အသိပညာ

မိဘက လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည် ဖြစ်စေ လုပ်ကျွေးဖြစ်အောင် လုပ်ကျွေးကြပါ

မိဘက လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည် ဖြစ်စေ လုပ်ကျွေးဖြစ်အောင် လုပ်ကျွေးကြပါ

“ဆရာကြီး …သမီး သီတင်းကျွတ် လာကန်တော့တာပါရှင့်” “ကျေးဇူးပါ..သာဓုပါကွယ်… အိမ်မှာ အဖေနဲ့အမေ ရှိသေးလား.. သူတို့ကိုရော ကန်တော့ပြီးပြီလား”

“ဟုတ်..ကန်တော့မှာပါ” “သမီးလခ ဘယ်လောက်ရသလဲ” “၃သိန်း -၄ သိန်းရပါတယ်” “မိဘ ကို တစ်လ ဘယ်လောက် ကန်တော့လဲ” ” လစဉ်တော့မကန်တော့ဖြစ်ဘူးဆရာ..အခုလို သီတင်းကျွတ် .. သင်္ကြန်ဆိုရင်တော့ ကန်တော့ဖြစ်ပါတယ်..”

” လျှာရှည်တယ် စပ်စုတယ်တော့ မထင်နဲ့.. တစ်ခါကန်တော့ရင် ဘယ်လောက်ကန်တော့လဲ” ” လေးသောင်း/ငါး သောင်းလောက်တော့ ကန်တော့ဖြစ်ပါတယ်” ” တစ်နှစ်မှာ နှစ်ခါ သုံးခါ

ထားပါတော့ တစ်နှစ်ကို ၁သိန်း/၂ သိန်းပေါ့… တစ်ရက်မှာ သမီး ၄၀၀/ ၅၀၀ ကျပ်လောက် ကန်တော့တယ် ဆိုတဲ့ သဘောပေါ့။ အင်း ..လဘက်ရည်တစ်ခွက် ဘယ်လောက်လဲ”

” ၅၀၀ လောက်ဖြစ်နေပြီဆရာ” “သမီး မိဘကို တစ်ရက်ကို လဘက်ရည်တစ်ခွက် ဘိုး ကန်တော့သလိုဖြစ်နေတာပေါ့။ သမီးကို ဒီအရွယ်အထိ ထမင်းမကျွေးခဲ့တဲ့နေ့ရှိလား။

ကျောင်းလည်းထား..အဝတ်အစားလည်းဆင်. .နေမကောင်းလဲဆေးကုပေး .. ထမင်းလဲကျွေး မုန့်လဲကျွေး ဟုတ်တယ်နော် အနှစ်၂၀ ကျော်နေပြီ…

သမီး သူတို့ကို ဘယ်နှစ်နှစ်များ ပြန်လုပ်ကျွေး ရသေးလို့လဲ…လဘက်ရည်တစ်ခွက်ဖိုးလောက် ပြန်လုပ်ကျွေးရတာကို တော်တော် ပင်ပန်းနေပြီ ဟုတ်လား…ခက်ခဲနေပြီ ဟုတ်လား”

” သမီးက ပေးတယ်..အမေတို့က မယူတာ.. မုန့်တွေစားချင်တာတွေတော့ ဝယ်ပေးပါသေးတယ်” “စိတ်မဆိုးနဲ့နော်..

သမီးမိဘက ဘောစိလား” “မဟုတ်ပါဘူးဆရာရယ်..မရှိလို့ အခုလို တနယ်တကျေး မိဝေးဖဝေး အလုပ်လုပ်နေရတာပေါ့..သမီးလဲ တစ်လတစ်လ မလောက်ဘူး” “တစ်လ ၃သိန်း/၄ သိန်းဆိုတာ ဆရာတို့ အိမ်မက်တောင် မ မက်ခဲ့ဘူူးတဲ့လစာ။

