မနက်က ရွှေတိဂုံ ဘုရားအနီး ကြက်သီးထဖွယ်မြင်ကွင်းတစ်ခု
” ချယ်ရီပန်းတွေ ပွင့်မယ့် အစား …….”
မနက်ကရွှေတိဂုံ ဘုရားအနီး မှာတက္ကစီ တစ်စီးပျက်သွားတော့ လမ်းတွေ ပိတ်တာပေါ့….
ပျက်သွားတဲ့ တက္ကစီ ကို ယာဉ်မောင်းက တစ်ယောက်တည်း တွန်းတယ်…..
ကုန်းတက်ကြီး ဆိုတော့ ဘဘယ်အဆင်ပြေပါ့မလဲ ……..အနီးမှာရှိတဲ့ ယာဉ်ထိန်းရဲက ပြေးလာပြီ ကူတွန်းတယ်……..
ထင်သလောက် မတွန်းနိုင်ဘူး……..အဲဒီမှာ လက်တစ်ဖက် မရှိတဲ့ သတင်းစာ ရောင်းသည် က ပြေးလာပြီ ကူတွန်းတယ်……….
တစ်ဆက်တည်း ပန်းသည် ရယ် ၊ ကွမ်းယာသည် ရယ်ကပါ ဝိုင်းတွန်းတော့ နောက်ဆုံး ပျက်နေတဲ့ တက္ကစီ ကုန်းပေါ် ရောက်သွားတော့တယ်……
လမ်းပိတ်နေတာကလည်း ရှင်းသွားတယ်…….
ကိုယ်လည်း ဖုန်း အမြန် ထုတ်ပြီးမှတ်တမ်းတင် လိုက်တယ်…..
ကားကို ဝိုင်းတွန်းတဲ့တစ်ဦးတစ်ယောက်ချင်းစီ ကို လေးစားတယ်…….
တကယ်တော့ သူတို့ နဲ့ မဆိုင်သလို နေလို့ရတာပေါ့…………ဒါပေမဲ့ ……….
ကိုယ်စီ အသိစိတ် နဲ့ ပြေးလာပြီး တစ်ယောက်တစ်ဖက် တစ်ယောက်တစ်လက် နဲ့ ဝိုင်းကူညီတော့
နောက်ဆုံး ကားပိတ်တာကြီးကို ဖြေရှင်းသွားနိုင် တယ်…..အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြသနာတွေဟာ
ကျွန်တော် တို့ အတူတူ မရှိဘူးကြသေးလို့ပါကျွန်တော်တို့ အတူတူး မတွန်းရသေးလို့ပါကျွန်တော်တို့ အတူတူ လက်ဆွဲမနှုတ်ဆက် ရသေးလို့ပါ
လာပါ လက်သီးဆုပ်တွေ ဖြည်ပြီး လက်ဆွဲနှုတ်ဆက်ပြီးကျွန်တော် တို့ အတူတူ…
ကုန်းပေါ် တက်မယ်လေ……….ကျွန်တော်တို့ လက်တွေ စုပြီး ကဗျာ တစ်ပုဒ် ချရေးမယ်……..
ကြိုက်တဲ့ ခေါင်းစဉ် တပ် ငြိမ်းချမ်းရေး အကြောင်းတွေ ပါ ပါစေ…….
စာလုံးပေါင်း တွေ မှား လည်းရတယ် ဂျိုးဖြူငှက်တွေ အကြောင်း တော့ပါ ပါစေ……
ဒီမှာ ရှမ်းကြီးမရှက် နဲ့ ခင်ဗျားက အစ်ကိုကြီးဆိုကျုပ်က ညီငယ်လေး…….ပန်းတွေ လွတ်လွတ်လပ်လပ် ပွင့်ပါစေ…
ကချင်ကြီးရယ်…..ဟာခါဘိုရာဇီ တောင်တန်းကြီး ပိုလှတာပေါ့…..
တို့ တိုင်းရင်းသားတွေ ဘယ်သူပဲ ဗိုလ်လုပ်လုပ်သေနတ် မပါကြေး………နော်
ဟိုး….မှာ တွေ့လား တက္ကစီ ဆရာ အပါအဝင် ယာဉ်ထိန်းရဲကြီးရယ်၊ လက်တစ်ဖက်ပဲ ရှိတဲ့ သတင်းစာရောင်းသည်ကြီးရယ်၊
ပန်းသည်ကြီးရယ်၊ ကွမ်းရောင်းတဲ့ ညီလေးရယ်ကကုန်းပေါ်က လက်ပြနေပြီ……..
ပြည်တွင်းစစ်တွေ ရပ်ဆဲပြီး ငြိမ်းချမ်းရေး တောင်ပေါ် ကို ကျုပ်တို့ ပြေးတက်ရ အောင်ဗျာ……
ဆောင်းတွင်းမို့ အေး တယ်တဲ့ လား ရခိုင်ကြီးရေ…..
ဒါဆို ကျောပိုးထား…….ကျုပ်တို့ ပြေးတက် တော့မယ်နော်…
ချယ်ရီ ပန်းတွေ………….အစား သပြေပန်းတွေ ပွင့်နေပြီ…………….တဲ့
ဒီလမ်း ဘယ်လောက် ကြမ်းကြမ်း ကျုပ်တို့ ရအောင် တက်မယ်ဗျာ……
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
မင်းရသ (25.1.2021)
Zawgyi
မနက္က ေ႐ႊတိဂုံ ဘုရားအနီး ၾကက္သီးထဖြယ္ျမင္ကြင္းတစ္ခု
” ခ်ယ္ရီပန္းေတြ ပြင့္မယ့္ အစား …….”
