ၾကားသိရသမွ်

ပါတီမှာသွားကဲဖို့ မွေးကင်းစ အမွှာနှစ်ယောက်ကို အိမ်မှာသော့ပိတ်ပြီးထားခဲ့သောအခါ

ဒီအမွှာထဲက ယောက်ျားလေးဟာ သေဆုံးသွားခဲ့ပါတယ်။သူတို့နှစ်ယောက် အရက်အလွန်အကျွံသောက်နေတဲ့အချိန်မှာ သူတို့ကလေးတွေကတော့ အိမ်မှာသော့အပိတ်ခံထားရပြီး ငတ်ပြတ်နေခဲ့ရတာပါ။

တချို့မိဘတွေကတော့ သူတို့ရဲ့မွေးကင်းစကလေးတွေကို လပေါင်းများစွာကြာတဲ့အထိ မျက်စိအောက်ကတောင် အပျောက်မခံတာမျိုးရှိကြပေမယ့် ဒီရက်စက်တဲ့လင်မယားကတော့ သူတို့ရဲ့မွေးကင်စအမွှာနှစ်ယောက်ကို အိမ်စောင့်တစ်ယောက်မှမရှိပဲ သော့ပိတ်ပြီးလှောင်ထားခဲ့ကြပါတယ်။

ဒီကလေးနှစ်ယောက်ဟာ တစ်ဦးကသားလေးဖြစ်ပြီး နောက်တစ်ဦးကတော့ သမီးလေးဖြစ်ပါတယ်။ သူတို့ကိုမွေးဖွားခဲ့တာဆိုလို ၁၆ ပတ်သာရှိပါသေးတယ်။ ဒီလိုအထူးပြုစုဖို့လိုအပ်နေတဲ့ မွေးကင်းစတွေကို ဒီလင်မယားနှစ်ယောက်က ပါတီမှာပျော်ပါး၊ သောက်စားချင်လို့ အိမ်မှာသော့ပိတ်ပြီး ပစ်ထားခဲ့တာပါ။

အမေဖြစ်သူ ရုရှားလူမျိုး Margarita Yanayeva က အသက် ၂၃ နှစ်ရှိသူဖြစ်ပြီး သူ့ရဲ့ခင်ပွန်း Alexy ကတော့ အသက် ၃၅ နှစ်ရှိနေပြီဖြစ်ပါတယ်။ ဒီစုံတွဲနှစ်ဦးဟာ သူတို့ကလေးတွေက ဆေးရုံမှာဖြစ်ပြီး Coronavirus ကုသနေရတယ်ဆိုပြီးတောင် သူတို့သူငယ်ချင်းတွေကို လိမ်လည်ခဲ့ပါတယ်။ Vilyuchinsk မြို့က ဒီဇနီးမောင်နှံဟာ သူတို့ကလေးတွေငတ်ပြတ်နေခဲ့တဲ့ လေးရက်တာလုံးကို ဆက်တိုက်သောက်စားပြီး ပါတီလုပ်ခဲ့ကြသူတွေပါ။

“ဒီလေးရက်တာလုံးမှာ သူတို့က ကလေးတွေကိုသွားကျွေးမွေးတာမျိုးလည်းမလုပ်ပဲ တခြားအိမ်စောင့်ထားခဲ့တာမျိုးလည်း မလုပ်ခဲ့ကြဘူး။” လို့ အမှုစုံစမ်းသူက ဆိုပါတယ်။ ကလေးငယ်တွေရဲ့ လိုအပ်ချက်ကို သူတို့ကမဖြည့်ဆည်းပေးတဲ့အပြင်၊ ဖြည့်ဆည်းပေးနိုင်တဲ့ လူတစ်ယောက်ယောက်ကို အိမ်စောင့်အနေနဲ့ထားခဲ့တာမျိုးလည်း မရှိတဲ့အတွက်

ဒီမိဘတွေဟာ “ကလေးငယ်တွေကို အငတ်ထားကာ၊ သန့်ရှင်းရေးလည်းမလုပ်ပေးလို့ ကလေးတွေခဗျာ ညစ်ညစ်ပတ်ပတ်နေခဲ့ရပါတယ်။ ဒါဟာ ဒီကလေးတွေအဖို့ အန္တရာယ်ရှိတဲ့ လူမှုပတ်ဝန်းကျင်ဖြစ်ကြောင်း”လည်း သူကဆိုခဲ့ပါသေးတယ်။

ဒီလိုဖြစ်နေတဲ့အချိန်အတွင်းမှာ ဒီအမွှာကလေးနှစ်ယောက်ရဲ့ အဖွားဖြစ်သူက ကလေးတွေရဲ့မိဘတွေကို ဖုန်းနဲ့ဆက်သွယ်ဖို့ ကြိုးစားနေခဲ့တာပါ။ အဖွားဖြစ်သူက ဒီမိဘတွေရဲ့နေထိုင်တဲ့အရပ်ဟာ lockdown အချခံထားရလို့ သူတို့ဘာတွေကြံနေသလဲဆိုတာ ရိပ်မိနေခဲ့လို ဒီလိုဖုန်းဆက်နေခဲ့တာပါ။

