ၾကားသိရသမွ်

ၾကည့္ျမင္တိုင္သပိတ္ ကားျဖင့္တိုက္မႈ “စက္ဆုပ္႐ႊံရွာဖြယ္ေကာင္းတဲ့ လူ႐ိုင္းေတြရဲ႕လုပ္ရပ္” ဟု AA စစ္ဦးစီးခ်ဳပ္ေျပာ

ၾကည့္ျမင္တိုင္သပိတ္ ကားျဖင့္တိုက္မႈ “စက္ဆုပ္႐ႊံရွာဖြယ္ေကာင္းတဲ့ လူ႐ိုင္းေတြရဲ႕လုပ္ရပ္” ဟု AA စစ္ဦးစီးခ်ဳပ္ေျပာ

ရန္ကုန္ၿမိဳ႕၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တြင္ လမ္းေလွ်ာက္ခ်ီတက္ေနေသာ စစ္အာဏာရွင္ ဆန႔္က်င္ေရး သပိတ္ကို

အာဏာသိမ္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက အရွိန္ျပင္းစြာ ေမာင္းႏွင္လာေသာ စစ္ကားျဖင့္

အေနာက္မွ ဝင္ေရာက္ တိုက္သတ္ဖမ္းဆီးမႈကို ရည္႐ြယ္ၿပီး “စက္ဆုပ္႐ႊံရွာဖြယ္ေကာင္းတဲ့ လူ႐ိုင္းေတြရဲ႕လုပ္ရပ္” ဟု

AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က ယမန္ေန႔ ညပိုင္းက ၎၏ တြစ္တာစာမ်က္ႏွာတြင္ ေရးသားထားသည္။

ယမန္ေန႔ ႏိုဝင္ဘာလ ၅ ရက္ နံနက္ပိုင္းက ၾကည့္ျမင္တိုင္ ပန္းပင္ႀကီးလမ္းတြင္ ျပဳလုပ္ခဲ့ေသာ စစ္အာဏာရွင္

ဆန႔္က်င္ေရး ၿငိမ္းခ်မ္းစြာ ခ်ီတက္ဆႏၵျပေနသူမ်ားကို အာဏာသိမ္း စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက

ကားျဖင့္အရွိန္ျပင္းျပင္း ဝင္တိုက္ကာ အၾကမ္းဖက္ ဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

ယင္းျဖစ္စဥ္တြင္ ဆႏၵျပလူငယ္ ၁၁ ဦးထက္မနည္း ဖမ္းဆီးခံခဲ့ရၿပီး ဆႏၵျပပြဲ သတင္းယူေနသည့္

Myanmar Pressphoto Agency သတင္းေထာက္ ႏွစ္ဦးလည္း ျပင္းထန္သည့္ ဒဏ္ရာမ်ားျဖင့္ ဖမ္းဆီးခံခဲ့ရသည္။

ထိုသို႔ကားျဖင့္ဝင္တိုက္မႈသည္ “လူ႔အသက္ကို ပဓာနမထားဘဲ တမင္တကာ လုပ္ေဆာင္သည့္ လုံးဝမတရားတဲ့ လုပ္ရပ္ဘဲ” ဟု

ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္က တြစ္တာစာမ်က္ႏွာတြင္ ေရးသားထားသည္။

ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူမ်ားစြာကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေသနတ္ႏွင့္ပစ္၊ ကားႏွင့္တိုက္၍ အၾကမ္းဖက္ ၿဖိဳခြင္းသည့္

လုပ္ရပ္အေပၚ “ထိတ္လန႔္တုန္လႈပ္မိပါသည္” ဟု ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးကလည္း

ယမန္ေန႔ ဒီဇင္ဘာလ ၅ ရက္ေန႔တြင္ ထုတ္ျပန္ထားသည္။

ကြည့်မြင်တိုင်သပိတ် ကားဖြင့်တိုက်မှု “စက်ဆုပ်ရွှံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ်” ဟု AA စစ်ဦးစီးချုပ်ပြော

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် လမ်းလျှောက်ချီတက်နေသော စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရှိန်ပြင်းစွာ မောင်းနှင်လာသော စစ်ကားဖြင့်

အနောက်မှ ဝင်ရောက် တိုက်သတ်ဖမ်းဆီးမှုကို ရည်ရွယ်ပြီး “စက်ဆုပ်ရွှံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ်” ဟု

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယမန်နေ့ ညပိုင်းက ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းက ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ပြုလုပ်ခဲ့သော စစ်အာဏာရှင်

ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေသူများကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက

ကားဖြင့်အရှိန်ပြင်းပြင်း ဝင်တိုက်ကာ အကြမ်းဖက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ဆန္ဒပြလူငယ် ၁၁ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ဆန္ဒပြပွဲ သတင်းယူနေသည့်

Myanmar Pressphoto Agency သတင်းထောက် နှစ်ဦးလည်း ပြင်းထန်သည့် ဒဏ်ရာများဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ထိုသို့ကားဖြင့်ဝင်တိုက်မှုသည် “လူ့အသက်ကို ပဓာနမထားဘဲ တမင်တကာ လုပ်ဆောင်သည့် လုံးဝမတရားတဲ့ လုပ်ရပ်ဘဲ” ဟု

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများစွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်နှင့်ပစ်၊ ကားနှင့်တိုက်၍ အကြမ်းဖက် ဖြိုခွင်းသည့်

လုပ်ရပ်အပေါ် “ထိတ်လန့်တုန်လှုပ်မိပါသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း

ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။