ၾကားသိရသမွ်

မထုမိလုိက္တဲ့ တူ တစ္ခ်က္ေၾကာင့္ သူေဌးဘ၀ကုိ စြန္ ့လႊတ္လုိက္ရသူ

တစ်ခါတုန်းက လူသွားလူလာများတဲ့ တောလမ်းတစ်နေရာမှာကျောက်တုံးကြီးတစ်တုံး ရှိသတဲ့။

အဲဒီကျောက်တုံးပေါ် မှာလည်း စာတစ်ချို့ရေးထွင်းထားပါတယ်။ကျောက်တုံးပေါ်မှာ ရေးထားတဲ့ စာကတော့…

ဤကျောက်တုံးကြီးကို ဆယ်ပေါင်တူနှင့်အချက် တစ်ထောင်ပြည့်အောင် ထုခွဲလျင်တစ်သက်စာ ချမ်းသာသော ရတနာများ ရမည်တဲ့။

လမ်းသွားလမ်းလာတွေက အဲဒီစာကိုမြင်တော့ပြုံးကြတာပေါ့။အရူး တစ်ယောက် လက်ဆော့သွားတာနေ မယ် လို့ထင်ကြေးပေးတဲ့သူတွေလည်း ရှိပါတယ်။

ဟုတ်တော့လည်းဟုတ် တယ်။ကျောက်တုံးကြီး ထုခွဲရုံနဲ့ တစ်သက်စာ ချမ်းသာဖို့ဆိုတာ စိတ်ကူးယဉ်ဆန်လွန်းတယ်လေ။

နောက်ပြီး ဆယ်ပေါင်တူနဲ့ အချက်တစ်ထောင်ထုဖို့ဆိုတာတော်ရုံ ဇွဲသတ္တိနဲ့လည်း မဖြစ်ဘူး မဟုတ်လား။

ဒီလိုနဲ့ ခရီးသွားတွေဟာ…အဲဒီကျောက်တုံးကြီးကို ခဏတစ်ဖြုတ် နားစရာ အနေနဲ့ပဲထိုင်ကြ မှီကြပြီးထုခွဲဖို့ကို ဘယ်သူမှ စိတ်မဝင်စားကြဘူးတဲ့။

တစ်နေ့မှာတော့…လူတစ်ယောက်ဟာ ဆယ်ပေါင်တူနဲ့ သောက်ရေဗူးနဲ့ရောက်လာပြီးအဲဒီကျောက်တုံးကြီးကို ထုခွဲပါတော့တယ်။

ဖြတ်သွားဖြတ်လာတွေ ကတော့…သူ့ကို လှောင်တဲ့ သူကလှောင်။ပြုံးတဲ့သူကပြုံး။ချီးမွမ်းတဲ့သူက ချီးမွမ်း။အရူးလို့ ပြောတဲ့သူက ပြောပေါ့ လေ။

ဒါပေမဲ့ သူကတော့ ဇွဲမလျှော့ပဲ ဆယ်ပေါင်တူကြီးနဲ့ထုလိုက်၊ရေသောက်လိုက်နဲ့ ကြိုးစားနေဆဲပဲ။ လူတွေ ကလည်း တစ်ယောက်ပြီး တစ်ယောက် လာပြီးတော့ မဖြစ်နိုင်တဲ့အတွက် ဆက်မလုပ်ဖို့ ပြောသူက ပြော၊တကယ် ချမ်းသာမယ်ဆို ရှေးလူတွေက ထုခွဲခဲ့ကြမှာပေါ့။

တကယ်မဟုတ်လို့သာ အရင်လူတွေက ဒီအတိုင်းပစ်ထားခဲ့ကြ တာလို့ မှတ်ချက် ပေးသူက ပေး…စသည်ဖြင့် အမျိုးမျိုး လာဖြောင့်ဖျကြတယ်။

အချက်( ၅၀၀ )ကျော်လာတဲ့အခါသူ လည်း တဖြည်းဖြည်း ပင်ပန်းလာသလိုတစ်ယောက်ပြီး တစ်ယောက် လာတားကြတဲ့စ ကားတွေကြောင့် အားနည်း နည်း လျော့ချင်သလို ဖြစ်လာပါတယ်။

