ရဲဘော်ရဲဘက်တွေ ထွက်ပြေးလွတ်နိုင်ဖို့ စစ်တပ်ကို တစ်ဦးတည်း ခုခံတိုက်ခိုက်ပြီး အဖမ်းမခံဘဲ မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ သန်လျင် PDF ရဲဘော် ကိုဖြိုးမောင်
မောင်ဦး
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ခရမ်းရေးထိန်းတံခါးအနီး လဟာရပ်ကျေးရွာမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီစီးနင်းမှု
များ စစ်ကောင်စီတပ်တွေကို တစ်ဦးတည်း ခုခံတိုက်ခိုက်ပြီး အဖမ်းမခံဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသူတစ်ဦးရှိနေပါတယ်။
သူကတော့ သန်လျင် PDF အဖွဲ့ဝင် ကိုဖြိုးမောင်မောင်ဦးပဲဖြစ်ပါတယ်။ ဒီဇင် ဘာလ ၁၇ ရက်နေ့ ဒလန်ရဲ့ သတင်းပေးမှုကြောင့် သန်လျင် PDF အဖွဲ့ဝင်တွေတချို့ရှိ
နေတဲ့ လဟာရပ်ကျေးရွာ နေရာကို စစ်ကောင်စီတပ်တွေက အလုံး အရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာပါ။

သန်လျင် PDF ကိုဖြိုးမောင်မောင်ဦးက ကိုယ်ရဲ့ ရဲဘော် ရဲဘက်တွေကို ထွက် ပြေးလွတ်မြောက်စေဖို့ အကြမ်းဖက်စစ်တပ်ကို တစ်ယောက်တည်း ခုခံ ပစ် ခတ်ခဲ့ပြီး မ
နိုင်တော့တဲ့အချိန်မှာတော့ အဖမ်းမခံဘဲ ကိုယ့်ကိုယ်ကို အဆုံး စီရင်သွားခဲ့တာပါ။
သန်လျင်PDF ကိုဖြိုးမောင်မောင်ဦးရဲ့ အလောင်းကို အကြမ်းဖက်စစ်တပ်က ပိုင်ရှင်မဲ့အလောင်းပုံစံနဲ့ မိသားစုကိုလည်း အသိမပေး ၊ ဘယ်သူကိုမှ အကြောင်း မကြား
ဘဲ ဒီနေ့ ပျဉ်ထောင်ကျောင်း သုဿာန်မှာ သဂြိုလ်ခဲ့ပါတယ်။

“သူကအရမ်းချစ်ဖို့ကောင်းတဲ့ အကိုကြီးတစ်ယောက်ပါ။ အငယ်တွေကို ဦးစားပေးတယ်။ အခုလည်း အငယ်တွေကို လွတ်အောင် သူက ခံပစ်ပြီး လွတ်မြောက်စေ
တယ်။ သူမနိုင်တော့တဲ့အချိန်မှာ ရန်သူလက်ထဲ အပါမခံဘဲ သူ့ကိုယ်သူ အဆုံးစီရင်တယ်။ ဘ၀နေထိုင်မှုက အရမ်းရိုးရှင်းတယ်။ မတရားမှုတွေကို ငြိမ်မခံတတ်တဲ့ သူ။
လူပျိုကြီးပါ” လို့ ရဲဘော်တစ်ဦးက ဆိုပါတယ်။

မိခင်ဖြစ်သူက နှလုံးရောဂါသည်ဖြစ်တာကြောင့် သူ့သားဖြစ်သူ သေဆုံးတဲ့သတင်းကို ခင်မင်တဲ့ မိတ်ဆွေတွေက အသိမပေးပါဘူး။ကိုဖြိုးမောင်မောင်ဦးကလည်း စစ်
အာဏာသိမ်းချိန် ဖေဖော်ဝါရီလ ၁ ရက်ကတည်းက သူ့မိဘ ဆွေမျိုးတွေကို လုံး၀ အဆက်အသွယ်မလုပ် စွန့်ခွာခဲ့ပြီး တော်လှန်ရေးမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးရဲ့ အညတရ သူရဲကောင်း ကိုဖြိုးမောင်မောင်ဦးကို အကြမ်း ဖက်စစ်ကောင်စီက ပျဉ်ထောင်သုဿာန်မှာ ဖြစ်သလို ပစ်စလခတ် သဂြိုလ်လိုက်ကြ
ပေမယ့် တိုင်းပြည်နဲ့ ရဲဘော်ရဲဘက်တွေအတွက် အသက်ပေး ကာကွယ် စောင့်ရှောက် စွန့်လွှတ်သွားတဲ့ သူ့သမိုင်းကတော့ ခမ်းနားလွန်းလှပါတယ်လို့ ရဲဘော်ရဲဘက်
တွေက ဆိုကြပါတယ်။
credit-original writer



