ၾကားသိရသမွ်

ပြည်သူအတွက် အသက်ပေးဖို့ ဆုံးဖြတ်ထားပြီဆိုတဲ့ CDM ရဲမေလေး

ပြည်သူအတွက် အသက်ပေးဖို့ ဆုံးဖြတ်ထားပြီဆိုတဲ့ CDM ရဲမေလေး

ပြည်သူအတွက်အသက်ပေးဖို့ဆုံးဖြတ်ထားပြီဆိုတဲ့CDMရဲမေလေးထက်ထက်အောင်/ဧရာဝတီတိုင်းမ်…..

နိုဝင်ဘာ၁၇ရက်လူသူအရောက်အပေါက်နည်းပြီးသွားလာရေးခက်ခဲလှသောလွတ်မြောက်နယ်မြေတစ်ခုရှိ တောတွင်းတစ်နေရာတွင်ပျိုမြစ်နုနယ်လှပသည့်

အမျိုးသမီးငယ်တစ်ဦးမှာ ပစ္စတိုသေနတ်ကို ကျွမ်းကျင်စွာကိုင်တွယ်ရင်းသေနတ်ပစ် လေ့ကျင့်နေသည်။ နုနယ်ပျိုမြစ်သည့် မျက်နှာသွင်ပြင်ရှိသော

အဆိုပါ အမျိုးသမီးငယ်မှာ ပစ္စတိုသေနတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ပစ်မှတ်များဆီသို့ ကျည်ဆံများ ပစ်လွှတ်လိုက်သည်။ တောတောင် များအတွင်း၌ သ

နတ်သံများ ဆူညံသွားပြီး သက်မဲ့ပစ်မှတ်များလည်း ပြိုလဲသွားခဲ့သည်

ထိုသို့ သေနတ်ပစ်လေ့ကျင့်နေသော မိန်းကလေးငယ်၏အမည်က မရည်မြတ်မွန်နိုင်ဖြစ်သည်။

သူမသည် လွန်ခဲ့သော ၉ လကျော်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမေတစ်ဦးဖြစ်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီး၍

အာဏာသိမ်းပြီးနောက်ပိုင်းဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ ပထမဦးဆုံးသော CDM ပြုလုပ်သည့်ရဲမေဖြစ်သည်အပြစ်မဲ့ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်နေတဲ့

စစ်အာဏာရှင်လက်အောက်မှာ အလုပ်ဆက်ပြီး

မလုပ်နိုင်တာကြောင့် အာဏာရှင်ကို ပြည်သူတွေနဲ့အတူ တော်လှန်ဖို့ CDM လုပ်ခဲ့တာပါ”ဟုရဲမေ မရည်မြတ်မွန်နိုင်က ရှင်းပြသည်။ သူမက ငယ်ငယ်ကတည်းက

ရဲတပ်ဖွဲ့ဝင် ဖြစ်ချင်ခဲ့သူဟုမရည်မြတ်မွန်နိုင်က ဆိုသည်။ ထို့ကြောင့်လည်း မိသားစုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထဲဝင်ခွင့်ပေးဖို့ သူမအကြိမ်ကြိမ် ပူဆာတောင်းဆိုခဲ့

သည့်အတွက်မိဘများက ခွင့်ပြုခဲ့ရသည်။

ထို့ကြောင့် ၂၀၁၇ ခုနှစ်တွင် ဧရာဝတီတိုင်း၊ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့သည်…ကျွန်မရည်မှန်းချက်က နိုင်ငံ့တာဝန် ကျေပွန်စွာထမ်းဆောင်တဲ့ ရဲမေဖြစ်ဖို့ပဲ။ အဲဒါကြောင့်

လည်းအိမ်က မိဘတွေကို ရဲတပ်ဖွဲ့ထဲ ဝင်ခွင့်ပေးဖို့ နှစ်နဲ့ချီ တောင်းဆိုခဲ့ရတယ်”ဟု သူမက ပြောပြသည်။

