ၾကားသိရသမွ်

အေးနေဝင်းနဲ့အတူ နိုင်ငံခြားဇိမ်ခံခရီးစဉ်မှာ သာယာနေကြောင်း မထင်မှတ်ပဲ အတိအလင်း ဝန်ခံမိရက်သား ဖြစ်သွားခဲ့တဲ့ ရွှေအိမ်စည်

(Unicode ဖြင့်ဖတ်ရန်)

Miss Supranational Myanmar 2018 Winner အလှမယ်တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းရဲ့မြေးဖြစ်သူ အေးနေဝင်းနဲ့ ချစ်ကြိုက်နေကြတာ တစ်နိုင်ငံလုံးသိပြီးသားဖြစ်မှာပါ။

အေးနေဝင်းဟာ မက်လောက်စရာရုပ်ရည်မျိုးလုံးဝမရှိပေမယ့် ငွေကြေးဥစ္စာက ပြည့်စုံပြီးတာမို့ ရွှေအိမ်စည်ဟာ ချစ်သူအဖြစ်ရွေးချယ်ထားတယ်ဆိုတာလည်း ပရိသတ်ကြီးအသိပဲဖြစ်ပါတယ်။

(၂၀၂၀) ခုနှစ်ကပဲ အေးနေဝင်းနဲ့ လမ်းခွဲခဲ့တယ်လို့ ပရိသတ်ကိုအသိပေးပြီးဖြစ်တဲ့ ရွှေအိမ်စည်က အခုမှာတော့ အေးနေဝင်းသွားတဲ့ နိုင်ငံခြားဇိမ်ခံခရီးစဉ်မှာ ပါဝင်နေတယ်လို့ မထင်မှတ်ပဲ ဝန်ခံမိရက်သားဖြစ်သွားခဲ့ပါတယ်။

အကြောင်းကတော့ ရွှေအိမ်စည် နောက်ဆုံးတင်တဲ့ နိုင်ငံခြားခရီးစဉ်က ဓာတ်ပုံမှာ အေးနေဝင်းဟာ ရွှေအိမ်စည်ကိုဓာတ်ပုံရိုက်ပေးနေခဲ့ကြောင်း ရွှေအိမ်စည်ရဲ့အနောက်က မှန်သားပြင်ပေါ်မှာ ထင်ထင်ရှားရှားကြီးပေါ်လွင်နေတာကြောင့်ပဲဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လက ဒူဘိုင်းမှာ အေးနေဝင်းနဲ့ ရွှေအိမ်စည်တို့လည်ပတ်နေတာကို မြန်မာလူမျိုးတစ်ယောက်က တွေ့မြင်ဓာတ်ပုံရိုက်ခဲ့ပြီး အဆိုပါဓာတ်ပုံထဲက အဝတ်အစားနဲ့ပဲ ရွှေအိမ်စည်က သူမရဲ့အင်စတာဂရမ်မှာပုံတင်ထားတာကိုလည်း တွေ့ရပါတယ်။

ရွှေအိမ်စည်ကတော့ အခုဆိုရင် အေးနေဝင်းရဲ့ ပြည်ပဇိမ်ခံခရီးစဉ်မှာ အတူတူလိုက်ပါပြီး တန်ဖိုးကြီးဟိုတယ်တွေမှာတည်း ဈေးကြီးအစားအသောက်တွေစားရင်း သုံးဖြုန်းဇိမ်ခံနေလျက်ရှိတယ်ဆိုတာ ဝန်ခံပြီးသားဖြစ်သွားတာကို တွေ့ရပါတယ်။

(Zawgyi ဖြင့်ဖတ်ရန်)

Miss Supranational Myanmar 2018 Winner အလွမယ္တစ္ေယာက္ျဖစ္တဲ့ ေ႐ႊအိမ္စည္ကေတာ့ စစ္အာဏာရွင္ ဗိုလ္ခ်ဳပ္ေနဝင္းရဲ႕ေျမးျဖစ္သူ ေအးေနဝင္းနဲ႕ ခ်စ္ႀကိဳက္ေနၾကတာ တစ္နိုင္ငံလုံးသိၿပီးသားျဖစ္မွာပါ။

ေအးေနဝင္းဟာ မက္ေလာက္စရာ႐ုပ္ရည္မ်ိဳးလုံးဝမရွိေပမယ့္ ေငြေၾကးဥစၥာက ျပည့္စုံၿပီးတာမို႔ ေ႐ႊအိမ္စည္ဟာ ခ်စ္သူအျဖစ္ေ႐ြးခ်ယ္ထားတယ္ဆိုတာလည္း ပရိသတ္ႀကီးအသိပဲျဖစ္ပါတယ္။

(၂၀၂၀) ခုႏွစ္ကပဲ ေအးေနဝင္းနဲ႕ လမ္းခြဲခဲ့တယ္လို႔ ပရိသတ္ကိုအသိေပးၿပီးျဖစ္တဲ့ ေ႐ႊအိမ္စည္က အခုမွာေတာ့ ေအးေနဝင္းသြားတဲ့ နိုင္ငံျခားဇိမ္ခံခရီးစဥ္မွာ ပါဝင္ေနတယ္လို႔ မထင္မွတ္ပဲ ဝန္ခံမိရက္သားျဖစ္သြားခဲ့ပါတယ္။

အေၾကာင္းကေတာ့ ေ႐ႊအိမ္စည္ ေနာက္ဆုံးတင္တဲ့ နိုင္ငံျခားခရီးစဥ္က ဓာတ္ပုံမွာ ေအးေနဝင္းဟာ ေ႐ႊအိမ္စည္ကိုဓာတ္ပုံရိုက္ေပးေနခဲ့ေၾကာင္း ေ႐ႊအိမ္စည္ရဲ႕အေနာက္က မွန္သားျပင္ေပၚမွာ ထင္ထင္ရွားရွားႀကီးေပၚလြင္ေနတာေၾကာင့္ပဲျဖစ္ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့လက ဒူဘိုင္းမွာ ေအးေနဝင္းနဲ႕ ေ႐ႊအိမ္စည္တို႔လည္ပတ္ေနတာကို ျမန္မာလူမ်ိဳးတစ္ေယာက္က ေတြ႕ျမင္ဓာတ္ပုံရိုက္ခဲ့ၿပီး အဆိုပါဓာတ္ပုံထဲက အဝတ္အစားနဲ႕ပဲ ေ႐ႊအိမ္စည္က သူမရဲ႕အင္စတာဂရမ္မွာပုံတင္ထားတာကိုလည္း ေတြ႕ရပါတယ္။

ေ႐ႊအိမ္စည္ကေတာ့ အခုဆိုရင္ ေအးေနဝင္းရဲ႕ ျပည္ပဇိမ္ခံခရီးစဥ္မွာ အတူတူလိုက္ပါၿပီး တန္ဖိုးႀကီးဟိုတယ္ေတြမွာတည္း ေဈးႀကီးအစားအေသာက္ေတြစားရင္း သုံးျဖဳန္းဇိမ္ခံေနလ်က္ရွိတယ္ဆိုတာ ဝန္ခံၿပီးသားျဖစ္သြားတာကို ေတြ႕ရပါတယ္။