ကြာလာတော့ သူ့မှာ ဒွိဟ ဖြစ်လာတော့တယ်။ တစ်ဖက်က…အချက်ပေါင်းငါး ရာတောင် ကျော်လာ ခဲ့ပြီပဲ၊ဒီကျောက်တုံးကို ဆက်ခွဲမယ်လို့…တွေးမိသလိုတစ်ဖက်ကလည်း… ကျောက်တုံးကြီးကွဲ လို့ အထဲ မှာ ဘာမှမရှိရင်ရောဆို တာမျိုး လည်း တွေးနေမိတယ်တဲ့။

အဲဒီလို ဇဝေဇဝါ စဉ်းစားရင်းနဲ့ ကျောက်တုံး ကြီးကိုဆက်ခွဲလာလိုက်တာ ဘယ်နှစ်ချက် ရှိသွားပြီ ဆိုတာကို သူမေ့သွားခဲ့တယ်။ အချက်( ၇၀၀ )လား၊( ၈၀၀ )လား သူမသိတော့ဘူး။

အဲဒီအချိန်မှာပဲ နောက်ထပ် လူတစ်ယောက်ရောက် လာခဲ့ ပါတယ်။လာသမျှလူတွေလို ဆက်မ လုပ်ဖို့ တားမယ်လို့ထင်ခဲ့ပေမယ့် ဒီလူကတော့ ပူးပေါင်းဖို့ လာတာဖြစ်ပါတယ်။

ကျွန်တော် ပါဝင်ပါ ရစေ။တစ်ကယ်လို့ ရလာလျှင် ခင်ဗျားက အရင်အားစိုက် ထုတ်ပြီးဖြစ်တဲ့အတွက်ဝေစုရဲ့ နှစ်ပုံကို ယူပါ။ကျွန်တော်က နောက်မှ လာ ပူးပေါင်းတဲ့အတွက်ကျွန်တော့်ကို ဝေစုတစ်ပုံပဲ ပေးပါ လို့ တောင်းဆိုသတဲ့။

အဲဒီမှာ ပထမလူ ခဏတော့ တွေဝေသွားတယ်ပေါ့။ ဟုတ် တယ်လေ။သူကြိုးစားလာတာ အချက်တစ်ထောင်ပြည့် ခါနီး နေမှလာပူးပေါင်းတာကိုး။ပြီးတော့ သူ့ကို ရလာတဲ့ ရတနာရဲ့ သုံးပုံ တစ်ပုံပေးပါတဲ့။

နောက်တော့…အို… ကိုယ်က အပင်ပန်းခံထား တာပဲ၊မပေးနိုင်ပါဘူးလို့ တွေးလိုက်ပြီးဒုတိယလူရဲ့ တောင်းဆိုမှုကို ငြင်းလိုက်တယ်တဲ့။ပြီးတော့ ကျောက်တုံးကြီးကို ဆက်ခွဲနေတယ်။ ဒုတိယလူကတော့ ထွက်မသွားသေးပဲ ဘေးနာမှာပဲထိုင်စောင့်နေခဲ့ တယ်။

သူ အ ချက်ပေါင်းများစွာ ကြိုးစားခွဲပေမယ့် ကျောက်တုံးကြီး ကတော့ တုတ်တုတ်မှ မလှုပ်သေးဘူးတဲ့။နောက် ဆုံးတော့ သူလည်း စိတ်ပျက်သွားပြီးလက်လျှော့လိုက်ပါတော့တယ်။

ပြီးတော့ ဒုတိယလူ ကိုလည်း…ကျွန်တော် ဒီကျောက်တုံး ကြီးကို ထုခွဲလာတာ အချက် ပေါင်း တစ်ထောင်ကျော်လောက်ပြီဗျ၊။ဒါပေမယ့် အခုထိ ဘာမှ မဖြစ်ဘူး။ အမှန်က ကျွန်တော် ရူးတာပါဗျာ။ အစကတည်းက မလုပ်ပဲနေခဲ့ ရမှာ ဆိုပြီးပြောပါတယ်။

ဒုတိယလူက…ခင်ဗျား ဒီအလုပ်ကို စွန့်လွှတ် မယ်ဆိုရင်ကျွန်တော် ဆက်ထုခွဲပါရစေလို့ ခွင့်တောင်း သတဲ့။ ပထမလူက…ခင်ဗျားလည်း အပင်ပန်းခံမနေ ပါ နဲ့ဗျာ။ဘာအကျိုးမှ ထူးမှာ မဟုတ်ပါဘူး။ကျွန်တော်ကတော့ စွန့်လွှတ်လိုက်ပြီလို့ ပြောပြီးထွက်သွားလေသ တဲ့။