အသက် ၂၀ ကျော်အရွယ်မှာ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့သူ မရည်မြတ်မွန်နိုင်မှာ ရဲသင်တန်းကျောင်းတွင်အခက်အခဲ များစွာကြားထဲက စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်

စေဖို့ ကြိုးစားလေ့ကျင့်ခဲ့ရသည်။

သင်တန်းကာလ တလျောက် နေ့စဉ် နိုင်ငံနှင့် ပြည်သူအတွက် သစ္စာဆိုရင်း ရွှံ့ထဲဖုန်ထဲ၌နေပူမိုးရွာမရှောင် စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပြီးနောက် ရဲမေဖြစ်ခဲ့

သည်

သူမအနေဖြင့် ရဲတပ်ဖွဲ့အတွင်း မိမိရည်မှန်းချက်အတိုင်း တာဝန်ကျေပွန်စွာထမ်းဆောင်ရင်းတစ်ဖက်မှာလည်း ရဲတပ်ဖွဲ့၏ပျက်ယွင်းနေတဲ့ ပုံရိပ်တွေကို သူမ

သတိထားမိခဲ့သည်။

”ရဲထဲက အရာရှိ တော်တော်များများက စစ်ကောင်စီကနေ အသွင်ပြောင်းထားတာတွေများတယ်။ ရဲလုပ်ငန်း၊ ရဲစည်းကမ်းနားမလည်ဘဲကိုင်တွယ်ကြပြီး အမှုကိစ္စတွေ

လည်း အရှုပ်အရှင်းတွေ ဖြစ်လာတယ်။ ဖော်နိုင်တဲ့အမှုတောင်ဖုံးပစ်လိုက်ကြတာမျိုးအထိရှိလာတယ်”ဟု မရည်မြတ်မွန်နိုင်က ပြောပြသည်

ရဲလုပ်ငန်းဌာနအတွင်း ယခုလို စိတ်မသက်သာစရာတွေ ကြုံတွေ့လာရပြီးသည့်နောက်မှာ ရဲတပ်ဖွဲ့အပေါ်သူမ၏ယုံကြည်မှုကို ကိုယ်တိုင်ပြန်ဆန်းစစ်ပြီး သေနတ်ကိုင်

နေတာ ဘယ်သူ့အတွက်လဲဟုကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်လာခဲ့သည်။ ယင်းအချိန်မှာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးပြီး

တိုင်းပြည်ကို အာဏာသိမ်းခဲ့သည်။

ထို့ပြင် အာဏာသိမ်း စစ်ခေါင်းဆောင်က လမ်းမပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို အကြမ်းဖက်ဖြိုခွဲသ++တ်ဖြတ်ဖို့ အမိန့်ပေးခဲ့သည်။ စစ်ကောင်စီ

လက်ပါးစေစစ်တပ်နှင့် ရဲတပ်ဖွဲ့ကလည်း စစ်ခေါင်းဆောင် အမိန့်အတိုင်း လက်နက်မဲ့ပြည်သူများအပေါ်အကြမ်းဖက်သတ်ဖြတ်မှုတွေ ရက်စက်စွာ ကျူးလွန်

ဆောင်ရွက်ခဲ့ကြသည်

ယခင်ကတည်းက ပြည်သူကို ကာကွယ်ပြီး အလုပ်အကျွေးပြုဖို့အတွက် ရဲတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့သည့်မရည်မြတ်မွန်နိုင်အတွက်တော့ အာဏာသိမ်း စစ်ကောင်စီခိုင်း

သမျှ လက်နက်မဲ့ ပြည်သူကို သတ်ဖြတ်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏လုပ်ရပ်ကို စက်ဆုပ်ရွံရှာခဲ့သည်။

