နောက် ၃ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး မန္တလေးတိုင်း မကွေးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တို့မှာ ချိန်ခါမဟုတ် မိုးရွာသွန်းနိုင်
ဒီဇင်ဘာလ ၁၇ ရက် ယနေ့ မိုးလေဝသတိုင်းထွာချက်များအရ နောက် ၃ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး မန္တလေးတိုင်း မကွေးတိုင်းအပါအဝင် အခြားတိုင်းနှင့်ပြည်နယ်တို့မှာ ချိန်ခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသ Su Su San မှ ကြိုတင်ခန့်မှန်းပေးထားပါတယ်။
မိုးလေဝသ စုစုစံ ထုတ်ပြန်ချက်မှာ ”94B လေဖိအားနည်းလေဝဲ။ ၂၀၂၁ဒီဇင်ဘာလ ၁၇ရက်နေ့ ယနေ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း သိရိလင်္ကါနိုင်ငံရဲ့အရှေ့တောင်ဖက်မှာ 94B လေဖိအားနည်းလေဝဲဖြစ်ပေါ်လာပါတယ် အရှေ့ဖက်ကိုရွှေ့လျှားနေပါတယ်။
၂၀ရက်နေ့မှာ Nicobar islands နိကိုဗာကျွန်းစုများအနီးကိုရောက်ရှိလာနိုင်ပြီး ၂၁ရက်နေ့မှာ depression မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိနိုင်ပါတယ်။
၂၀၂၁ ဒီဇင်ဘာလ ၂၀ရက်နေ့မှ ၂၃ရက်နေ့အတွင်း ကော့သောင်းခရိုင် ကပ္ပလိပင်လယ်အတွင်းရှိကျွန်းစုတွေမှာ လှိုင်းကြီးလေထန်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ ၆ ပေ မှ ၁၂ ပေအထိရှိနိုင်ပါတယ် လေထန်ချိန်တွင် တစ်နာရီ ၂၄မိုင် မှ ၃၆ မိုင်အထိတိုက်ခတ်နိုင်ပါတယ်။
အဆိုပါရက်များအတွင်း ကော့သောင်းအနောက်ဖက် အနောက်တောင်ဖက် ပင်လယ်ပြင်အတွင်း လှေသင်္ဘောများသွားရောက်ခြင်းမပြုလုပ်သင့်ပါဘူး။ BOB တောင်ပိုင်းမှာ လေဖိအားနည်းလေဝဲတစ်ခုဖြစ်ပေါ်လာပါတယ်။ နောက် ၃ ရက်အတွင်း နိကိုဗာကျွန်းအနီးမှာ မုန်တိုင်းငယ် depression အဆင့်ကိုရောက်ရှိနိုင်ပါတယ်။
94B အထက်လေစီးမှ ၂၀၂၁ဒီဇင်ဘာလ ၂၂ရက်၂၃ရက်နေ့တွေမှာ ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း ချင်းပြည်နယ်ကချင်ပြည်နယ် စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တွေမှာ အချိန်အခါမဟုတ် ဆောင်းမိုးတွေရွာသွန်းနိုင်ပါတယ်။
ဆောင်းမိုးရွာပြီးအေးမယ် တနင်္သာရီတိုင်း။ ၂၀၂၁ဒီဇင်ဘာလ ၂၁ရက် ၂၂ရက်နေ့တွေမှာ တနင်္သာရီတိုင်း ထားဝယ်ခရိုင် မြိတ်ခရိုင် ကော့သောင်းခရိုင်တွေမှာ ဆောင်းမိုးတွေရွာပြီးအအေးပိုနိုင်ပါတယ်။
အဆိုပါဒေသအတွင်းရှိ ရာဘာလုပ်ငန်း ဆားလုပ်ငန်း လမ်းတံတားအဆောက်အဦဆောက်လုပ်နေသော အင်္ဂျင်နိယာများ မိုးကြောင့်ပျက်စီးမှုမရှိကြစေရန် ကြိုတင်ခန့်မှန်းပေးလိုက်ပါတယ်” ဆိုပြီး ကြိုတင်ခန့်မှန်း အသိပေးထားပါတယ်။
