ခွေးလေးများသည် စိတ်ခံစားချက် သံယောဇဉ်ကြီးမားတတ်သော တိရစ္ဆာန်လေးဖြစ်ပြီး သူတို့ချစ်ခင်တဲ့သူအပေါ်မှာလည်း အခြေအနေအမျိုးမျိုးပြောင်းလဲ နေထိုင်တတ်ကြသည်။
သို့ဖြစ်၍ တောင်ကိုးရီးယားနိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သော လယ်လုပ်သမား ဇနီးမောင်နှံနှစ်ဦးသည် လမ်းဘေးတွင်စွန့်ပစ်ခံဖြစ်နေသော ခွေးပေါက်လေးတစ်ကောင်ကို အိမ်သို့ခေါ်ပြန်ကာ မွေးစားခဲ့စဥ် ခြံထဲတွင် နွားမကြီးတစ်ကောင်နှင့် အဖော်ရသွားခဲ့သည်။

ခွေးလေးသည် ငယ်စဥ်တည်းက မိခင်မေတ္တာအပြည့်အဝမရရှိတဲ့အတွက် နွားမကြီးကို သူ့ရဲ့မိခင်ရင်းလိုသဘောထားကာ စားအတူသွားအတူနဲ့ အနားကမခွာပဲ ချစ်ခင်ခဲ့ကြရာ တစ်နေ့တွင် သခင်ဖြစ်သူသည် စီးပွားရေးအခြေအနေမကောင်း၍ ငွေရေးကြေးရေး ခက်ခဲလာကာ နွားမကြီးအား ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့သည်။

ခွေးလေးသည် နွားမကြီးအား ဝယ်သူတွေမှ လာရောက်ခေါ်သွားစဥ် ဝမ်းနည်းမှုကြီးစွာ မျက်ရည်များကျခဲ့ပြီး အစားလည်းမစားတော့ပဲ တမှိုင်မှိုင်တထွေထွေဖြစ်နေရာ သခင်ဖြစ်သူမှ နွားမကြီးကိုမရောင်းစားရက်တော့ပဲ ဖြစ်နေတော့သည်။

ထိုအချိန်မှပဲ ခွေးလေးသည် နွားမကြီးကို မဆုံးရှုံးရတော့ပူးဆိုတာ သိရှိကာ ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့ပြီး သခင်ဖြစ်သူမှ နောက်နေ့တွင် အခြားသောခွေးလေးတစ်ကောင်ကို အိမ်သို့ခေါ်လာခဲ့ရင်း အဖော်သစ်အဖြစ်မိတ်ဆက်ပေးခဲ့သည်။

Hlaing (Love Feeling)
Zawgyi
မိခင်ရင်းချာလို ချစ်ခင်ရသောနွားမကြီးအား သခင်ဖြစ်သူမှ ရောင်းထုတ်ခဲ့စဉ် ဝမ်းနည်းပြီး မျက်ရည်များစွာကျနေသည့် ခွေးလေး
Hlaing (Love Feeling)



