“ဒီပန်းချီကားကတော့ ဖန်တီးသူ ရဲ့ပုံတူပွားတစ်ခုဖြစ်ပြီး မူရင်းက ယနေ့တိုင် အမေစု လက်ထဲမှာ ရှိပါတယ်”
ဒီပန်းချီကားကို တွေ့ရတဲ့ အချိန်မှာ အဲ့ဒီ့ စိတ်ခံစားမှုမျိုး ရုတ်တရက် ခံစားလိုက်ရတယ်။ တဆက်တည်းမှာ ပဲ သား၊သမီး(တွေ)ဘေးမှာ မရှိတဲ့ အမေ့ရဲ့ စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ မလွတ်လပ်မှုတွေ၊ အထီးကျန်မှုတွေ၊ ဆက်လက်ခံစားရမိပြန်တယ်။
စန္ဒယား အိုကြီးကို တယောက်ထဲ တီးခတ်နေတာဟာလဲ အဲ့ဒီ့ ဖိစီးမှုတွေကနေ အမေလွတ်မြောက်ရာလွတ်မြောက် ကြောင်း ကြိုးစားနေတယ်လို့ ခံစားရပြီး အမေ့ကို ဂရု ဏာသက်မိတဲ့ စိတ်ခံစားမှုမျိုး ထပ်မံ ခံစားရပြန်တယ်။
ဒါတွေသာမက တခြားသော ရသပေါင်းစုံ ဟာ ဒီပန်းချီကားပေါ် မှာ ကြည့်ရှုခံစားတဲ့ သူပေါ်မှာ မူ တည်ပြီး ပေါ် လာတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ပဲ ကြည့်ရှူခံစားကြည့်ပါတော့။
ဒီ ပန်းချီကားလေးကို ဆွဲသူကတော့ ကျွန်တော်တို့ မြန်မာလူမျိုး မြန်မာပြည်နဲ့ လားလား မှမဆိုင်တဲ့ လူဖြူအမေရိကန် အမျိုးသား တဦးပါ။ ကယ်လီဖိုးနီးယား မှာပဲ နေပါတယ်။ သူလဲ အမေရှိဘူးသူ တယောက်ပီပီ အနန္တ မေတ္တာကို ခံစားတတ်သူပီပီ ဒီပန်းချီကားကို ဖန်တီးခဲ့တာဖြစ်ပါလိမ့်မယ်။
အဲ့ဒီ့ အနန္တမေတ္တာဓာတ်ရဲ့ ဆွဲဆောင်မှုကြောင့်ပဲ ဒီအမေရိကန်အမျိုးသားဟာ မြန်မာပြည်အထိ စွန့်စွန့်စားစားသွား ရောက်ခဲ့ပြီး၊ အိမ်အမှတ် ၅၄ မှာ အကျဉ်းကျနေတဲ့ အန န္တမေတ္တာရှင်ကြီး အမေစုကို အားပေးစကားတွေ ရေးထားတဲ့ စာလေးတစောင်ပေးဖို့ကြိုးစားရင် အဖမ်းခံလိုက်ရပါတယ် ။
ထုံးစံအတိုင်း အမေရိကန်နိုင်ငံသား တဦးဖြစ်နေတာကြောင့် ကြမ်းကြမ်းတမ်းတမ်း အရေး မယူပဲ ၇၂ နာရီ အတွင်း မြန်မာပြည်မှ ထွက်သွားရန် အတင်းအကြပ်ပြန်စေခဲ့ပါတယ်။ သူဟာ လာရင်း အမေရိကန်နိုင်ငံကို ချောချောမောမော ပြန်ရောက်ပင်မဲ့ မြန်မာပြည်မှာ ရှိနေတဲ့ အနန္တမေတ္တာရှင်ကြီးထံကိုသာ နေ့တဒူဝ စိတ်ရောက်နေပြီး ဖြစ်ပေါ်နေခဲ့တဲ့ စိတ်ခံစားမှုရသ ပေါင်းစုံကို ဒီပန်းချီကားနဲ့ဖြည်းဖြည်းခြင်း ပုံဖေါ်ခဲ့ပါတယ်။
ရေးဆွဲပြီးချိန်မှာတော့ မြန်မာပြည်ထဲကို မရ ရတဲ့ နည်းနဲ့ ရအောင် သွင်းခဲ့ပြီး မြန်မာပြည်တွင်းရောက်တော့ မကြာသေးခင်ကမှ ကွယ်လွန်ခဲ့တဲ့ ဘဘဦးမိုးသူ ကနေတဆင့် အမေစုလက်ဝယ် ရောက်ရှိအောင် ပို့ဆောင်ခဲ့ပါတယ်။ အခု လေလံတင်မဲ့ ပန်းချီကားကတော့ အဲ့ဒီပန်းချီ ဖန်တီးသူ ရဲ့ပုံတူပွားပါ။ မူရင်းက ယနေ့တိုင် အမေစု လက်ထဲမှာ ရှိပါတယ်။
အခု လက်ရှိမြန်မာပြည်မှာ ဖြစ်နေတဲ့ ကြမ်းကြုတ်ရက် စက်မှုတွေကနေ လွတ်မြောက်ရေး အတွက် ကြိုက်တဲ့ နေရာမှာ သုံးဖို့ဆိုပြီး ဒီပန်းချီဆရာ ကိုယ် တိုင် ခွင့်ပြုပေးခဲ့လို အခုလို လေလံတင် ရောင်းချပြီး FBAC က တဆင့် မြန်မာပြည်ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေး ကိစ္စတွေမှာ အသုံး ပြုဖို့လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Credit