Source: Su Su San
zawgyi
ေနာက္ ၃ ရက္အတြင္း မုန္တိုင္းငယ္ျဖစ္ေပၚလာႏိုင္ၿပီး မႏၲေလးတိုင္း မေကြးတိုင္းအပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တို႔မွာ ခ်ိန္ခါမဟုတ္ မိုး႐ြာသြန္းႏိုင္
ဒီဇင္ဘာလ ၁၇ ရက္ ယေန႔ မိုးေလဝသတိုင္းထြာခ်က္မ်ားအရ ေနာက္ ၃ ရက္အတြင္း ဘဂၤလားပင္လယ္ေအာ္တြင္ မုန္တိုင္းငယ္ျဖစ္ေပၚလာႏိုင္ၿပီး မႏၲေလးတိုင္း မေကြးတိုင္းအပါအဝင္ အျခားတိုင္းႏွင့္ျပည္နယ္တို႔မွာ ခ်ိန္ခါမဟုတ္ မိုး႐ြာသြန္းႏိုင္တယ္လို႔ မိုးေလဝသ Su Su San မွ ႀကိဳတင္ခန႔္မွန္းေပးထားပါတယ္။
မိုးေလဝသ စုစုစံ ထုတ္ျပန္ခ်က္မွာ ”94B ေလဖိအားနည္းေလဝဲ။ ၂၀၂၁ဒီဇင္ဘာလ ၁၇ရက္ေန႔ ယေန႔ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္း သိရိလကၤါႏိုင္ငံရဲ႕အေရွ႕ေတာင္ဖက္မွာ 94B ေလဖိအားနည္းေလဝဲျဖစ္ေပၚလာပါတယ္ အေရွ႕ဖက္ကိုေ႐ႊ႕လွ်ားေနပါတယ္။
၂၀ရက္ေန႔မွာ Nicobar islands နိကိုဗာကြၽန္းစုမ်ားအနီးကိုေရာက္ရွိလာႏိုင္ၿပီး ၂၁ရက္ေန႔မွာ depression မုန္တိုင္းငယ္အဆင့္ကိုေရာက္ရွိႏိုင္ပါတယ္။
၂၀၂၁ ဒီဇင္ဘာလ ၂၀ရက္ေန႔မွ ၂၃ရက္ေန႔အတြင္း ေကာ့ေသာင္းခ႐ိုင္ ကပၸလိပင္လယ္အတြင္းရွိကြၽန္းစုေတြမွာ လႈိင္းႀကီးေလထန္ႏိုင္ပါတယ္။ လႈိင္းအျမင့္မွာ ၆ ေပ မွ ၁၂ ေပအထိရွိႏိုင္ပါတယ္ ေလထန္ခ်ိန္တြင္ တစ္နာရီ ၂၄မိုင္ မွ ၃၆ မိုင္အထိတိုက္ခတ္ႏိုင္ပါတယ္။
အဆိုပါရက္မ်ားအတြင္း ေကာ့ေသာင္းအေနာက္ဖက္ အေနာက္ေတာင္ဖက္ ပင္လယ္ျပင္အတြင္း ေလွသေဘၤာမ်ားသြားေရာက္ျခင္းမျပဳလုပ္သင့္ပါဘူး။ BOB ေတာင္ပိုင္းမွာ ေလဖိအားနည္းေလဝဲတစ္ခုျဖစ္ေပၚလာပါတယ္။ ေနာက္ ၃ ရက္အတြင္း နိကိုဗာကြၽန္းအနီးမွာ မုန္တိုင္းငယ္ depression အဆင့္ကိုေရာက္ရွိႏိုင္ပါတယ္။
94B အထက္ေလစီးမွ ၂၀၂၁ဒီဇင္ဘာလ ၂၂ရက္၂၃ရက္ေန႔ေတြမွာ ရခိုင္ျပည္နယ္ မေကြးတိုင္း မႏၲေလးတိုင္း ခ်င္းျပည္နယ္ကခ်င္ျပည္နယ္ စစ္ကိုင္းတိုင္းႏွင့္ ရွမ္းျပည္နယ္ေတြမွာ အခ်ိန္အခါမဟုတ္ ေဆာင္းမိုးေတြ႐ြာသြန္းႏိုင္ပါတယ္။
ေဆာင္းမိုး႐ြာၿပီးေအးမယ္ တနသၤာရီတိုင္း။ ၂၀၂၁ဒီဇင္ဘာလ ၂၁ရက္ ၂၂ရက္ေန႔ေတြမွာ တနသၤာရီတိုင္း ထားဝယ္ခ႐ိုင္ ၿမိတ္ခ႐ိုင္ ေကာ့ေသာင္းခ႐ိုင္ေတြမွာ ေဆာင္းမိုးေတြ႐ြာၿပီးအေအးပိုႏိုင္ပါတယ္။
အဆိုပါေဒသအတြင္းရွိ ရာဘာလုပ္ငန္း ဆားလုပ္ငန္း လမ္းတံတားအေဆာက္အဦေဆာက္လုပ္ေနေသာ အဂ်ၤင္နိယာမ်ား မိုးေၾကာင့္ပ်က္စီးမႈမရွိၾကေစရန္ ႀကိဳတင္ခန္႔မွန္းေပးလိုက္ပါတယ္” ဆိုၿပီး ႀကိဳတင္ခန႔္မွန္း အသိေပးထားပါတယ္။
Source: Su Su San