ဒါပေမယ့် ဖုန်းအဆက်အသွယ်မရတော့ စိုးရိမ်တကြီးဖြစ်ခဲ့တဲ့ပုံပါပဲ။ သူကပဲ ရဲတွေကိုလည်းအကြောင်းကြားခဲ့တာဖြစ်ပြီး Margarita နဲ့ Alexey တို့ လင်မယားက ကလေးတွေကို သော့ခတ်ပြီးထားခဲ့ပါတယ်လို့ တိုင်ကြားခဲ့တာပါ။၁၆ ပတ်သားသာ ရှိနေသေးတဲ့ ဒီအမွှာနှစ်ယောက်ကို Russia နိုင်ငံအတွင်း Kamchatka ဒေသက ဆေးရုံမှာတင်ထားရပါတယ်။

Mirror သတင်းတစ်ပုဒ်မှာတော့ အဖွားဖြစ်သူကပဲ ဒီကလေးတွေကို “အားပြတ်မေ့လျော့”နေတဲ့ ပုံစံမျိုးနဲ့ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ စိတ်မကောင်းစရာကတော့ သားဖြစ်သူကလေးငယ်လေးဟာ သတိမေ့မျောရာကနေ သေဆုံးသွားခဲ့ပါတယ်။ သမီးလေးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေသေးပြီး အသက်ရှင်ဖို့ရုန်းကန်နေရပါသေးတယ်။

သူတို့အမွှာကလေးကို ဒီလိုပစ်ထားခဲ့တဲ့ လင်မယားကတော့ မိဘတာဝန်မကျေပွန်မှုနဲ့ ကလေးငယ်တွေကို အသက်အန္တရယ်ကျရောက်စေမှုတွေအတွက် အမှုရင်ဆိုင်ရမှာပါ။ သူတို့သားလေးသေခဲ့တဲ့အတွက် လူသတ်မှုနဲ့အမှုဒဏ်ခံရမယ်ဆိုရင် အမြင့်ဆုံးထောင်ဒဏ် ၂၀ နှစ်အထိ ထောင်ဒဏ်ကျသင့်မှာပဲဖြစ်ပါတယ်။

M2T -shwengwegames

Zawgyi

ဒီအမႊာထဲက ေယာက်္ားေလးဟာ ေသဆုံးသြားခဲ့ပါတယ္။သူတို႔ႏွစ္ေယာက္ အရက္အလြန္အကြၽံေသာက္ေနတဲ့အခ်ိန္မွာ သူတို႔ကေလးေတြကေတာ့ အိမ္မွာေသာ့အပိတ္ခံထားရၿပီး ငတ္ျပတ္ေနခဲ့ရတာပါ။

တခ်ိဳ႕မိဘေတြကေတာ့ သူတို႔ရဲ႕ေမြးကင္းစကေလးေတြကို လေပါင္းမ်ားစြာၾကာတဲ့အထိ မ်က္စိေအာက္ကေတာင္ အေပ်ာက္မခံတာမ်ိဳး႐ွိၾကေပမယ့္ ဒီရက္စက္တဲ့လင္မယားကေတာ့ သူတို႔ရဲ႕ေမြးကင္စအမႊာႏွစ္ေယာက္ကို အိမ္ေစာင့္တစ္ေယာက္မွမ႐ွိပဲ ေသာ့ပိတ္ၿပီးေလွာင္ထားခဲ့ၾကပါတယ္။

ဒီကေလးႏွစ္ေယာက္ဟာ တစ္ဦးကသားေလးျဖစ္ၿပီး ေနာက္တစ္ဦးကေတာ့ သမီးေလးျဖစ္ပါတယ္။ သူတို႔ကိုေမြးဖြားခဲ့တာဆိုလို ၁၆ ပတ္သာ႐ွိပါေသးတယ္။ ဒီလိုအထူးျပဳစုဖို႔လိုအပ္ေနတဲ့ ေမြးကင္းစေတြကို ဒီလင္မယားႏွစ္ေယာက္က ပါတီမွာေပ်ာ္ပါး၊ ေသာက္စားခ်င္လို႔ အိမ္မွာေသာ့ပိတ္ၿပီး ပစ္ထားခဲ့တာပါ။

အေမျဖစ္သူ ႐ု႐ွားလူမ်ိဳး Margarita Yanayeva က အသက္ ၂၃ ႏွစ္႐ွိသူျဖစ္ၿပီး သူ႕ရဲ႕ခင္ပြန္း Alexy ကေတာ့ အသက္ ၃၅ ႏွစ္႐ွိေနၿပီျဖစ္ပါတယ္။ ဒီစုံတြဲႏွစ္ဦးဟာ သူတို႔ကေလးေတြက ေဆး႐ုံမွာျဖစ္ၿပီး Coronavirus ကုသေနရတယ္ဆိုၿပီးေတာင္ သူတို႔သူငယ္ခ်င္းေတြကို လိမ္လည္ခဲ့ပါတယ္။ Vilyuchinsk ၿမိဳ႕က ဒီဇနီးေမာင္ႏွံဟာ သူတို႔ကေလးေတြငတ္ျပတ္ေနခဲ့တဲ့ ေလးရက္တာလုံးကို ဆက္တိုက္ေသာက္စားၿပီး ပါတီလုပ္ခဲ့ၾကသူေတြပါ။

