါနဲ့။ အချစ်ရေးကံ အထူးညံ့နေချိန်ပါ။
ချစ်သူနဲ့မျက်နှာချင်း ဆိုင်တာနဲ့ ပြဿနာတတ်ခြင်း၊ စကားအခြေအတင်ပြောရခြင်းတွေ ကြုံရပါလိမ့်မယ်။
ပညာရေးက အကောင်းဆုံး ကာလပါပဲ။ ကျန်းမာရေး ကောင်းနေပေမဲ့ ထိမိ ခိုက်မိ ဖြစ်တာမျိုး ရှိနိုင်တယ်။
အထူးဟော = ထိခိုက်လွယ်နေသည်။
ယတြာ = မိမိ၏ မွေးနေ့အပတ်တိုင်း (7) ပတ်တိတိ သက်သတ်လွတ် စားပေးပါ။ ဘုရားမှာ ရွှေဆိုင်း ကပ်ပေးပါ။
သောကြာသားသမီးများအတွက်
အဘက်ဘက်က ဖေးမကူညီမှုတွေကြောင့် လိုချင်သောပန်းတိုင်ကို ရောက်မည်။ လုပ်ငန်းစီးပွား အထူးတိုးတတ်မည်။
ဝန်ထမ်းဆို နေရာပေးခံရခြင်း၊ နေရာကောင်းရခြင်းတွေ ရှိလာပါလိမ့်မယ်။
ဒီကာလမှာပဲ အခြားသူများအား အကြံပေးခြင်း၊ နှုတ်၏ဆောင်မခြင်းဖြင့် ထိုသူတွေ အဆင်ပြေချောမွေ့မဲ့ ကာလပါပဲ။
မိမိသြဇာ ညောင်းမဲ့အချိန်ပါ။ ကောင်းသောခရီး ဘာသာရေးနဲ့ သက်ဆိုင်သောခရီးတွေလဲ သွားရပါလိမ့်မယ်။
အိမ်ထောင်သည်ဆို တစိမ်း မိန်းကလေးတွေ (ယောကျာ်းလေးတွေ) နဲ့ ဝေးဝေးနေပါ။ စွပ်စွဲခြင်းခံရမည်။
ငယ်ရွယ်သူများအသက်ကြီး၊ မလွတ်လပ်သူတွေရဲ့ဖြားယောင်းသွေးဆောင်ခြင်းခံရပါလိမ့်မည်။
ငွေကြေးလာဘ်လာဘတွေလဲ ဝင်လာပါလိမ့်မယ်။ မိမိဆိုင် ဖောက်သည်အသစ်တွေ တိုးလာပါလိမ့်မယ်။
ကျန်းမာရေး ပညာရေး အကောင်းဆုံးကာလပါပဲ။
အထူးဟော = ပြောသမျှ ဖြစ်မည်။
ယတြာ = မွေးနေ့တွင် သစ်သီး (၇) မျိုး ဘုရားလှူပါ။
စနေသားသမီးများအတွက်
အကောင်းအဆိုး မျှနေချိန်လို့ပဲ ပြောရမလား မသိတော့ပါဘူး။ ကံညံလားဆိုတော့ မညံ့ဘူး။ ကောင်းနေလားဆိုတော့လဲ ထင်သလောက် မကောင်းပါဘူး။
အိမ်ထောင်ဘက်ရဲ့ အိမ်ထောင်ရေး ရှုပ်ထွေးမှုလေးတွေ စန်းပွင့်နေမှုတွေကြောင့် မိမိဗျာများရတတ်တယ်။
အလုပ်စီးပွားက အတိုက်အခိုက်လေးတွေ ရှိပေမဲ့တိုးတတ်မဲ့သဘော ရှိတယ်။ အဆိုးဆုံးက သူများအကြံပေးလို့ ဘာတစ်ခုမှ မလုပ်မိစေနဲ့။ ဒုက္ခတွေ့လိမ့်မယ်။
မိမိဆုံးဖြတ်ချက် ၊မိမိစိတ်ကူးနဲ့သာ အနာဂတ်ကို ပုံဖော်သင့်တဲ့အချိန်ပါ။ ငွေကြေးကံ အတော်အသင့်ကောင်းနေသလို လာဘ်လဲရွှင်မဲ့ အချိန်ပါ ။
မူလလမ်းကြောင်းကနေ သွေဖယ်ပြီးမသွားသ၍ ဒီအပတ်ဟာ ဇာတာရှင်အတွက် ကံမညံ့ပါဘူးဗျ။ အချစ်ရေးကတော့ စိတ်ကောက်လိုက် ပြန်ချစ်လိုက်ဖြစ်နေမှာပါ။
ပညာရေးကံကတော့ အကောင်းအဆိုး မျှနေပါတယ်။
အထူးဟော = ဖြေးဖြေးမှန်မှန်သာ ဆောင်ရွက်ပါ။
ယတြာ = ပန်းအနီရောင် (10) ပွင့်၊ ဖယောင်းတိုင် (10) တိုင် ၊ အမွှေးတိုင် (10) တိုင် မွေးနေ့နံနက် ဘုရားလှူ ပါ။
Sir Min Thu Kha



