တဘောင် ပေါ်သည့်အတိုင်းလည်း ထွက်ပေါ်ခဲ့ကြသည့် မင်းများမှာ ၁။ပုဂံခေတ်( စီးချင်းထိုးလျက် မျိုးမင်းထွက် ပြည်တော်သာလိမ့်မယ်။)ထို”တဘောင်” ပေါ်ပြီးနောက် “အနော်ရထာ” မင်းလောင်းသည် ဦးရီးတော် စုက္ကတေးမင်းနှင့် စီးချင်းထိုးခဲ့သည်။စုက္ကတေးမင်းအား အနိူင်တိုက်ခိုက်ပြီးနောက်အနော်ရထာသည် ပုဂံပြည့်ရှင် ဖြစ်လာခဲ့သည်။ထိုမင်းလက်ထက်တွင် သာသနာရောင်ဝါထွန်းလင်းပြီးဆန်ရေစပါးပေါများ ကာ ချမ်းသာကြွယ်ဝခဲ့သည်။၂။အင်းဝခေတ်( အင်းအိုင်ထဲက လူတစ်ယောက်မီးတောက်ကလေးကိုင်လို့ပေါက်)ထို” တဘောင်” ပေါ်ပြီးနောက် “သတိုးမင်းဖျား “သည်ရှင်ဘုရင်ဖြစ်လာကာ နန်းတော်ကို အင်းဝမြို့၌ တည်ခဲ့သည်။
ထိုမင်းသည် လည်း နယ်ပယ်အများအပြားကို သိမ်းပိုက်ကာဘုန်းမီးနေလတောက်ပခဲ့သည်။၃။တောင်ငူခေတ်(အိုဘယ့်အမောင် ဆံရွေဆောင် နောက်လိုက်ဘုန်းခေါင်ပြောင်လိမ့်မယ်။)ထို “တဘောင်” ပေါ်ပြီး ကြာသော် တောင်ငူမြို့တွင်မင်းကြီးညို မှ သားတော်တပါးမွေးဖွား လာလေသည်။ထိုသားတော်၏ ဦးခေါင်းတွင် ရွေရောင်ဆံပင် တစ်မွေးပါလာလေသည်။နောင်သော် ထိုမင်းသားသည် “တပင်ရွေထီး “ဟု၍ တောင်ငူဘုရင်ဖြစ်လာလေသည်။သို့သော်လည်းသက်တော်မရှည်ပဲ သူ၏ ယောက်ဖတော် ဘုရင့်နောင်ကထီးနန်းကို ဆက်ခံလေသည်။ဘုရင့်နောင်လက်ထက်ရောက်သော်မြန်မာပြည်ကြီးဘုန်းမီးနေလတောက်ပလေသည်။၄။ကုန်းဘောင်ခေတ်(ဖိုသုံးဖို တစ်ဖိုတောက်မည်)
ထို “တဘောင် ” ပေါ်ပြီး နောက် မုဆိုးဖို ရွာသူကြီးဦးအောင်ဇေယျ သည် ပျက်ပြားနေသော မြန်မာပြည်ကြီးအား လက်ရုံးရည် နှလုံးရည်ဖြင့် ပြန်လည်စုစည်းပြီးနောက် အလောင်းမင်းတရား ဘွဲ့ဖြင့် ဘိသိတ်ခံ နန်းတက်လေသည်။၅။ယခုခေတ်(ပေါ်မလာသေး၍ စောင့်ကြည့်ရမည်) (၂၆၀၀ သာသနာ “ဗုဒ္ဓရာဇာ”ပေါ်လာမှာစည်တော်ကြီးလည်း ဟီးလိမ့်မယ်။) ထို “တဘောင်”သည် ဗုဒ္ဓ သာသနာအား ကမ္ဘာတစ်ခွင်ဖြန့်ကျက်ထွန်းလင်းစေပြီး မြန်မာပြည်အားလည်းသာသနာတော်ကို နေတစ်ဆူ လတစ်ဆူလို ထင်ရှားစေမည့်သာသနာပြုမင်းပေါ် မည်ဖြစ်သည်။ထိုမင်းလက်ထက်တွင်တိုင်းပြည်သည် တိုးတက်ချမ်းသာကြွယ်ဝ လွန်းအားကြီးမည်။စည်ပင် သာယာလှပသော တိုင်းပြည်ဖြစ်မည်။Credit