“ဒီေလးရက္တာလုံးမွာ သူတို႔က ကေလးေတြကိုသြားေကြၽးေမြးတာမ်ိဳးလည္းမလုပ္ပဲ တျခားအိမ္ေစာင့္ထားခဲ့တာမ်ိဳးလည္း မလုပ္ခဲ့ၾကဘူး။” လို႔ အမႈစုံစမ္းသူက ဆိုပါတယ္။ ကေလးငယ္ေတြရဲ႕ လိုအပ္ခ်က္ကို သူတို႔ကမျဖည့္ဆည္းေပးတဲ့အျပင္၊ ျဖည့္ဆည္းေပးႏိုင္တဲ့ လူတစ္ေယာက္ေယာက္ကို အိမ္ေစာင့္အေနနဲ႔ထားခဲ့တာမ်ိဳးလည္း မ႐ွိတဲ့အတြက္

ဒီမိဘေတြဟာ “ကေလးငယ္ေတြကို အငတ္ထားကာ၊ သန္႔႐ွင္းေရးလည္းမလုပ္ေပးလို႔ ကေလးေတြခဗ်ာ ညစ္ညစ္ပတ္ပတ္ေနခဲ့ရပါတယ္။ ဒါဟာ ဒီကေလးေတြအဖို႔ အႏၲရာယ္႐ွိတဲ့ လူမႈပတ္ဝန္းက်င္ျဖစ္ေၾကာင္း”လည္း သူကဆိုခဲ့ပါေသးတယ္။

ဒီလိုျဖစ္ေနတဲ့အခ်ိန္အတြင္းမွာ ဒီအမႊာကေလးႏွစ္ေယာက္ရဲ႕ အဖြားျဖစ္သူက ကေလးေတြရဲ႕မိဘေတြကို ဖုန္းနဲ႔ဆက္သြယ္ဖို႔ ႀကိဳးစားေနခဲ့တာပါ။ အဖြားျဖစ္သူက ဒီမိဘေတြရဲ႕ေနထိုင္တဲ့အရပ္ဟာ lockdown အခ်ခံထားရလို႔ သူတို႔ဘာေတြၾကံေနသလဲဆိုတာ ရိပ္မိေနခဲ့လို ဒီလိုဖုန္းဆက္ေနခဲ့တာပါ။

ဒါေပမယ့္ ဖုန္းအဆက္အသြယ္မရေတာ့ စိုးရိမ္တႀကီးျဖစ္ခဲ့တဲ့ပုံပါပဲ။ သူကပဲ ရဲေတြကိုလည္းအေၾကာင္းၾကားခဲ့တာျဖစ္ၿပီး Margarita နဲ႔ Alexey တို႔ လင္မယားက ကေလးေတြကို ေသာ့ခတ္ၿပီးထားခဲ့ပါတယ္လို႔ တိုင္ၾကားခဲ့တာပါ။၁၆ ပတ္သားသာ ႐ွိေနေသးတဲ့ ဒီအမႊာႏွစ္ေယာက္ကို Russia ႏိုင္ငံအတြင္း Kamchatka ေဒသက ေဆး႐ုံမွာတင္ထားရပါတယ္။

Mirror သတင္းတစ္ပုဒ္မွာေတာ့ အဖြားျဖစ္သူကပဲ ဒီကေလးေတြကို “အားျပတ္ေမ့ေလ်ာ့”ေနတဲ့ ပုံစံမ်ိဳးနဲ႔ ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။ စိတ္မေကာင္းစရာကေတာ့ သားျဖစ္သူကေလးငယ္ေလးဟာ သတိေမ့ေမ်ာရာကေန ေသဆုံးသြားခဲ့ပါတယ္။ သမီးေလးကေတာ့ စိုးရိမ္ရတဲ့အေျခအေနမွာ ႐ွိေနေသးၿပီး အသက္႐ွင္ဖို႔႐ုန္းကန္ေနရပါေသးတယ္။

သူတို႔အမႊာကေလးကို ဒီလိုပစ္ထားခဲ့တဲ့ လင္မယားကေတာ့ မိဘတာဝန္မေက်ပြန္မႈနဲ႔ ကေလးငယ္ေတြကို အသက္အႏၲရယ္က်ေရာက္ေစမႈေတြအတြက္ အမႈရင္ဆိုင္ရမွာပါ။ သူတို႔သားေလးေသခဲ့တဲ့အတြက္ လူသတ္မႈနဲ႔အမႈဒဏ္ခံရမယ္ဆိုရင္ အျမင့္ဆုံးေထာင္ဒဏ္ ၂၀ ႏွစ္အထိ ေထာင္ဒဏ္က်သင့္မွာပဲျဖစ္ပါတယ္။

Crd