လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ကုမ္ပဏီရဲ့ လိုအပ်ချက်တွေကို ရေးသားဖော်ပြခဲ့တဲ့ foodpanda rider တစ်ဦးရဲ့ post ကို ကိုယ်ပိုင်အကောင့်မှာ ပြန်လည်ဝေမျှခဲ့တဲ့ rider (၃) ဦးကို food panda Myanmar ကုမ္ပဏီက အလုပ်ထုတ်လိုက်တယ်လို့ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။
လုံးဝအထုတ်ခံလိုက်ရပြီ။ အခုလိုထုတ်တာကြီးကတော့ ကျွန်တော်တို့ ထမင်းအိုးကိုရိုက်ခွဲလိုက်သလိုပဲ။ ချက်ချင်းကြီး ထုတ်တယ်ဆိုပြီးလုပ်တာ။ အမှန်ဆို အလုပ်စလုပ်ကတည်းက သူတို့စည်းကမ်းချက်ထဲမှာလည်း ပါပြီးသား။ ဝန်ထမ်းတွေ တစ်ခုခုအမှားရှိခဲ့ရင် ပထမအကြိမ်၊ ဒုတိယအကြိမ်ဆိုပြီး သတိပေးချက်မျိုးရှိရမှာ၊ အခုဟာက တစ်ခါတည်းဖြုတ်တယ်ဆိုတာက လုံးဝမဖြစ်သင့်ဘူး။
လုပ်လာခဲ့တဲ့ တလျှောက်လည်း ဘာပြစ်ချက်မှမရှိဘူး။ customer တွေနဲ့ ဘာပြဿနာမှမရှိခဲ့ဘူး။ ကျွန်တော်တို့တွေ Facebook မှာ ရေးတင်တယ်ဆိုတာလည်း တကယ်ဝန်ထမ်းတွေကြုံတွေ့နေရတဲ့ အရာတွေပဲ ကျန်တဲ့သူတွေ မေးကြည့်လည်းရတယ်။ ဒါကိုကုမ္ပဏီဘက်က မဖြေရှင်းပေးဘဲ အလုပ်ထုတ်လိုက်တာမျိုးကျတော့ လုံးဝမကျေနပ်ဘူးဗျာ” လို့ အလုပ်ထုတ်ခံလိုက်ရတဲ့ rider တစ်ဦးက Duwun ကို ပြောပါတယ်။
အလုပ်ထုတ်ခံရတဲ့ rider တွေအနေနဲ့ အလုပ်ထုတ်ခံရတဲ့ နိုဝင်ဘာလ (၁၉)ရက်နေ့က ကုမ္ပဏီရဲ့တာဝန်ရှိသူနဲ့ တွေ့ဆုံဖို့ သွားရောက် တွေ့ဆုံခဲ့ကြပေမယ့်လည်း အလုပ်ထုတ်လိုက်ကြောင်း အဖြေသာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ “ မူရင်း post တင်တဲ့သူက fake အကောင့်နဲ့ တင်လိုက်တာ။ အဲဒါကို ကျွန်တော်တို့က copy ယူပြီး ကိုယ့်အကောင့်တွေမှာပြန်တင်လိုက်ကြတာပါ။
အခုထုတ်ခံရတဲ့ (၃) ယောက်မှာ မူရင်း post တင်တဲ့သူမပါဘူး။ ပြန်ကူးတင်တဲ့သူတွေပဲ။ ကျွန်တော်တို့ကလည်း သူတင်ထားတာတွေက ကိုယ့်ခံစားချက်တွေအတိုင်းပဲ လက်တွေ့လည်းအဲလိုဖြစ်နေတာဆိုတော့ အမှန်ကိုဖော်ပြတဲ့သဘော။ တကယ်လည်း ကုမ္ပဏီကဝန်ထမ်းတွေနဲ့ ပတ်သက်လို့ ဘာတာဝန်ယူမှုမှမရှိဘူး။
ကျွန်တော်တို့ rider တွေထဲက တစ်ခုခုဖြစ်တယ်ဆိုတောင် rider တွေအားလုံးပဲစုပြီး ကိုယ်တက်နိုင်သလောက် ၁၀၀၀ ဆီစုပြီး ပြန်ထောက်ပံ့နေကြရတာ။ အခက်အခဲဖြစ်နေတဲ့ ကာလတွေတစ်လျှောက်လည်း ဘာမှကူညီထောက်ပံ့ခဲ့တာတွေ မရှိဘူးလို့ နောက်ထပ်အလုပ်ထုတ်ခံလိုက်ရသူ တစ်ဦးကပြောပါတယ်။
အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေရဲ့ ပြောပြချက်နဲ့ လူမှုကွန်ရက်မှာရေးသားတင်ခဲ့တဲ့ post မှာပါဝင်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ food panda Myanmar ကုမ္ပဏီဘက်ကို duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလို ပြန်လည် ဖြေကြားပါတယ်။
“မကြာသေးခင်က ဖြစ်သွားတဲ့ rider ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း များစွာစိတ်မကောင်းဖြစ်ရပြီး ကုမ္ပဏီအနေနဲ့ အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်” လို့ food panda Myanmar မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် အလုပ်ထုတ်လိုက်တဲ့ ဝန်ထမ်းသုံးဦးနဲ့ ပတ်သက်ပြီးတော့လည်း အဆင့်ဆင့်သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားပါတယ်။
“ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့လည်း post တင်ခဲ့တဲ့ rider ကို လူချင်းတွေ့ခဲ့ပါတယ်။ အဓိကကတော့ ကုမ္ပဏီဖက်က လုပ်ဆောင်ပေးခဲ့တဲ့ဖြစ်ရပ်နဲ့ လူမှုကွန်ယက်မှာ ပြန့်နှံ့နေတဲ့ဖြစ်ရပ်ကြား မတူညီကွဲပြားချက်တွေ တွေ့ရတဲ့အတွက် အခုလိုတွေ့ဆုံမေးမြန်းခဲ့တာပါ။ နောက်ပြီး ကျွန်တော်တို့ဘက်က လုပ်ဆောင်ခဲ့တာတွေကို ပြောပြခဲ့ပြီး rider တင်ထားတဲ့ပို့စ်မှ မမှန်ကန်သော အချက်များကို ပြောပြပေးခဲ့ပါတယ်။
ဒီလိုပြောပြပေးခဲ့ပေမဲ့လည်း rider အနေနဲ့ မှားယွင်းတဲ့ သတင်းကို ဆက်လက်ဖြန့်ဝေနေခဲ့ပါတယ်။ အသေးစိတ်စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ ဒီ rider များအနေနဲ့က အခုလိုမျိုး ကုမ္ပဏီကိုထိခိုက်စေတဲ့ မမှန်မကန် ရေးသားမှုမျိုး အရင်ကတည်းက ရှိခဲ့ဖူးတဲ့အတွက် ကျွန်တော်တို့အဆင့်ဆင့် စဉ်းစားပြီး rider နဲ့ လက်တွဲဖြုတ်လိုက်ရခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
အလုပ်ထုတ်ခံရတဲ့ rider တွေနဲ့ ကုမ္ပဏီကြားမှာ ဆက်လက်ညှိနှိုင်းတာမျိုးမရှိတော့ဘဲ rider တွေဘက်က အလုပ်လုပ်စဉ်အတွင်း ကုမ္ပဏီကထုတ်ပေးထားတဲ့ food box တစ်လုံး၊ ယူနီဖောင်း ၃ထည်နဲ့ ဦးထုပ် ၁ လုံးတို့ကို နိုဝင်ဘာလ ၂၂ ရက်နေ့က သွားအပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