ထို့ကြောင့်လည်း လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM မှာ စောစီးစွာပါဝင်ခဲ့ပြီး ဧရာဝတီတိုင်းမှ ပထမဆုံးသော CDM ရဲမေအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သူမ

CDM ပြုလုပ်မှုကို မိသားစုကလည်း သဘောတူခဲ့သည်။ သူမCDM စလုပ်ဆောင်ချိန်က ရုံးမတက်၊ တာဝန်မထမ်းဆောင်တော့ဘဲ အမျိုးတွေအိမ်မှာ နှစ်လကျော်

လောက်ရှောင်တိမ်းနေခဲ့သည်။

လက်နက်မဲ့ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်ဖို့ လူငယ်တွေ PDF တပ်ဖွဲ့ထဲဝင်ကြတော့ သူမလည်း ပြည်သူကို ကာ

ကွယ်ဖို့အတွက် PDF ထဲဝင်ဖို့ ကြိုးစားတော့သည်

”ကျွန်မ ရဲတပ်ဖွဲ့ထဲဝင်တာ ပြည်သူကို ကာကွယ်ဖို့ပဲ။ စစ်ကောင်စီက လက်နက်မဲ့ပြည်သူတွေကိုအကြမ်းဖက် သတ်ဖြတ်နေတာ ဒီတိုင်းငြိမ်ခံနေလို့ မဖြစ်ဘူး။ ခံချမယ်

ဆိုတဲ့ လူငယ်တွေစိတ်ကို ကျွန်မ သဘောကျတယ်။ ဒါကြောင့်ကျွန်မလည်း PDF ထဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့တာ”ဟု မရည်မြတ်မွန်နိုင်က ပြောဆိုသည်။ သူမ မိဘတွေ

ကCDM လုပ်တာကို မကန့်ကွက်ကြသော်လည်း မိန်းမပျိုလေးတယောက် PDF ထဲဝင်ပြီး အသက်နဲ့ရင်းကာစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည်ဆိုသောကိစ္စကို

တော့ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်

”မိဘတွေ ကန့်ကွက်တဲ့ကြားက ကျွန်မ PDF ထဲ ဝင်ခဲ့တယ်။ အဲဒီအတွက် မိဘတွေက ကျွန်မကို အမွေပြတ်စွန့်လွှတ်ခဲ့တယ်။ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ကျွန်မ

အသက်ကိုတောင် ပေးအပ်ထားပြီး ပြီဆိုတော့အမွေပြတ်စွန့်လွှတ်ခံရတဲ့ကိစ္စကို အရမ်းကြီး မခံစားရပါဘူး”ဟု မရည်မြတ်မွန်နိုင်က ပြောပြသည်။

လက်ရှိတွင်မရည်မြတ်မွန်နိုင်သည် လွတ်မြောက်နယ်မြေတစ်ခု၌ အဆင့်မြင့်လက်နက်ကိုင် တိုက်ခိုက်ရေးသင်တန်း တက်ရောက်ရန် ပြင်ဆင်နေသည်။ သူမကြိုးစားမှု

တွေအားလုံးက အာဏာသိမ်း စစ်ကောင်စီကိုတိုက်ခိုက်ဖြုတ်ချရန်နှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်ဟု ဆိုသည်“ကျွန်မတို့ တိုင်းပြည်ကို စစ်

အာဏာရှင် စနစ်ဆိုးအောက်ကနေ ကယ်တင်နိုင်ရမယ်။

ပြည်သူ့တော်လှန်ရေးအောင်ကို အောင်ရမယ်။ အောင်မြင်ဖို့အတွက်လည်း ကျွန်မအသက်နဲ့ရင်းပြီး ကြိုးပမ်းသွားမယ်။ဒါ ကျွန်မ ဆုံးဖြတ်ချက်ပဲ”ဟု မရည်မြတ်မွန်နိုင်

က သူမ၏ဆုံးဖြတ်ချက်ကို ပြောပြသည်

Ayeyarwaddy_Times