စားဝတ်နေရေးအခက်ခဲဖြစ်နေတဲ့ အနုပညာရှင် အယောက်(၁၀၀)အတွက် မိတ်ကပ်ဆရာတွေနှင့်စုပေါင်းပြီး အခြေခံစားသောက်ကုန်များလှူဒါန်းပေးခဲ့တဲ့ သင်ဇာဝင်
ကျော်……..ပရိသတ်ကြီးရေ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲကအားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် သရုပ်ဆောင်
မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်
။ပုရိသတွေရဲ့ အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားတဲ့ သင်ဇာလေးကတော့ ကျစ်လစ်သွယ်လျကာ ဆွဲဆောင်မှု
တွေရှိလွန်းတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အပြင် သူမတူတဲ့ ညို့အားပြင်းဖက်ရှင်ပုံရိပ်လေးတွေနဲ့ ဖမ်းစားတတ်သူလေးပါ ။
အချိုးအစားကျတဲ့
ခန္ဓာကိုယ် ကောက်ကြောင်းအလှအမိုက်စားလေးကို ပိုင်ဆိုင်ထားပြီး စူးရှတဲ့အလှတရားတွေနဲ့ ပြည့်နှက်နေလို့လည်း ယောကျာ်းလေးပရိသတ်တွေရော မိမိန်းကလေး
ပရိသတ်တွေကပါ အားကျချစ်ခင်စေသူလေး ဆိုလည်း မမှားပါဘူး ။
သင်ဇာကတော့ ခေတ်လူငယ်တစ်ယောက်ပီပီခေတ်ဆန်ဆန်နေတတ်ပေမဲ့ ဘာသာတရားနဲ့
အလှူအတန်းတွေကိုတော့ ရက်ရောစွာလှူဒါန်းပြုလုပ်လေ့ရှိပါတယ်။
မကြာခဏဆိုသလိုလည်း အလျဉ်းသင့်တာနဲ့ အလှူတွေကို ပြုလုပ်နေခဲ့ပြီး ပြီးခဲ့တဲ့
ဒီဇင်ဘာလ(၁၁)ရက်နေ့ကလည်း မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။အလှူလေးကတော့ သူ့ကို အမြဲတမ်းလှပသထက်လှပအောင် ပြင်ဆင်
ပေးတဲ့ မိတ်ကပ်ဆရာ မာမီတွေနဲ့စုပေါင်းပြီး အခုကာလ ခက်ခဲနေတဲ့ အတုပညာရှင်တွေအတွက် စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
သင်ဇာကတော့
စုစုပေါင်း အနုပညာရှင် အယောက်(၁၀၀)အတွက် ဆန်၊ဆီ၊ကြက်ဥ၊ကြက်သွန်နီ၊ဆား တို့ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ သင်ဇာနဲ့ သူရဲ့ မိတ်ကပ်
ပညာရှင်တွေစုပေါင်းလှူဒါန်းတဲ့ဒီအလှူလေးကို ပရိသတ်တွေကလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Published December 13, 202