ဖားကန႔္တြင္ ေျမစာပုံၿပိဳက်မႈ ေရမေဆးေက်ာက္ရွာေဖြသူ လူရာခ်ီ၍ ေပ်ာက္ဆုံးေန
Dec 22,2021/Kachin News Group
ဖားကန္႔၊ လုံးခင္းအုပ္စု၊ ေမွာ္စီစာအပိုင္းဘက္တြင္ ယေန႔ နံနက္ပိုင္း ၃နာရီဝန္းက်င္ခန္႔တြင္ ေျမစာပုံၿပိဳက်မႈထပ္မံျဖစ္ပြားခဲ့ေသာေၾကာင့္ ေရမေဆးသမားမ်ား ၈၀ ဝန္းက်င္ခန္႔ ေသဆုံးႏိုင္ေၾကာင္းသတင္းရရွိပါသည္။
သာယာကုန္းႏွင့္ ေအာင္သာယာ (၂)ၾကားရွိ စိန္စိန္ကုမၸဏီလုပ္ကြက္ေဟာင္းေနရာတြင္ ေပ ၁၀၀ ေက်ာ္ခန္႔ရွိသည့္ ေျမစာပုံၿပိဳက်မႈျဖစ္ပြားခဲ့သည္ဟု ဖားကန္႔ ေဒသခံတစ္ဦးက KNG သတင္းဌာနကို ေျပာခဲ့သည္။
“ျဖစ္ပြားခဲ့တာက မနက္ပိုင္း ၃နာရီေလာက္မွာျဖစ္မယ္။ ေအာင္သာယာ (၂)အနီးမွာရွိတဲ့လုပ္ကြက္ ေဟာင္းေနရာျဖစ္သြားတယ္။ အခုသိရသေလာက္က ေရမေဆးသမားေတြက ေအာက္မွာ ေက်ာက္ရွာေနၾကတာတဲ့အခ်ိန္ အေပၚကေနေျမၿပိဳက်လာတယ္လို႔ေျပာၾကတယ္။ ေျမၿပိဳတဲ့ေနရာမွာလြတ္လာသူတစ္ခ်ိဳ႕ ေျပာဆိုအရဆို ၈၀ ေလာက္ပါႏိုင္တယ္လို႔ ေျပာၾကတယ္။ အခုခ်ိန္အထိ အတိက်ေတာ့ ဘယ္သူမွ မသိရေသးဘူး”ဟုေျပာဆိုသည္။
ေျမစာပုံၿပိဳက်မႈတြင္ ပါသြားသည့္ ေရမေဆးသမားမ်ားကို ရွာေဖြရန္အတြက္ လူမႈကူညီေရး ကယ္ဆယ္ေရးသမားမ်ားအဖြဲ႕က ျပင္ဆင္ေနၾကေနသည္ဟု သူကဆက္ဆိုသည္။
ဖားကန္႔တြင္ ဒီဇင္ဘာလ ၁၉ရက္ေန႔ နံနက္ပိုင္းကလည္း ဆိပ္မူအုပ္စု ဆိုင္းဂ်ာဘြမ့္ေက်း႐ြာတြင္ ေျမစာပုံၿပိဳက်မႈျဖစ္ပြားခဲ့ေသာေၾကာင့္ လူ ၅ဦးေသဆုံးမႈျဖစ္ပြားခဲ့ျခင္းျဖစ္ပါသည္။
ဖားကန့်တွင် မြေစာပုံပြိုကျမှု ရေမဆေးကျောက်ရှာဖွေသူ လူရာချီ၍ ပျောက်ဆုံးနေ
Dec 22,2021/Kachin News Group
ဖားကန့်၊ လုံးခင်းအုပ်စု၊ မှော်စီစာအပိုင်းဘက်တွင် ယနေ့ နံနက်ပိုင်း ၃နာရီဝန်းကျင်ခန့်တွင် မြေစာပုံပြိုကျမှုထပ်မံဖြစ်ပွားခဲ့သောကြောင့် ရေမဆေးသမားများ ၈၀ ဝန်းကျင်ခန့် သေဆုံးနိုင်ကြောင်းသတင်းရရှိပါသည်။
သာယာကုန်းနှင့် အောင်သာယာ (၂)ကြားရှိ စိန်စိန်ကုမ္ပဏီလုပ်ကွက်ဟောင်းနေရာတွင် ပေ ၁၀၀ ကျော်ခန့်ရှိသည့် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့သည်ဟု ဖားကန့် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောခဲ့သည်။
“ဖြစ်ပွားခဲ့တာက မနက်ပိုင်း ၃နာရီလောက်မှာဖြစ်မယ်။ အောင်သာယာ (၂)အနီးမှာရှိတဲ့လုပ်ကွက် ဟောင်းနေရာဖြစ်သွားတယ်။ အခုသိရသလောက်က ရေမဆေးသမားတွေက အောက်မှာ ကျောက်ရှာနေကြတာတဲ့အချိန် အပေါ်ကနေမြေပြိုကျလာတယ်လို့ပြောကြတယ်။ မြေပြိုတဲ့နေရာမှာလွတ်လာသူတစ်ချို့ ပြောဆိုအရဆို ၈၀ လောက်ပါနိုင်တယ်လို့ ပြောကြတယ်။ အခုချိန်အထိ အတိကျတော့ ဘယ်သူမှ မသိရသေးဘူး”ဟုပြောဆိုသည်။
မြေစာပုံပြိုကျမှုတွင် ပါသွားသည့် ရေမဆေးသမားများကို ရှာဖွေရန်အတွက် လူမှုကူညီရေး ကယ်ဆယ်ရေးသမားများအဖွဲ့က ပြင်ဆင်နေကြနေသည်ဟု သူကဆက်ဆိုသည်။
ဖားကန့်တွင် ဒီဇင်ဘာလ ၁၉ရက်နေ့ နံနက်ပိုင်းကလည်း ဆိပ်မူအုပ်စု ဆိုင်းဂျာဘွမ့်ကျေးရွာတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့သောကြောင့် လူ ၅ဦးသေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။