ဗဟုသုတ

လက်ထဲပိုက်ဆံ မပြတ်အောင် ဒီ (၄) ချက်ကို ဆောင်

တစ်လတာဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲငွေမလောက်တာမျိုး ကြုံကြိုက်ဖူးမှာပါ။

ဒါမျိုးမဖြစ်ဖို့အတွက် ငွေယိုပေါက်တွေကို သေချာရှာဖွေပြီး လစဉ်စုမယ့်ငွေပမာဏကို (အနည်းအကျဉ်းဖြစ်စေ)သတ်မှတ်သင့်ပါတယ်။

မြင်သမျှ ဝယ်ချင်နေပါက သင် တပြားမှ စုမိမှာမဟုတ်ပါဘူး။

ငွေကိုစုဆောင်းနိုင်မယ့်နည်းလမ်းတွေကိုလေ့လာကြည့်ရအောင်….

(1) ၅၀/၃၀/၂၀ နည်း…

ပုံမှန်ဝင်ငွေရှိပေမယ့် ငွေမစုမိသူများအတွက်ရည်ရွယ်ပါတယ်။

သင့်တစ်လတာဝင်ငွေကို ၃ ပုံခွဲပါ။

၅၀ရာနှုန်းကို လစဉ်ကုန်ကျစရိတ်အတွက် (ထမင်းစရိတ်၊ အိမ်စရိတ် ၊ဘေလ်စသည်) ဖယ်ပါ။

၃၀ရာနှုန်းကို သိပ်အရေးမကြီးပေမယ် လိူအပ်သောအရာများအတွက်သုံးစွဲပါ။

(အဝတ်အစား၊ အသုံးအဆောင်)၂၀ရာနှုန်းကို အနာဂတ်အတွက်စုဆောင်းပါ။

(2) ရိုးစင်းသောနည်း…

တအားစစ်စစ်စီစီ မစုချင်သူများအတွက် ရည်ရွယ်ပါတယ် ။

လစဉ်ဝင်ငွေကို ၂ပိုင်းခွဲပါတစ်ပိူင်းကိူ မဖြစ်မနေသုံးရမယ့်အရာတွေအတွက်ဖယ်ပါ။

နောက်တစ်ပိုင်းကို သင့်သွားလာလည်ပတ်စရိတ်၊ အပျော်အပါးကိစ္စများအတွက် ထားပါ။

အပျော်အပါးမက်သူများအတွက် မစုဖြစ်ရင်တောင်မှ လကုန်ထိငွေမပြတ်တော့ဘူးပေါ့။

A shopkeeper counts the Myanmar kyat currency at his shop in Pazontaung market in Yangon on March 21, 2020. (Photo by Ye Aung THU / AFP)

(3) အခြေခံဝင်ငွေနည်း

ပုံမှန်ဝင်ငွေမရှိပေမယ့် ငွေစုလိုသူများအတွက် ရည်ရွယ်ပါတယ်။

သင့်လစဉ် အနည်းဆုံးရသော ဝင်ငွေကိုတွက်ပါ။ထို့နောက် ကုန်ကျစရိတ်ကိုတွက်ပါ။

တစ်လအတွက် အနည်းဆုံးဝင်ငွေက၂သိန်းဆိုပါစို့။

အဲ့ထဲကနေ နေ့စဉ်ကုန်ကျစရိတ်ကို စစ်စီစွာ ဖယ်ပြီး ကျန်ငွေကို စုပါ။

အချိန်ကြာရင်စုငွေတွေ များလာပါမယ်။

(4) တစ်ပတ်တစ်ကြိမ်ထုတ်နည်း

ငွေစုချင်ပေမယ့် လမကုန်ခင်ငွေပြတ်နေတတ်သူတွေအတွက်ပါ။

သင့်တစ်လတာဝင်ငွေမှ ဘယ်လောက်ကို သုံးချင်လဲ ဘယ်လောက်ကို စုချင်လဲခွဲခြားပါ။

စုမယ့်ငွေကိုဖယ်ထားပါ။သုံးဖို့ချန်ထားသောငွေကို ၄ပုံခွဲပါ။

တစ်ပတ်ကို၁ပုံစာပဲသုံးပါ။လစဉ်ဝင်ငွေကို ချိန်ဆပြီး သုံးစွဲပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။