ၾကားသိရသမွ်

ကျောင်းစရိတ်အတွက်ပန်းကန်ဆေးပြီး ရှာဖွေရင်း တက္ကသိုလ် ၂ ခုကို တချိန်တည်း ဝင်ခွင့်ရရှိခဲ့ပြီး အခုဆေးတက္ကသိုလ်မှာ ကထိက ဖြစ်နေတဲ့ မိန်းကလေး

Tuoi Tre မှ သတင်းအချက်အလက်များအရ ဖော်ပြထားတဲ့ ထက်မြတ်လွန်းတဲ့အမျိုးသမီးဟာ Tran Thi O Xin လို့ အမည်ရပါတယ်

။ သူမက ဆင်းရဲတဲ့ မိသားစုမှ မွေးဖွားကြီးပြင်းလာခဲ့ပြီး 2015 ခုနှစ်မှာ O Xin က တက္ကသိုလ် 2 ခုကို တချိန်တည်း ဝင်ခွင့်ရရှိခဲ့ပြီး

တစ်ခုမှာ Hue Medicine နဲ့ Pharmacy ၊ နောက်တစ်ခုက Da Nang Polytechnic ဖြစ်ပါတယ် ။

သူမက ဆရာဝန်ဖြစ်ချင်သောကြောင့် Hue Medicine နဲ့ Pharmacy ကို ရွေးချယ်ခဲ့သော်လည်း အောင်မြင်မှုဆီသို့ သူမရဲ့ ခရီးက

မလွယ်ကူခဲ့ပါဘူး ။ မိသားစုမှာ ယောက်ျားသားတွေ မရှိတာကြောင့် အမေကဘဲ စီးပွားရေးကို ဦးစားပေးသူဖြစ်လာခဲ့ပါတယ် ။

သမီးကို ပြုစုဖို့ လယ်ကွင်းထဲ သွားပြီး ပိုက်ဆံရှာ၊ အဝတ်လျှော်၊ အဝတ်လျှော်ပြီးမှ ပန်းကန်ဆေးတဲ့ အငှားအလုပ်သမားအဖြစ် လုပ်ခဲ့ပါ

တယ် ။ နောက်ပြီး ပျက်စီးယိုယွင်းနေတဲ့ အိမ်ကိုလည်း ကြင်နာတဲ့ ဆွေမျိုးများထံ ငှားထားရပါတယ် ။

.သူ့မိသားစုမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရရုံသာမက O Xin ကလည်း သူ့ရဲ့ “ထူးဆန်းတဲ့” နာမည်ကြောင့် သူ့သူငယ်ချင်းများရဲ့

လှောင်ပြောင်ခြင်းကို ခံရတဲ့ နှစ်များတစ်လျှောက် ဖြတ်သန်းခဲ့ရပါတယ် ။ သမီးဖြစ်သူကို O Xin လို့ အမည်ပေးရခြင်းဟာ အမေဖြစ်သူ

က ဂျပန်ဒရာမာတွင် Osin ဇာတ်ကောင်ကို နှစ်သက်သောကြောင့် သမီးအတွက် စာရွက်စာတမ်းလုပ်စဉ်မှာ အနည်းငယ်ရှုပ်ထွေးနေပြီး O Xin အမည်လို့ ပေါ်လာခဲ့ပါတယ် ။

သို့သော် O Xin က ဝေဖန်တဲ့လူကို အရေးမစိုက်တော့ဘဲ တခြားသူတွေထက်စာရင် သူမဟာ ကြိုးကြိုးစားစားလေ့လာမှသာ သူ့ဘဝကို

ပြောင်းလဲဖို့ အခွင့်အလမ်းက ပိုကောင်းလာပြီး ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်လာမယ်ဆိုတာကို သူမကိုယ်တိုင် သိရှိနားလည်ခဲ့ပါတယ် ။

12 နှစ်ဆက်တိုက် O Xin က သူ့အမေအတွက်သာမက တစ်ကျောင်းလုံးအတွက် ဂုဏ်ယူစရာဖြစ်တဲ့ နယ်ပယ်ပေါင်းစုံတွင် ထူးချွန်

တဲ့ ကျောင်းသားဘွဲ့ကို ရရှိခဲ့ပြီး ထိပ်တန်းအဆင့်ပညာရေးမှတ်တမ်းတစ်ခုပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်လာခဲ့ပါတယ် ။

နောက်ပြီး ကျောင်းချိန်ပြင်ပတွင် O Xin က အချိန်အများစုကို သူမရဲ့ မိခင်ကို ပန်းကန်များဆေးကုခဲ့ပါတယ် ။ အားထုတ်ခြင်းက လူကို

ဘယ်တော့မှ သစ္စာမဖောက်တဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ် ။

O Xin ရဲ့ ကြိုးစားအားထုတ်မှုအားလုံးက တက္ကသိုလ်နှစ်ခုကို တစ်ပြိုင်နက်တည်း အောင်မြင်ပြီးတဲ့ အခါ ဆုချီးမြှင့်ခြင်းခံရပါတယ် ။

သူမကဲ့သို့ ခက်ခဲတဲ့ အခြေအနေများမှ ဆရာဝန်တစ်ဦးဖြစ်လာရန် သူမရဲ့ အိပ်မက်ကြောင့် Hue University of Medicine နဲ့

Pharmacy ကို အထွေထွေရောဂါကု ဆရာဝန်အဖြစ် ရွေးချယ်ခဲ့ပါတယ် ။

သူမဘွဲ့ရပြီးနောက် သူမ Hue ဆေးတက္ကသိုလ်နဲ့ ဆေးဘက်ဆိုင်ရာရောဂါဗေဒဌာနမှာ ကထိကအဖြစ် ဆက်လက်ရှိနေ

သောကြောင့် သူမရဲ့ ပျော်ရွှင်မှုက များပြားခဲ့ပါတယ် ။ O Xin က သေးသွယ်တဲ့အသွင်အပြင်ရှိပေမယ့် သူမရဲ့စွမ်းအင်က မသေးဘူး

မဟုတ်လား ။ O Xin လို အခက်အခဲများကို ကျော်လွှားနိုင်တဲ့ လှုံ့ဆော်မှုဆိုင်ရာ အကြောင်းများနဲ့ ဥပမာများ ပျံ့နှံ့ပြီး ပိုမိုလူသိများလာ

လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

ဘယ်သူမှ မွေးရာပါအခြေအနေကို ရွေးချယ်ပိုင်ခွင့်မရှိပေမယ့် ဘယ်လိုရင်ဆိုင်ရလဲ၊ ဘယ်လိုဖြတ်ကျော်မလဲဆိုတာကတော့ မင်း

ကိုယ်မင်း ဆုံးဖြတ်ဖို့လိုပါတယ် ။ ဘဝက ပိုခက်ခဲလေလေ၊ ပိုကြိုးစားချင်စိတ်ရှိလာလေလေပါပဲ ။

Unicode

ကျောင်းစရိတ်အတွက်ပန်းကန်ဆေးပြီး ရှာဖွေရင်း တက္ကသိုလ် 2 ခုကို တချိန်တည်း ဝင်ခွင့်ရရှိခဲ့ပြီး အခုဆေးတက္ကသိုလ်မှာ ကထိက ဖြစ်နေတဲ့ မိန်းကလေး

credit to original writer
photo credit