သူ ထွက်သွားလို့ ခပ်လှမ်းလှမ်းအရောက်မှာပဲ ဝုန်းဆိုတဲ့အသံကြီးကို ကြားလိုက်ရလို့ လှည့်ကြည့်မိ လိုက်တော့… ကျောက်တုံးကြီးကွဲနေတာကို အံ့သြဖွယ်ရာမြင်လိုက်ရပါတော့တယ်။

ကျောက်တုံးကြီး အတွင်းမှာတော့ ဝင်းလက် တောက် ပနေတဲ့ ရတနာတွေပေါ့။ဒုတိယလူက…ရတနာတွေရှေ့မှာ ပြုံးပျော်လို့ ဝမ်းသာနေ တဲ့ပုံနဲ့။သူဟာ…အံ့ လည်း အံ့သြ သလို နောင်တလည်း ရသွားပါတယ်။

အမှန်တော့ သူကြိုးစားပြီးကျောက်တုံးကြီးကို ဆယ်ပေါင်တူနဲ့ထု ခဲ့ တဲ့ အချက်ပေါင်းဟာ( ၉၉၉ )ချက်ပဲရှိသေးတာကို သူ မသိခဲ့တာလေ။ဒီတော့ ဒုတိယလူဟာ ကျောက်တုံးကြီးကို ခွဲဖို့အတွက်တစ်ချက်ပဲ ထုလိုက် ရတော့တာပေါ့။

တစ်ခါတစ်လေ ကိုယ်တို့ ဘဝတွေမှာလည်း…သူများတွေ ကြိုးစား နေ ချိန် ပူးပေါင်းပါဝင်ဖို့ရော ကြိုးစားဘူးပါ သလား…?ဘေးကနေ ဖြတ်သွားဖြတ်လာလုပ်ပြီး ကြိုးစားနေသူကို မဖြစ် နိုင် ဘူးလို့ တားမြစ်ဘူးပါသလား…?ယုံကြည်မှု အပြည့်နဲ့ စတင်ခဲ့ပြီးမှ ဘေးစကားကြောင့်အားလျော့ စိတ်ပျက်သွား တာမျိုး ဖြစ်ဘူးပါသလား…?တွေဝေမိတဲ့ ဒွိဟစိတ်တွေကြောင့် ထားလက်စရည်မှန်းချက် ပျောက်သွားတာမျိုးရော ဖြစ်ဘူးပါသလား…?

ကြိုးစားလက်စကို ရပ်တန့်ဖို့များ စဉ်းစားမိရင်…မထုမိလိုက်တဲ့ တူတစ်ချက်ကြောင့် ဘဝကို ပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတတ်တာကို မမေ့ပါနဲ့နော်။

လူတွေက ကိုယ့်လုပ်ရပ်ကို ချီးမွမ်းသည် ဖြစ်စေကဲ့ရဲ့ သည် ဖြစ်စေ။လှောင်ပြောင်ရှုံ့ချသည် ဖြစ်စေ။စိတ်ဆန္ဒပြင်းပြတဲ့ ယုံကြည်မှုနဲ့ ကြိုးစားအားထုတ်မှု ကို တော့…ဘယ်တော့မှ မဖျက်ဆီးလိုက်ပါနဲ့။

မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်။

Zawgyi

တစ္ခါတုန္းက လူသြားလူလာမ်ားတဲ့ ေတာလမ္းတစ္ေနရာမွာေက်ာက္တုံးႀကီးတစ္တုံး ရွိသတဲ့။

အဲဒီေက်ာက္တုံးေပၚ မွာလည္း စာတစ္ခ်ိဳ႕ေရးထြင္းထားပါတယ္။ေက်ာက္တုံးေပၚမွာ ေရးထားတဲ့ စာကေတာ့…

ဤေက်ာက္တုံးႀကီးကို ဆယ္ေပါင္တူႏွင့္အခ်က္ တစ္ေထာင္ျပည့္ေအာင္ ထုခြဲလ်င္တစ္သက္စာ ခ်မ္းသာေသာ ရတနာမ်ား ရမည္တဲ့။