Zawgyi
တေဘာင္ ေပၚသည့္အတိုင္းလည္း ထြက္ေပၚခဲ့ၾကသည့္ မင္းမ်ားမွာ ၁။ပုဂံေခတ္( စီးခ်င္းထိုးလ်က္ မ်ိဳးမင္းထြက္ ျပည္ေတာ္သာလိမ့္မယ္။)ထို”တေဘာင္” ေပၚၿပီးေနာက္ “အေနာ္ရထာ” မင္းေလာင္းသည္ ဦးရီးေတာ္ စုကၠေတးမင္းႏွင့္ စီးခ်င္းထိုးခဲ့သည္။စုကၠေတးမင္းအား အႏိူင္တိုက္ခိုက္ၿပီးေနာက္အေနာ္ရထာသည္ ပုဂံျပည့္ရွင္ ျဖစ္လာခဲ့သည္။ထိုမင္းလက္ထက္တြင္ သာသနာေရာင္ဝါထြန္းလင္းၿပီးဆန္ေရစပါးေပါမ်ား ကာ ခ်မ္းသာႂကြယ္ဝခဲ့သည္။၂။အင္းဝေခတ္( အင္းအိုင္ထဲက လူတစ္ေယာက္မီးေတာက္ကေလးကိုင္လို႔ေပါက္)ထို” တေဘာင္” ေပၚၿပီးေနာက္ “သတိုးမင္းဖ်ား “သည္ရွင္ဘုရင္ျဖစ္လာကာ နန္းေတာ္ကို အင္းဝၿမိဳ႕၌ တည္ခဲ့သည္။
ထိုမင္းသည္ လည္း နယ္ပယ္အမ်ားအျပားကို သိမ္းပိုက္ကာဘုန္းမီးေနလေတာက္ပခဲ့သည္။၃။ေတာင္ငူေခတ္(အိုဘယ့္အေမာင္ ဆံေ႐ြေဆာင္ ေနာက္လိုက္ဘုန္းေခါင္ေျပာင္လိမ့္မယ္။)ထို “တေဘာင္” ေပၚၿပီး ၾကာေသာ္ ေတာင္ငူၿမိဳ႕တြင္မင္းႀကီးညိဳ မွ သားေတာ္တပါးေမြးဖြား လာေလသည္။ထိုသားေတာ္၏ ဦးေခါင္းတြင္ ေ႐ြေရာင္ဆံပင္ တစ္ေမြးပါလာေလသည္။ေနာင္ေသာ္ ထိုမင္းသားသည္ “တပင္ေ႐ြထီး “ဟု၍ ေတာင္ငူဘုရင္ျဖစ္လာေလသည္။သို႔ေသာ္လည္းသက္ေတာ္မရွည္ပဲ သူ၏ ေယာက္ဖေတာ္ ဘုရင့္ေနာင္ကထီးနန္းကို ဆက္ခံေလသည္။ဘုရင့္ေနာင္လက္ထက္ေရာက္ေသာ္ျမန္မာျပည္ႀကီးဘုန္းမီးေနလေတာက္ပေလသည္။၄။ကုန္းေဘာင္ေခတ္(ဖိုသုံးဖို တစ္ဖိုေတာက္မည္)
ထို “တေဘာင္ ” ေပၚၿပီး ေနာက္ မုဆိုးဖို ႐ြာသူႀကီးဦးေအာင္ေဇယ် သည္ ပ်က္ျပားေနေသာ ျမန္မာျပည္ႀကီးအား လက္႐ုံးရည္ ႏွလုံးရည္ျဖင့္ ျပန္လည္စုစည္းၿပီးေနာက္ အေလာင္းမင္းတရား ဘြဲ႕ျဖင့္ ဘိသိတ္ခံ နန္းတက္ေလသည္။၅။ယခုေခတ္(ေပၚမလာေသး၍ ေစာင့္ၾကည့္ရမည္) (၂၆၀၀ သာသနာ “ဗုဒၶရာဇာ”ေပၚလာမွာစည္ေတာ္ႀကီးလည္း ဟီးလိမ့္မယ္။) ထို “တေဘာင္”သည္ ဗုဒၶ သာသနာအား ကမာၻတစ္ခြင္ျဖန႔္က်က္ထြန္းလင္းေစၿပီး ျမန္မာျပည္အားလည္းသာသနာေတာ္ကို ေနတစ္ဆူ လတစ္ဆူလို ထင္ရွားေစမည့္သာသနာျပဳမင္းေပၚ မည္ျဖစ္သည္။ထိုမင္းလက္ထက္တြင္တိုင္းျပည္သည္ တိုးတက္ခ်မ္းသာႂကြယ္ဝ လြန္းအားႀကီးမည္။စည္ပင္ သာယာလွပေသာ တိုင္းျပည္ျဖစ္မည္။Creditး