Unicode
ပရိသတ်ကြီးရေ ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင် ပျက်လုံးတွေနဲ့ တင်ဆက်နေတဲ့ ဟားငါးကောင်အငြိမ့်အဖွဲ့ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။ ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အာဏာစသိမ်းတဲ့အချိန်ကစပြီး
အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ အစောဆုံးရပ်တည်ခဲ့တဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ ဟားငါးကောင်အဖွဲ့ကို တိုင်းကျော်၊ပြည်ကျော်၊ဝိုင်းကျော်၊ပိုးလေး၊တိုးကျော်အစရှိတဲ့အဖွဲ့ဝင်ငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

အမှန်တရားဘက်တော်သားတွေဖြစ်ကြတဲ့ သူတို့ငါးဦးဟာ တတ်ညီလက်ညီနဲ့ အာဏာရှင်ကိုတွန်းလှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ
ရောက်ရှိနေတဲ့ သူတို့တွေအတွက်ကတော့ တော်လှန်ရေးဆိုတာ ခါးပေမယ့်ချိုတယ်လို့ ဆိုလိုက်ပါတယ်။ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အငြိမ့်ဇာတ်ခုံမှာ ကပြဖျော်ဖြေရုံတင်မက ရုပ်ရှင်ဇာတ်ကားတွေထဲမှာလဲ
ဟာသသရုပ်ဆောင်မနေနဲ့ သရုပ်ဆောင်ကြပါသေးတယ်နော်။ ဟာသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ရာမှာလဲ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဖွဲ့တစ်ခုလဲ ဖြစ်ပါတယ်။

တစ်ဦးတစ်ယောက်ချင်းဆီကလဲ ရည်ရွယ်ချက်တူ သူငယ်ချင်းတွေဖြစ်တာကြောင့်တစ်ဦးနဲ့တစ်ဦး အရမ်းကိုချစ်ခင်ကြတာလဲ ဖြစ်ပါတယ်။ မြန်မာပြည်ကြီး ဒီမိုကရေစီရရှိအောင် လုပ်ဆောင်နေတဲ့အပေါ်မှာ ကျရာတာဝန်ကို
မငြီးမငြူဆောင်ရွက်နေကြသူတွေပါ။ တောထဲမှာ အနေအထိုင်၊အစားအသောက်တွေ ခက်ခဲကြမ်းတမ်းပေမယ့် “တော်လှန်ရေးဆိုတာ ခါးပင်မဲ့ ချိုပါတယ် သူငယ်ချင်း” လို့ တိုင်းကျော် ဟာသူရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။
လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် လူရွှင်တော် တိုင်းကျော် ကို ချစ်တဲ့ပရိသတ်တွေကတော့ ဘေးကင်းပါစေလို့ ဆုတောင်းပေးနေကြတာကိုလဲ တွေ့ရပါတယ်။ ကဲ… ပရိသတ်ကြီးရေ စစ်ဘေးရှောင်ပြည်သူတွေနဲ့ လူရွှင်တော် တိုင်းကျော် အတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။

Zawgyi




