ၾကားသိရသမွ်

လေးကေကော်မှာတိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေ ဘေးအန္တရာယ်ကင်းဖို့ဆုတောင်းပေးနေတဲ့ သရုပ်ဆောင်မြတ်နိုးအေး

သရုပ်ဆောင်အရမ်းတော်ပြီး အရမ်းကိုအောင်မြင်နေတဲ့အချိန်မှာ အရာအားလုံးကို စွန့်လွှတ်ပြီး ပြည်သူတွေနှင့်အတူ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မြတ်နိုးအေးလည်း တစ်ဦးအပါအဝင်ပဲဖြစ်ပါတယ်။

သူမဟာ သူ မတူတဲ့ သရုပ်ဆောင်ချက်တွေ ကြောင့်လည်း အထူးရေပန်းစားနေသူလေးဖြစ်ပါတယ်။သူမဟာ အခြားသော အနုပညာလုပ်ငန်းဖြစ်တဲ့ မော်ဒယ် လုပ်ငန်းကိုလည်းလက်ရှိမှာ လုပ်ကိုင်နေတာဖြစ်ပါတယ်။သူစိမ်းအိမ် ဇာတ်ကားကြီးမှာလည်းသူမရဲ့ ထိမိတဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိထားသူဆိုရင်လည်းမမှားပါဘူး။

Get it on Google PlayStore ဆိုတဲ့ပုံလေးကိုနိပ်လိုက်ပါ…ပီးရင် Cook Box ရဲ့ Playstore စာမျက်နှာကိုရောက်သွားပါမယ် …. Install ကိုနိပ်ပြီးဒေါင်းယူသုံးစွဲနိုင်ပါပြီ….. ကျေးဇူးတင်ပါတယ်…


W3Schools
လက်ရှိမှာ သူမဟာ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှု အချို့မှာ ပါဝင်ဆောင်ရွက်နေမှု ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် ဝရမ်းထုတ်ခံထားရတာဖြစ်ပါတယ်။လက်ရှိမှာ သူမဟာ နေအိမ်မှ ရှောင်တိမ်းနေရတာဖြစ်ပြီး ပရီတ်သတ်နှင့်အဝေးတစ်နေရာမှာရောက်ရှိနေတာဖြစ်ပါတယ်။

သရုပ်ဆောင်မြတ်နိုးအေးဟာ သူမရှောင်ပြေးနေရတဲ့ကာလတွေမှာ လေးကေကော်နယ်မြေမှာ ခိုလှုံနေထိုင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် လေးကေကော်နယ်မြေမှာ တိုက်ပွဲတွေ စတင်နေပြီပဲဖြစ်ပါတယ်။ ဒါကြောင့် မြတ်နိုးအေးဟာ သူမခိုလှုံခဲ့ရာနေရာလေးဖြစ်တဲ့ လေးကေကော်မှာရှိတဲ့ သူရဲကောင်းရဲဘော်တွေ ဘေးအန္တရာယ်ကင်းစေဖို့ အခုလိုလေး ဆုတောင်းပေးထားတာဖြစ်ပါတယ်။

“ခိုလှုံခဲ့ဖူးတဲ့ နေရာလေးတစ်ခု🥺

တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေ

ဘေးအန္တရာယ်ကင်း အနိုင်ရကြပါစေ

Sending my prayers”

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေရှိ လေးကေကော်မြို့မှာ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်ကစပြီး တိုက်ပွဲဖြစ်ပွားနေပြီလို့ သိရပါတယ်။ လေးကေကော်နယ်မြေအတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေခဲ့ကြရာမှစလို့ တိုက်ပွဲစတင်ခဲ့တာလို့ သိရပါတယ်။