လမ္းသြားလမ္းလာေတြက အဲဒီစာကိုျမင္ေတာ့ၿပဳံးၾကတာေပါ့။အ႐ူး တစ္ေယာက္ လက္ေဆာ့သြားတာေန မယ္ လို႔ထင္ေၾကးေပးတဲ့သူေတြလည္း ရွိပါတယ္။

ဟုတ္ေတာ့လည္းဟုတ္ တယ္။ေက်ာက္တုံးႀကီး ထုခြဲ႐ုံနဲ႔ တစ္သက္စာ ခ်မ္းသာဖို႔ဆိုတာ စိတ္ကူးယဥ္ဆန္လြန္းတယ္ေလ။

ေနာက္ၿပီး ဆယ္ေပါင္တူနဲ႔ အခ်က္တစ္ေထာင္ထုဖို႔ဆိုတာေတာ္႐ုံ ဇြဲသတၱိနဲ႔လည္း မျဖစ္ဘူး မဟုတ္လား။

ဒီလိုနဲ႔ ခရီးသြားေတြဟာ…အဲဒီေက်ာက္တုံးႀကီးကို ခဏတစ္ျဖဳတ္ နားစရာ အေနနဲ႔ပဲထိုင္ၾက မွီၾကၿပီးထုခြဲဖို႔ကို ဘယ္သူမွ စိတ္မဝင္စားၾကဘူးတဲ့။

တစ္ေန႔မွာေတာ့…လူတစ္ေယာက္ဟာ ဆယ္ေပါင္တူနဲ႔ ေသာက္ေရဗူးနဲ႔ေရာက္လာၿပီးအဲဒီေက်ာက္တုံးႀကီးကို ထုခြဲပါေတာ့တယ္။

ျဖတ္သြားျဖတ္လာေတြ ကေတာ့…သူ႔ကို ေလွာင္တဲ့ သူကေလွာင္။ၿပဳံးတဲ့သူကၿပဳံး။ခ်ီးမြမ္းတဲ့သူက ခ်ီးမြမ္း။အရူးလို႔ ေျပာတဲ့သူက ေျပာေပါ့ ေလ။

ဒါေပမဲ႔ သူကေတာ့ ဇြဲမေလွ်ာ့ပဲ ဆယ္ေပါင္တူႀကီးနဲ႔ထုလိုက္၊ေရေသာက္လိုက္နဲ႔ ႀကိဳးစားေနဆဲပဲ။ လူေတြ ကလည္း တစ္ေယာက္ၿပီး တစ္ေယာက္ လာၿပီးေတာ့ မျဖစ္ႏိုင္တဲ့အတြက္ ဆက္မလုပ္ဖို႔ ေျပာသူက ေျပာ၊တကယ္ ခ်မ္းသာမယ္ဆို ေရွးလူေတြက ထုခြဲခဲ့ၾကမွာေပါ့။

တကယ္မဟုတ္လို႔သာ အရင္လူေတြက ဒီအတိုင္းပစ္ထားခဲ့ၾက တာလို႔ မွတ္ခ်က္ ေပးသူက ေပး…စသည္ျဖင့္ အမ်ိဳးမ်ိဳး လာေျဖာင့္ဖ်ၾကတယ္။

အခ်က္( ၅၀၀ )ေက်ာ္လာတဲ့အခါသူ လည္း တျဖည္းျဖည္း ပင္ပန္းလာသလိုတစ္ေယာက္ၿပီး တစ္ေယာက္ လာတားၾကတဲ့စ ကားေတြေၾကာင့္ အားနည္း နည္း ေလ်ာ့ခ်င္သလို ျဖစ္လာပါတယ္။

ၾကာလာေတာ့ သူ႔မွာ ဒြိဟ ျဖစ္လာေတာ့တယ္။ တစ္ဖက္က…အခ်က္ေပါင္းငါး ရာေတာင္ ေက်ာ္လာ ခဲ့ၿပီပဲ၊ဒီေက်ာက္တုံးကို ဆက္ခြဲမယ္လို႔…ေတြးမိသလိုတစ္ဖက္ကလည္း… ေက်ာက္တုံးႀကီးကြဲ လို႔ အထဲ မွာ ဘာမွမရွိရင္ေရာဆို တာမ်ိဳး လည္း ေတြးေနမိတယ္တဲ႔။

