မော်ဒယ်ပိုင်တံခွန် နှင့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ အလုပ်ကြမ်းနှင့် ထောင် ၃နှစ်ချခံရ
မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် နှင့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင် ၃နှစ်ချမှတ်လိုက်သည်။
ထောင်တွင်းအထူးတရားရုံးက ဒီဇင်ဘာ ၂၇ရက်တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။
၎င်းတို့ နှစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။
စစ်ကောင်စီက မော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်ကို ဧပြီလတွင် ဖမ်းဆီးခဲ့သည်။

ပရဟိတ လုပ်ဆောင်မှုများဖြင့် လူသိများသည့် ဆရာမ ဒေါ်သန်းမြင့်အောင်သည့် လူထုရွေးကောက်တင်မြှောက်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ရန်ကုန်တိုင်း၊ စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ် သည်။
စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဆရာမ ဒေါ်သန်းမြင့်အောင်၏ နေအိမ်အား ဝင်ရောက် စီးနင်းကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ကြောရေးတွင် တလခန့် ချုပ်နှောင်ခံခဲ့ရကြောင်းလည်း သိရသည်။
unicode