မနက္ကေ႐ႊတိဂုံ ဘုရားအနီး မွာတကၠစီ တစ္စီးပ်က္သြားေတာ့ လမ္းေတြ ပိတ္တာေပါ့….
ပ်က္သြားတဲ့ တကၠစီ ကို ယာဥ္ေမာင္းက တစ္ေယာက္တည္း တြန္းတယ္…..
ကုန္းတက္ႀကီး ဆိုေတာ့ ဘဘယ္အဆင္ေျပပါ့မလဲ ……..အနီးမွာရွိတဲ့ ယာဥ္ထိန္းရဲက ေျပးလာၿပီ ကူတြန္းတယ္……..
ထင္သေလာက္ မတြန္းႏိုင္ဘူး……..အဲဒီမွာ လက္တစ္ဖက္ မရွိတဲ့ သတင္းစာ ေရာင္းသည္ က ေျပးလာၿပီ ကူတြန္းတယ္……….
တစ္ဆက္တည္း ပန္းသည္ ရယ္ ၊ ကြမ္းယာသည္ ရယ္ကပါ ဝိုင္းတြန္းေတာ့ ေနာက္ဆုံး ပ်က္ေနတဲ့ တကၠစီ ကုန္းေပၚ ေရာက္သြားေတာ့တယ္……
လမ္းပိတ္ေနတာကလည္း ရွင္းသြားတယ္…….
ကိုယ္လည္း ဖုန္း အျမန္ ထုတ္ၿပီးမွတ္တမ္းတင္ လိုက္တယ္…..
ကားကို ဝိုင္းတြန္းတဲ့တစ္ဦးတစ္ေယာက္ခ်င္းစီ ကို ေလးစားတယ္…….
တကယ္ေတာ့ သူတို႔ နဲ႔ မဆိုင္သလို ေနလို႔ရတာေပါ့…………ဒါေပမဲ့ ……….
ကိုယ္စီ အသိစိတ္ နဲ႔ ေျပးလာၿပီး တစ္ေယာက္တစ္ဖက္ တစ္ေယာက္တစ္လက္ နဲ႔ ဝိုင္းကူညီေတာ့
ေနာက္ဆုံး ကားပိတ္တာႀကီးကို ေျဖရွင္းသြားႏိုင္ တယ္…..အခု ျမန္မာျပည္မွာ ျဖစ္ေနတဲ့ ျပသနာေတြဟာ
ကြၽန္ေတာ္ တို႔ အတူတူ မရွိဘူးၾကေသးလို႔ပါကြၽန္ေတာ္တို႔ အတူတူး မတြန္းရေသးလို႔ပါကြၽန္ေတာ္တို႔ အတူတူ လက္ဆြဲမႏႈတ္ဆက္ ရေသးလို႔ပါ
လာပါ လက္သီးဆုပ္ေတြ ျဖည္ၿပီး လက္ဆြဲႏႈတ္ဆက္ၿပီးကြၽန္ေတာ္ တို႔ အတူတူ………………..
ကုန္းေပၚ တက္မယ္ေလ……….ကြၽန္ေတာ္တို႔ လက္ေတြ စုၿပီး ကဗ်ာ တစ္ပုဒ္ ခ်ေရးမယ္……..
ႀကိဳက္တဲ့ ေခါင္းစဥ္ တပ္ ၿငိမ္းခ်မ္းေရး အေၾကာင္းေတြ ပါ ပါေစ…….
စာလုံးေပါင္း ေတြ မွား လည္းရတယ္ ဂ်ိဳးျဖဴငွက္ေတြ အေၾကာင္း ေတာ့ပါ ပါေစ……
ဒီမွာ ရွမ္းႀကီးမရွက္ နဲ႔ ခင္ဗ်ားက အစ္ကိုႀကီးဆိုက်ဳပ္က ညီငယ္ေလး…….ပန္းေတြ လြတ္လြတ္လပ္လပ္ ပြင့္ပါေစ……..
ကခ်င္ႀကီးရယ္…..ဟာခါဘိုရာဇီ ေတာင္တန္းႀကီး ပိုလွတာေပါ့…..
တို႔ တိုင္းရင္းသားေတြ ဘယ္သူပဲ ဗိုလ္လုပ္လုပ္ေသနတ္ မပါေၾကး………ေနာ္
ဟိုး….မွာ ေတြ႕လား တကၠစီ ဆရာ အပါအဝင္ ယာဥ္ထိန္းရဲႀကီးရယ္၊ လက္တစ္ဖက္ပဲ ရွိတဲ့ သတင္းစာေရာင္းသည္ႀကီးရယ္၊
ပန္းသည္ႀကီးရယ္၊ ကြမ္းေရာင္းတဲ့ ညီေလးရယ္ကကုန္းေပၚက လက္ျပေနၿပီ……..
ျပည္တြင္းစစ္ေတြ ရပ္ဆဲၿပီး ၿငိမ္းခ်မ္းေရး ေတာင္ေပၚ ကို က်ဳပ္တို႔ ေျပးတက္ရ ေအာင္ဗ်ာ……
ေဆာင္းတြင္းမို႔ ေအး တယ္တဲ့ လား ရခိုင္ႀကီးေရ…..
ဒါဆို ေက်ာပိုးထား…….က်ဳပ္တို႔ ေျပးတက္ ေတာ့မယ္ေနာ္…
ခ်ယ္ရီ ပန္းေတြ………….အစား သေျပပန္းေတြ ပြင့္ေနၿပီ…………….တဲ့
ဒီလမ္း ဘယ္ေလာက္ ၾကမ္းၾကမ္း က်ဳပ္တို႔ ရေအာင္ တက္မယ္ဗ်ာ……
အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။
မင္းရသ (25.1.2021)