ဒါကို မလောက်ရင် လောက်အောင် သုံးနိုင်အောင် ကိုယ့်ကိုယ်ကို စီမံခန့်ခွဲ ရမယ်လေ.. မိဘက မလိုလို့မယူတာမဟုတ်ဘူး.. မယူရက်လို့ မယူတာ.. လိုချင်တာ ဝယ်ပေးတာထက် သမီး ပေးတဲ့ ပိုက်ဆံလေး ကိုင်ချင်တာပေါ့။ ပြောမထွက်ရက်လို့သာ။

သူလိုချင်တာ သူစားချင်တာ သူသောက်ချင်တဲ့ဆေး သူ့ပိုက်ဆံနဲ့သူဝယ်ချင်တာ… အိမ်ကိုကြွတဲ့ ဆွမ်းခံကိုယ်တော်ကို သူ့ကိုယ်ပိုင်ငွေနဲ့ ဝတ္ထု ကပ်လှုချင်တာ..

ဘုရားကိုသူ့ငွေနဲ့သူ လှုချင်တာ။ သူ့မြေးတွေကို သူကိုယ်ပိုင်ပိုက်ဆံနဲ့ မုန့်ဖိုးပေးချင်တာ။ အဲဒါကြောင့် သူ့လက်ထဲကို ငွေ ထည့်ပေးထားပါ။

သမီး ဘာတွေဖြည့်ဆည်းပေးပေး ငွေလဲ ကန်တော့ပါ။ သမီး တစ်လ ဖုန်းဘီလ် ဘယ်လောက်ကုန်လဲ” “၃သောင်း-၄ သောင်း။ ” အဲဒီငွေထဲက တစ်လ ၁၀၀၀၀ လောက် ပိုအောင်စုကြည့်ပါ။

မိဘကို လစဉ်ပုံမှန်ကန်တော့ကြည့်ပါ။ တခါတည်း တစ်သိန်းကန်တော့တာထက် တစ်လတစ်ခါ ၁၀၀၀၀-၂၀၀၀၀ ကန်တော့ရတာ ကန်တော့ရတဲ့ သမီးလဲ ပေါ့ပါးတယ်။

ဝန်ထုပ်ဝန်ပိုးမဖြစ်ဖူးပေါ့။ လစဉ်မှန်မှန် ကန်တော့တဲ့အတွက် မိဘလဲ သမီးကန်တော့မဲ့ငွေ ၆လ တစ်နှစ် စောင့်စရာ မလိုပဲ အဆင်ပြေပြေရတယ်။ သုံးချင်တာလေးတွေလဲ သုံးချင်တဲ့အချိန် သုံးရတော့ကျေနပ်တာပေါ့”

“ဆရာ ရှင်းပြတော့မှ အမေတို့ကို သနားလိုက်တာ။ဟုတ်တယ်နော်။ သမီးကန်တော့တာ လဘက်ရည်တစ်ခွက်ဖိုးလောက်ပဲ ရှိတာပါလား” ကလေးမလေး မျက်ရည်တွေ ဝိုင်းလာသည်။ ”

သမီး နေ့တိုင်း အပြင်မှာ ထမင်းစားရတယ်ဟုတ်လား။ အနည်းဆုံးတစ်နပ် ကို တစ်ထောင် ထားပါ။ တစ်နေ့ ၂၀၀၀-၃၀၀၀ ပဲ ။

သမီးမှာ ချစ်သူရှိရင် ဆိုင်ကောင်းကောင်းစားရတာနဲ့ လည်ပတ်ရတာနဲ့ သူ့မွေးနေ့ကိုယ့်မွေးနေ့ လက်ဆောင်တွေပေးရတာနဲ့ valentine day ဆိုရင် လက်ဆောင်ပေးရတာနဲ့ နေ့တိုင်းညတိုင်း ဖုန်းတွေပြောရတာနဲ့ … အားပါးပါး ကုန်လိုက်တဲ့ပိုက်ဆံတွေ…

အဲဒီအချိန်မှာ သမီး မိဘက သမီးပေးတဲ့ လဘက်ရည်တစ်ခွက်ကို နှစ်ယောက်ဆို တစ်ယောက်တစ်ဝက် သောက်နေရတာနော်..

