ၾကားသိရသမွ်

“ICJ မြန်မာအမှု ဗြိတိန်ပါဝင်ဖို့ Burma Campaign UK တောင်းဆို”

“ICJ မြန်မာအမှု ဗြိတိန်ပါဝင်ဖို့ Burma Campaign UK တောင်းဆို”

အပြည်ပြည်ဆိုင်ရာ တရားရုံးမှာတင်ထားတဲ့ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်ကြောင်း ကြေ ညာဖို့ ဗြိတိန် နိုင်ငံခြားရေး

ဝန်ကြီးကို Burma Campaign UK အဖွဲ့ဝင်များက တောင်းဆိုလိုက်ကြပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး Liz Truss ဆီကို အဖွဲ့ဝင် ၆၆၀ က

ဒီကနေ့ စာ ပေးပို့လိုက်ကြတာပါ။

ယခင် နိုင်ငံခြားရေး ဝန်ကြီး Dominic Raabကတော့ အဲဒီလို ပူးပေါင်းဖို့ ငြင်းဆိုခဲ့ပါတယ်။

အဲဒီ အချက်အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC မှာ စစ်ကောင်စီကို တင်ဖို့ အတွက် လုံခြုံရေး ကောင်စီမှာ ဗြိတိန်နိုင်ငံက

ကမကထပြု အဆိုတင်သွင်းဖို့လည်း တိုက်တွန်းထားပါသေးတယ်။

ဒီ အဆိုအပေါ် ရုရှား၊ တရုတ်တို့က ဗီတိုအာဏာသုံးနိုင် ‌ပေမဲ့ စစ်တပ်ဟာ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ခံရမယ်ဆိုတာကို မူ

အားဖြင့် ပြသရာရောက်မယ်လို့ Burma Campaign UK အဖွဲ့က ယူဆပါတယ်။ဒီလိုတောင်းဆိုခဲ့တာ ကိုလည်း ‌ဗြိတိန်အစိုးရ က ငြင်းဆိုခဲ့

ဖူးပါတယ်။ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ အပေါ်မှတ်တမ်းတင်နိုင်ရေးအတွက် ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့

အစည်းတွေကို ရံပုံငွေ ထောက်ပံ့ဖို့လည်း Burma Campaign UK အဖွဲ့ က တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားတွေကို သီးခြား လွတ်လပ်စွာ စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂအဖွဲ့ IIMM နဲ့ Myanmar

Witness အဖွဲ့တွေကိုတော့ ဗြိတိန် အစိုးရက ရံပုံငွေ ထောက်ပံ့ပေမဲ့ ဒေသခံ လူ့အခွင့် အရေး အဖွဲ့တွေကိုတော့ ထောက်ပံ့တာ နည်းပါး

လွန်းလှပါတယ်။

Zawgyi

“ICJ မြန်မာအမှု ဗြိတိန်ပါဝင်ဖို့ Burma Campaign UK တောင်းဆို”

အပြည်ပြည်ဆိုင်ရာ တရားရုံးမှာတင်ထားတဲ့ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုမှာ ပူးပေါင်းပါဝင်ကြောင်း ကြေ ညာဖို့ ဗြိတိန် နိုင်ငံြ

ခားရေး ဝန်ကြီးကို Burma Campaign UK အဖွဲ့ဝင်များက တောင်းဆိုလိုက်ကြပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး Liz Truss ဆီကို အဖွဲ့ဝင် ၆၆၀ က ဒီကနေ့ စာ ပေးပို့လိုက်ကြတာပါ။

ယခင် နိုင်ငံခြားရေး ဝန်ကြီး Dominic Raabကတော့ အဲဒီလို ပူးပေါင်းဖို့ ငြင်းဆိုခဲ့ပါတယ်။

အဲဒီ အချက်အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC မှာ စစ်ကောင်စီကို တင်ဖို့ အတွက် လုံခြုံရေး ကောင်စီမှာ ဗြိတိန်နိုင်ငံက ကမကထပြု အဆိုတင်သွင်းဖို့လည်း တိုက်တွန်းထားပါသေးတယ်။

ဒီ အဆိုအပေါ် ရုရှား၊ တရုတ်တို့က ဗီတိုအာဏာသုံးနိုင် ‌ပေမဲ့ စစ်တပ်ဟာ သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ခံရမယ်ဆိုတာကို မူအားဖြ

င့် ပြသရာရောက်မယ်လို့ Burma Campaign UK အဖွဲ့က ယူဆပါတယ်။ဒီလိုတောင်းဆိုခဲ့တာ ကိုလည်း ‌ဗြိတိန်အစိုးရ က ငြင်းဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ အပေါ်မှတ်တမ်းတင်နိုင်ရေးအတွက် ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့အစည်းတွေကို ရံပုံငွေ ထောက်ပံ့ဖို့လည်း Burma Campaign UK အဖွဲ့ က တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားတွေကို သီးခြား လွတ်လပ်စွာ စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂအဖွဲ့ IIMM နဲ့

Myanmar Witness အဖွဲ့တွေကိုတော့ ဗြိတိန် အစိုးရက ရံပုံငွေ ထောက်ပံ့ပေမဲ့ ဒေသခံ လူ့အခွင့် အရေး အဖွဲ့တွေကိုတော့ ထောက်ပံ့တာ နည်းပါးလွန်းလှပါတယ်။