အဲဒီလို ဇေဝဇဝါ စဥ္းစားရင္းနဲ႔ ေက်ာက္တုံး ႀကီးကိုဆက္ခြဲလာလိုက္တာ ဘယ္ႏွစ္ခ်က္ ရွိသြားၿပီ ဆိုတာကို သူေမ့သြားခဲ့တယ္။ အခ်က္( ၇၀၀ )လား၊( ၈၀၀ )လား သူမသိေတာ့ဘူး။

အဲဒီအခ်ိန္မွာပဲ ေနာက္ထပ္ လူတစ္ေယာက္ေရာက္ လာခဲ့ ပါတယ္။လာသမွ်လူေတြလို ဆက္မ လုပ္ဖို႔ တားမယ္လို႔ထင္ခဲ့ေပမယ့္ ဒီလူကေတာ့ ပူးေပါင္းဖို႔ လာတာျဖစ္ပါတယ္။

ကြ်န္ေတာ္ ပါဝင္ပါ ရေစ။တစ္ကယ္လို႔ ရလာလွ်င္ ခင္ဗ်ားက အရင္အားစိုက္ ထုတ္ၿပီးျဖစ္တဲ့အတြက္ေဝစုရဲ႕ ႏွစ္ပုံကို ယူပါ။ကြ်န္ေတာ္က ေနာက္မွ လာ ပူးေပါင္းတဲ့အတြက္ကြ်န္ေတာ့္ကို ေဝစုတစ္ပုံပဲ ေပးပါ လို႔ ေတာင္းဆိုသတဲ႔။

အဲဒီမွာ ပထမလူ ခဏေတာ့ ေတြေဝသြားတယ္ေပါ့။ ဟုတ္ တယ္ေလ။သူႀကိဳးစားလာတာ အခ်က္တစ္ေထာင္ျပည့္ ခါနီး ေနမွလာပူးေပါင္းတာကိုး။ၿပီးေတာ့ သူ႔ကို ရလာတဲ့ ရတနာရဲ႕ သုံးပုံ တစ္ပုံေပးပါတဲ႔။

ေနာက္ေတာ့…အုိ… ကိုယ္က အပင္ပန္းခံထား တာပဲ၊မေပးႏိုင္ပါဘူးလို႔ ေတြးလိုက္ၿပီးဒုတိယလူရဲ႕ ေတာင္းဆိုမႈကို ျငင္းလိုက္တယ္တဲ႔။ၿပီးေတာ့ ေက်ာက္တုံးႀကီးကို ဆက္ခြဲေနတယ္။ ဒုတိယလူကေတာ့ ထြက္မသြားေသးပဲ ေဘးနာမွာပဲထိုင္ေစာင့္ေနခဲ့ တယ္။

သူ အ ခ်က္ေပါင္းမ်ားစြာ ႀကိဳးစားခြဲေပမယ့္ ေက်ာက္တုံးႀကီး ကေတာ့ တုတ္တုတ္မွ မလႈပ္ေသးဘူးတဲ႔။ေနာက္ ဆုံးေတာ့ သူလည္း စိတ္ပ်က္သြားၿပီးလက္ေလ်ွာ့လိုက္ပါေတာ့တယ္။

ၿပီးေတာ့ ဒုတိယလူ ကိုလည္း…ကြ်န္ေတာ္ ဒီေက်ာက္တုံး ႀကီးကို ထုခြဲလာတာ အခ်က္ ေပါင္း တစ္ေထာင္ေက်ာ္ေလာက္ၿပီဗ်၊။ဒါေပမယ့္ အခုထိ ဘာမွ မျဖစ္ဘူး။ အမွန္က ကြ်န္ေတာ္ ရူးတာပါဗ်ာ။ အစကတည္းက မလုပ္ပဲေနခဲ့ ရမွာ ဆိုၿပီးေျပာပါတယ္။