မုန့်မပါဘူး။ ထမင်း ဟင်းမပါသေးဘူး ..ဆိုတာလေး မျက်စိထဲ မြင်ယောင်ကြည့်လိုက်ပါ။ သမီး တစ်လ ၃/၄ သိန်း ကုန်တယ်ဆို တစ်ရက် တစ်သောင်း နှုန်းလောက် သုံးနေတဲ့အထဲမှာ မိဘအတွက် ၄၀၀/၅၀၀ ပဲ ပါနေသေးတယ် လဘက်ရည်တစ်ခွက်ဖိုးပဲ ရှိသေးတယ်ဆိုတာ မြင်တွေးကြည့်လိုက်ပါ” ကလေးမလေး မျက်ရည်တွေ ကျလာသည်။ ”

သမီးမိဘက အဆင်မပြေလို့ဆိုပြီး သမီးကို တစ်ရက်ကလေး အငတ်ထားခဲ့ဘူးသလား” ကလေးမလေး အသံမထွက်တော့။ခေါင်းခါပြသည်။

“သမီး ..အခု မိဘကို အငတ်ထားသလို ဖြစ်နေပြီနော်။ မိဘ ဆိုတာ မသေခင်လုပ်ကျွေးရတာ။ သေပြီးမှတော့ ငိုပြမနေတော့နဲ့။ ဖေ့ဘွတ်မှာ “ I love my mom “ “ I love my Dad “ လောက်ကို ကျေးဇူးဆပ်တယ်ထင်မနေနဲ့။

သူတို့မစားနိုင်အိပ်ယာပေါ်က မထနိုင်တော့တဲ့ အချိန်မှလည်း ကျွေးမနေတော့နဲ့။ ဆရာ့ရဲ့ သီတင်းကျွတ် လက်ဆောင်ကတော့ ” မိဘကို အမြန်ဆုံး လုပ်ကျွေးပါ” လို့ပဲ ပြောချင်ပါတယ် သမီးရေ” ကလေးမလေး ငိုချတော့သည်။

” ကဲ…အခုလို ဆရာ့ကို ကန်တော့ရသော အကျိုးအားကြောင့် မိဘကို အလုပ်အကျွေးပြုနိုင်သော သမီးကောင်းရတနာ တစ်ဦး ဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်” မိဘက လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ လုပ်ကျွေးဖြစ်အောင် လုပ်ကျွေးကြပါ။

အမြန်ဆုံးလုပ်ကျွေးပါ။ တတ်နိုင်သမျှ များများ လုပ်ကျွေးပေးကြပါ။ မလုပ်ကျွေးရသေးတဲ့လူတွေလဲ မြန်မြန် လုပ်ကျွေးကြပါ။ လုပ်ကျွေးနေတဲ့ လူတွေလဲ ယခုထက်ပိုပြီး များများလုပ်ကျွေးကြပါ။

“ကျွန်တော် / ကျွန်မ တို့ အများကြီး ကြိုးစားရပါဦးမည်” သင်ဖတ်ပြီးလို့ လက်ခံတယ်ဆိုရင်အများသူငှါ အသ်တိုးစေဖို့မေတ္တာဖြင့် ဖြန့်ဝေပါအုံးနော် ။

လေးစားစွာဖြင့် ခရက်ဒစ် မူရင်း

မိဘက လိုအပ္သည္ျဖစ္ေစ၊ မလိုအပ္သည္ ျဖစ္ေစ လုပ္ေကၽြးျဖစ္ေအာင္ လုပ္ေကၽြးၾကပါ

“ဆရာႀကီး …သမီး သီတင္းကၽြတ္ လာကန္ေတာ့တာပါရွင့္” “ေက်းဇူးပါ..သာဓုပါကြယ္… အိမ္မွာ အေဖနဲ႔အေမ ရွိေသးလား.. သူတို႔ကိုေရာ ကန္ေတာ့ၿပီးၿပီလား”

“ဟုတ္..ကန္ေတာ့မွာပါ” “သမီးလခ ဘယ္ေလာက္ရသလဲ” “၃သိန္း -၄ သိန္းရပါတယ္” “မိဘ ကို တစ္လ ဘယ္ေလာက္ ကန္ေတာ့လဲ” ” လစဥ္ေတာ့မကန္ေတာ့ျဖစ္ဘူးဆရာ..အခုလို သီတင္းကၽြတ္ .. သၾကၤန္ဆိုရင္ေတာ့ ကန္ေတာ့ျဖစ္ပါတယ္..”

