စင်္ကာပူနိုင်ငံရဲ့ တိုက်ခန်းအိမ်ရာတစ်ခုရှိ မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ အမျိုးသမီးတစ်ဦးကိုမြင်လိုက်ရပြီးနောက် သူမဟာ သူမရဲ့ တိုက်ခန်းထဲက ခုန်ချသွားတယ်လို့ထင်သွားခဲ့တဲ့အမျိုးသားတစ်ဦးဟာ ၎င်းအဖြစ်ကိုမြင်ပြီး တုန်လှုပ်ခြောက်ခြားသွားခဲ့ရပါတယ်။ တိုက်ခန်းတစ်ခုရဲ့ မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ အမျိုးသမီး၏ဓာတ်ပုံများကို Boy Zam အမည်ရှိ netizen တစ်ဦးက ပြီးခဲ့သည့် စနေနေ့က Facebook ပေါ်မှာ တင်ခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံတွေမှာ အနီရောင် ဆာရီ ၀တ်ဆင်ထားသည့် အမျိုးသမီးဟာ သတင်းစာ အစိတ်အပိုင်းများရဲ့ နံဘေးမှာ လဲလျောင်းနေသည်ကို တွေ့ရပါတယ်။ ဓာတ်ပုံတွေထဲကအရ အဆိုပါ အန်တီအရွယ် အမျိုးသမီးရဲ့ရှေ့က သတင်းစာများပေါ်မှာ တင်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင်များစွာကိုလည်း ပြသထားခဲ့ပါတယ်။

သူ့ရဲ့ပို့စ်မှာတော့ Boy Zam က “ သူမရဲ့ပစ္စည်းတွေကို နေလှန်းထားတာမတွေ့မချင်း အန်တီ့ကို သူမကိုယ်သူမ အဆုံးစီရင်သွားတယ်လို့ ထင်နေခဲ့တာ ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။ တကယ်တော့ ဟင်းခတ်အမွှေးအကြိုင်တွေ ခြောက်သွားအောင် စောင့်ရင်းနဲ့ အဆိုပါအန်တီကြီးက တစ်ရေးတစ်မော အိပ်နေပုံပါပဲ။ Boy Zam ၏အဆိုအရ အဆိုပါအမျိုးသမီးဟာ ကြောင် သို့မဟုတ် ငှက်တွေရဲ့အဖျက်ရန်ကနေကာကွယ်ဖို့ ၎င်းဟင်းခတ်အမွှေးအကြိုင်များရဲ့ဘေးမှာ လဲလျောင်းနေခဲ့ပုံရနိုင်ကြောင်း ပြောပြခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆိုပါ ပို့စ်ဟာ လူအများက ၎င်းတို့ရဲ့ နားလည်မှုလွဲမှားနေမှုအတွက် စိတ်သက်သာရာရကြောင်း ဖော်ပြလာတာကြောင့် လူမှုကွန်ရက်ပေါ်မှာ ချက်ချင်းပင် ပျံ့နှံ့သွားခဲ့ပါတယ်။

သို့ပေမဲ့လည်း အခြားအသုံးပြုသူများက ၎င်းက အိန္ဒိယယဉ်ကျေးမှုကို မထီမဲ့မြင်ပြုစေတာကြောင့် ပို့စ်အား ဖယ်ရှားရန် တောင်းဆိုခဲ့ကြသလို ၊အချို့ကလည်း ပူပြင်းတဲ့နေရောင်ခြည်အောက်မှာ အမွှေးအကြိုင်တွေကို အခြောက်ခံတာဟာ မိခင်တွေရဲ့ သားသမီးတွေကို ပြသတဲ့ ကြီးမားတဲ့ ကြိုးစားအားထုတ်မှုနဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတယ်လို့ မှတ်ချက်တချို့ ရေးထားခဲ့ကြပါတယ်။

စတိုးဆိုင်မှ ဟင်းခတ်အမွှေးအကြိုင်များကို ဝယ်ယူမည့်အစား အိန္ဒိယလူမျိုးအချို့ဟာ ဟင်းခတ်အမွှေးအကြိုင်များကို သူတို့ဘာသာသူတို့ ကြိုးစားပြီး ဂရုတစိုက် အခြောက်ခံရန်သာ ရွေးချယ်တတ်ကြပါတယ်။ ၎င်းကဲ့သို့ ပြောဆိုချက်တွေများလာတာကြောင့် ၎င်းအဖြစ်အပျက်ဟာ အချို့သူများအတွက် ရယ်စရာအဖြစ် ပေါ်လာခဲ့ပေမဲ့လည်း၊ ဤအရာကို အခြားယဉ်ကျေးမှုများအကြောင်း လေ့လာရန် အခွင့်အရေးတစ်ခုအဖြစ် ခံယူခဲ့ကြတဲ့ လူအချို့လည်း ရှိနေခဲ့ပါတယ်။

Mia (KB Chimmy One)
Reference : gtgoodtimes