ဒုတိယလူက…ခင္ဗ်ား ဒီအလုပ္ကို စြန္႔လႊတ္ မယ္ဆိုရင္ကြ်န္ေတာ္ ဆက္ထုခြဲပါရေစလို႔ ခြင့္ေတာင္း သတဲ့။ ပထမလူက…ခင္ဗ်ားလည္း အပင္ပန္းခံမေန ပါ နဲ႔ဗ်ာ။ဘာအက်ိဳးမွ ထူးမွာ မဟုတ္ပါဘူး။ကြ်န္ေတာ္ကေတာ့ စြန္႔လႊတ္လိုက္ၿပီလို႔ ေျပာၿပီးထြက္သြားေလသ တဲ့။

သူ ထြက္သြားလို႔ ခပ္လွမ္းလွမ္းအေရာက္မွာပဲ ဝုန္းဆိုတဲ့အသံႀကီးကို ၾကားလိုက္ရလို႔ လွည့္ၾကည့္မိ လိုက္ေတာ့… ေက်ာက္တုံးႀကီးကြဲေနတာကို အံ့ၾသဖြယ္ရာျမင္လိုက္ရပါေတာ့တယ္။

ေက်ာက္တုံးႀကီး အတြင္းမွာေတာ့ ဝင္းလက္ ေတာက္ ပေနတဲ့ ရတနာေတြေပါ့။ဒုတိယလူက…ရတနာေတြေရွ႕မွာ ၿပဳံးေပ်ာ္လို႔ ဝမ္းသာေန တဲ့ပုံနဲ႔။သူဟာ…အံ့ လည္း အံ့ၾသ သလို ေနာင္တလည္း ရသြားပါတယ္။

အမွန္ေတာ့ သူႀကိဳးစားၿပီးေက်ာက္တုံးႀကီးကို ဆယ္ေပါင္တူနဲ႔ထု ခဲ့ တဲ့ အခ်က္ေပါင္းဟာ( ၉၉၉ )ခ်က္ပဲရွိေသးတာကို သူ မသိခဲ့တာေလ။ဒီေတာ့ ဒုတိယလူဟာ ေက်ာက္တုံးႀကီးကို ခြဲဖို႔အတြက္တစ္ခ်က္ပဲ ထုလိုက္ ရေတာ့တာေပါ့။

တစ္ခါတစ္ေလ ကိုယ္တို႔ ဘဝေတြမွာလည္း…သူမ်ားေတြ ႀကိဳးစား ေန ခ်ိန္ ပူးေပါင္းပါဝင္ဖို႔ေရာ ႀကိဳးစားဘူးပါ သလား…?ေဘးကေန ျဖတ္သြားျဖတ္လာလုပ္ၿပီး ႀကိဳးစားေနသူကို မျဖစ္ ႏိုင္ ဘူးလို႔ တားျမစ္ဘူးပါသလား…?ယုံၾကည္မႈ အျပည့္နဲ႔ စတင္ခဲ့ၿပီးမွ ေဘးစကားေၾကာင့္အားေလ်ာ့ စိတ္ပ်က္သြား တာမ်ိဳး ျဖစ္ဘူးပါသလား…?ေတြေဝမိတဲ႔ ဒြိဟစိတ္ေတြေၾကာင့္ ထားလက္စရည္မွန္းခ်က္ ေပ်ာက္သြားတာမ်ိဳးေရာ ျဖစ္ဘူးပါသလား…?

ႀကိဳးစားလက္စကို ရပ္တန္႔ဖို႔မ်ား စဥ္းစားမိရင္…မထုမိလိုက္တဲ့ တူတစ္ခ်က္ေၾကာင့္ ဘဝကို ေျပာင္းလဲပစ္ႏိုင္တဲ့ အခြင့္အေရးေတြ ဆုံး႐ႈံးသြားတတ္တာကို မေမ့ပါနဲ႔ေနာ္။

လူေတြက ကိုယ့္လုပ္ရပ္ကို ခ်ီးမြမ္းသည္ ျဖစ္ေစကဲ့ရဲ႕ သည္ ျဖစ္ေစ။ေလွာင္ေျပာင္ရႈံ႕ခ်သည္ ျဖစ္ေစ။စိတ္ဆႏၵျပင္းျပတဲ့ ယုံၾကည္မႈနဲ႔ ႀကိဳးစားအားထုတ္မႈ ကို ေတာ့…ဘယ္ေတာ့မွ မဖ်က္ဆီးလိုက္ပါနဲ႔။

မူရင္းေရးသားသူကို ေလးစားစြာျဖင့္ Credit ေပးပါတယ္။