” လၽွာရွည္တယ္ စပ္စုတယ္ေတာ့ မထင္နဲ႔.. တစ္ခါကန္ေတာ့ရင္ ဘယ္ေလာက္ကန္ေတာ့လဲ” ” ေလးေသာင္း/ငါး ေသာင္းေလာက္ေတာ့ ကန္ေတာ့ျဖစ္ပါတယ္” ” တစ္ႏွစ္မွာ ႏွစ္ခါ သုံးခါ

ထားပါေတာ့ တစ္ႏွစ္ကို ၁သိန္း/၂ သိန္းေပါ့… တစ္ရက္မွာ သမီး ၄၀၀/ ၅၀၀ က်ပ္ေလာက္ ကန္ေတာ့တယ္ ဆိုတဲ့ သေဘာေပါ့။ အင္း ..လဘက္ရည္တစ္ခြက္ ဘယ္ေလာက္လဲ”

” ၅၀၀ ေလာက္ျဖစ္ေနၿပီဆရာ” “သမီး မိဘကို တစ္ရက္ကို လဘက္ရည္တစ္ခြက္ ဘိုး ကန္ေတာ့သလိုျဖစ္ေနတာေပါ့။ သမီးကို ဒီအရြယ္အထိ ထမင္းမေကၽြးခဲ့တဲ့ေန႔ရွိလား။

ေက်ာင္းလည္းထား..အဝတ္အစားလည္းဆင္. .ေနမေကာင္းလဲေဆးကုေပး .. ထမင္းလဲေကၽြး မုန႔္လဲေကၽြး ဟုတ္တယ္ေနာ္ အႏွစ္၂၀ ေက်ာ္ေနၿပီ…

သမီး သူတို႔ကို ဘယ္ႏွစ္ႏွစ္မ်ား ျပန္လုပ္ေကၽြး ရေသးလို႔လဲ…လဘက္ရည္တစ္ခြက္ဖိုးေလာက္ ျပန္လုပ္ေကၽြးရတာကို ေတာ္ေတာ္ ပင္ပန္းေနၿပီ ဟုတ္လား…ခက္ခဲေနၿပီ ဟုတ္လား”

” သမီးက ေပးတယ္..အေမတို႔က မယူတာ.. မုန႔္ေတြစားခ်င္တာေတြေတာ့ ဝယ္ေပးပါေသးတယ္” “စိတ္မဆိုးနဲ႔ေနာ္..

သမီးမိဘက ေဘာစိလား” “မဟုတ္ပါဘူးဆရာရယ္..မရွိလို႔ အခုလို တနယ္တေက်း မိေဝးဖေဝး အလုပ္လုပ္ေနရတာေပါ့..သမီးလဲ တစ္လတစ္လ မေလာက္ဘူး” “တစ္လ ၃သိန္း/၄ သိန္းဆိုတာ ဆရာတို႔ အိမ္မက္ေတာင္ မ မက္ခဲ့ဘူူးတဲ့လစာ။

ဒါကို မေလာက္ရင္ ေလာက္ေအာင္ သုံးနိုင္ေအာင္ ကိုယ့္ကိုယ္ကို စီမံခန႔္ခြဲ ရမယ္ေလ.. မိဘက မလိုလို႔မယူတာမဟုတ္ဘူး.. မယူရက္လို႔ မယူတာ.. လိုခ်င္တာ ဝယ္ေပးတာထက္ သမီး ေပးတဲ့ ပိုက္ဆံေလး ကိုင္ခ်င္တာေပါ့။ ေျပာမထြက္ရက္လို႔သာ။

သူလိုခ်င္တာ သူစားခ်င္တာ သူေသာက္ခ်င္တဲ့ေဆး သူ႔ပိုက္ဆံနဲ႔သူဝယ္ခ်င္တာ… အိမ္ကိုႂကြတဲ့ ဆြမ္းခံကိုယ္ေတာ္ကို သူ႔ကိုယ္ပိုင္ေငြနဲ႔ ဝတၳဳ ကပ္လႈခ်င္တာ..

ဘုရားကိုသူ႔ေငြနဲ႔သူ လႈခ်င္တာ။ သူ႔ေျမးေတြကို သူကိုယ္ပိုင္ပိုက္ဆံနဲ႔ မုန႔္ဖိုးေပးခ်င္တာ။ အဲဒါေၾကာင့္ သူ႔လက္ထဲကို ေငြ ထည့္ေပးထားပါ။

သမီး ဘာေတြျဖည့္ဆည္းေပးေပး ေငြလဲ ကန္ေတာ့ပါ။ သမီး တစ္လ ဖုန္းဘီလ္ ဘယ္ေလာက္ကုန္လဲ” “၃ေသာင္း-၄ ေသာင္း။ ” အဲဒီေငြထဲက တစ္လ ၁၀၀၀၀ ေလာက္ ပိုေအာင္စုၾကည့္ပါ။

မိဘကို လစဥ္ပုံမွန္ကန္ေတာ့ၾကည့္ပါ။ တခါတည္း တစ္သိန္းကန္ေတာ့တာထက္ တစ္လတစ္ခါ ၁၀၀၀၀-၂၀၀၀၀ ကန္ေတာ့ရတာ ကန္ေတာ့ရတဲ့ သမီးလဲ ေပါ့ပါးတယ္။

ဝန္ထုပ္ဝန္ပိုးမျဖစ္ဖူးေပါ့။ လစဥ္မွန္မွန္ ကန္ေတာ့တဲ့အတြက္ မိဘလဲ သမီးကန္ေတာ့မဲ့ေငြ ၆လ တစ္ႏွစ္ ေစာင့္စရာ မလိုပဲ အဆင္ေျပေျပရတယ္။ သုံးခ်င္တာေလးေတြလဲ သုံးခ်င္တဲ့အခ်ိန္ သုံးရေတာ့ေက်နပ္တာေပါ့”

“ဆရာ ရွင္းျပေတာ့မွ အေမတို႔ကို သနားလိုက္တာ။ဟုတ္တယ္ေနာ္။ သမီးကန္ေတာ့တာ လဘက္ရည္တစ္ခြက္ဖိုးေလာက္ပဲ ရွိတာပါလား” ကေလးမေလး မ်က္ရည္ေတြ ဝိုင္းလာသည္။ ”

သမီး ေန႔တိုင္း အျပင္မွာ ထမင္းစားရတယ္ဟုတ္လား။ အနည္းဆုံးတစ္နပ္ ကို တစ္ေထာင္ ထားပါ။ တစ္ေန႔ ၂၀၀၀-၃၀၀၀ ပဲ ။

သမီးမွာ ခ်စ္သူရွိရင္ ဆိုင္ေကာင္းေကာင္းစားရတာနဲ႔ လည္ပတ္ရတာနဲ႔ သူ႔ေမြးေန႔ကိုယ့္ေမြးေန႔ လက္ေဆာင္ေတြေပးရတာနဲ႔ valentine day ဆိုရင္ လက္ေဆာင္ေပးရတာနဲ႔ ေန႔တိုင္းညတိုင္း ဖုန္းေတြေျပာရတာနဲ႔ … အားပါးပါး ကုန္လိုက္တဲ့ပိုက္ဆံေတြ…

အဲဒီအခ်ိန္မွာ သမီး မိဘက သမီးေပးတဲ့ လဘက္ရည္တစ္ခြက္ကို ႏွစ္ေယာက္ဆို တစ္ေယာက္တစ္ဝက္ ေသာက္ေနရတာေနာ္..

မုန႔္မပါဘူး။ ထမင္း ဟင္းမပါေသးဘူး ..ဆိုတာေလး မ်က္စိထဲ ျမင္ေယာင္ၾကည့္လိုက္ပါ။ သမီး တစ္လ ၃/၄ သိန္း ကုန္တယ္ဆို တစ္ရက္ တစ္ေသာင္း ႏႈန္းေလာက္ သုံးေနတဲ့အထဲမွာ မိဘအတြက္ ၄၀၀/၅၀၀ ပဲ ပါေနေသးတယ္ လဘက္ရည္တစ္ခြက္ဖိုးပဲ ရွိေသးတယ္ဆိုတာ ျမင္ေတြးၾကည့္လိုက္ပါ” ကေလးမေလး မ်က္ရည္ေတြ က်လာသည္။ ”

သမီးမိဘက အဆင္မေျပလို႔ဆိုၿပီး သမီးကို တစ္ရက္ကေလး အငတ္ထားခဲ့ဘူးသလား” ကေလးမေလး အသံမထြက္ေတာ့။ေခါင္းခါျပသည္။

“သမီး ..အခု မိဘကို အငတ္ထားသလို ျဖစ္ေနၿပီေနာ္။ မိဘ ဆိုတာ မေသခင္လုပ္ေကၽြးရတာ။ ေသၿပီးမွေတာ့ ငိုျပမေနေတာ့နဲ႔။ ေဖ့ဘြတ္မွာ “ I love my mom “ “ I love my Dad “ ေလာက္ကို ေက်းဇူးဆပ္တယ္ထင္မေနနဲ႔။

သူတို႔မစားနိုင္အိပ္ယာေပၚက မထနိုင္ေတာ့တဲ့ အခ်ိန္မွလည္း ေကၽြးမေနေတာ့နဲ႔။ ဆရာ့ရဲ့ သီတင္းကၽြတ္ လက္ေဆာင္ကေတာ့ ” မိဘကို အျမန္ဆုံး လုပ္ေကၽြးပါ” လို႔ပဲ ေျပာခ်င္ပါတယ္ သမီးေရ” ကေလးမေလး ငိုခ်ေတာ့သည္။

” ကဲ…အခုလို ဆရာ့ကို ကန္ေတာ့ရေသာ အက်ိဳးအားေၾကာင့္ မိဘကို အလုပ္အေကၽြးျပဳနိုင္ေသာ သမီးေကာင္းရတနာ တစ္ဦး ျဖစ္ပါေစ လို႔ ဆုေတာင္းေပးလိုက္ပါတယ္” မိဘက လိုအပ္သည္ျဖစ္ေစ မလိုအပ္သည္ျဖစ္ေစ လုပ္ေကၽြးျဖစ္ေအာင္ လုပ္ေကၽြးၾကပါ။

အျမန္ဆုံးလုပ္ေကၽြးပါ။ တတ္နိုင္သမၽွ မ်ားမ်ား လုပ္ေကၽြးေပးၾကပါ။ မလုပ္ေကၽြးရေသးတဲ့လူေတြလဲ ျမန္ျမန္ လုပ္ေကၽြးၾကပါ။ လုပ္ေကၽြးေနတဲ့ လူေတြလဲ ယခုထက္ပိုၿပီး မ်ားမ်ားလုပ္ေကၽြးၾကပါ။

“ကၽြန္ေတာ္ / ကၽြန္မ တို႔ အမ်ားႀကီး ႀကိဳးစားရပါဦးမည္” သင္ဖတ္ၿပီးလို႔ လက္ခံတယ္ဆိုရင္အမ်ားသူငွါ အသ္တိုးေစဖို႔ေမတၱာျဖင့္ ျဖန႔္ေဝပါအုံးေနာ္ ။

ေလးစားစြာျဖင့္ ခရက္ဒစ္ မူရင္း