crd
Zawgyi
လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ ကုမၸဏီရဲ႕ လိုအပ္ခ်က္ေတြကို ေရးသားေဖာ္ျပခဲ့တဲ့ foodpanda rider တစ္ဦးရဲ႕ post ကို ကိုယ္ပိုင္အေကာင့္မွာ ျပန္လည္ေဝမွ်ခဲ့တဲ့ rider (၃) ဦးကို food panda Myanmar ကုမၸဏီက အလုပ္ထုတ္လိုက္တယ္လို႔ အလုပ္ထုတ္ခံရတဲ့ ဝန္ထမ္းေတြဆီကေန သိရပါတယ္။
လုံးဝအထုတ္ခံလိုက္ရၿပီ။ အခုလိုထုတ္တာႀကီးကေတာ့ ကြၽန္ေတာ္တို႔ ထမင္းအိုးကို႐ိုက္ခြဲလိုက္သလိုပဲ။ ခ်က္ခ်င္းႀကီး ထုတ္တယ္ဆိုၿပီးလုပ္တာ။ အမွန္ဆို အလုပ္စလုပ္ကတည္းက သူတို႔စည္းကမ္းခ်က္ထဲမွာလည္း ပါၿပီးသား။ ဝန္ထမ္းေတြ တစ္ခုခုအမွားရွိခဲ့ရင္ ပထမအႀကိမ္၊ ဒုတိယအႀကိမ္ဆိုၿပီး သတိေပးခ်က္မ်ိဳးရွိရမွာ၊ အခုဟာက တစ္ခါတည္းျဖဳတ္တယ္ဆိုတာက လုံးဝမျဖစ္သင့္ဘူး။
လုပ္လာခဲ့တဲ့ တေလွ်ာက္လည္း ဘာျပစ္ခ်က္မွမရွိဘူး။ customer ေတြနဲ႔ ဘာျပႆနာမွမရွိခဲ့ဘူး။ ကြၽန္ေတာ္တို႔ေတြ Facebook မွာ ေရးတင္တယ္ဆိုတာလည္း တကယ္ဝန္ထမ္းေတြႀကဳံေတြ႕ေနရတဲ့ အရာေတြပဲ က်န္တဲ့သူေတြ ေမးၾကည့္လည္းရတယ္။ ဒါကိုကုမၸဏီဘက္က မေျဖရွင္းေပးဘဲ အလုပ္ထုတ္လိုက္တာမ်ိဳးက်ေတာ့ လုံးဝမေက်နပ္ဘူးဗ်ာ” လို႔ အလုပ္ထုတ္ခံလိုက္ရတဲ့ rider တစ္ဦးက Duwun ကို ေျပာပါတယ္။
အလုပ္ထုတ္ခံရတဲ့ rider ေတြအေနနဲ႔ အလုပ္ထုတ္ခံရတဲ့ ႏိုဝင္ဘာလ (၁၉)ရက္ေန႔က ကုမၸဏီရဲ႕တာဝန္ရွိသူနဲ႔ ေတြ႕ဆုံဖို႔ သြားေရာက္ ေတြ႕ဆုံခဲ့ၾကေပမယ့္လည္း အလုပ္ထုတ္လိုက္ေၾကာင္း အေျဖသာရရွိခဲ့ၾကတယ္လို႔ ဆိုပါတယ္။ “ မူရင္း post တင္တဲ့သူက fake အေကာင့္နဲ႔ တင္လိုက္တာ။ အဲဒါကို ကြၽန္ေတာ္တို႔က copy ယူၿပီး ကိုယ့္အေကာင့္ေတြမွာျပန္တင္လိုက္ၾကတာပါ။
အခုထုတ္ခံရတဲ့ (၃) ေယာက္မွာ မူရင္း post တင္တဲ့သူမပါဘူး။ ျပန္ကူးတင္တဲ့သူေတြပဲ။ ကြၽန္ေတာ္တို႔ကလည္း သူတင္ထားတာေတြက ကိုယ့္ခံစားခ်က္ေတြအတိုင္းပဲ လက္ေတြ႕လည္းအဲလိုျဖစ္ေနတာဆိုေတာ့ အမွန္ကိုေဖာ္ျပတဲ့သေဘာ။ တကယ္လည္း ကုမၸဏီကဝန္ထမ္းေတြနဲ႔ ပတ္သက္လို႔ ဘာတာဝန္ယူမႈမွမရွိဘူး။
ကြၽန္ေတာ္တို႔ rider ေတြထဲက တစ္ခုခုျဖစ္တယ္ဆိုေတာင္ rider ေတြအားလုံးပဲစုၿပီး ကိုယ္တက္ႏိုင္သေလာက္ ၁၀၀၀ ဆီစုၿပီး ျပန္ေထာက္ပံ့ေနၾကရတာ။ အခက္အခဲျဖစ္ေနတဲ့ ကာလေတြတစ္ေလွ်ာက္လည္း ဘာမွကူညီေထာက္ပံ့ခဲ့တာေတြ မရွိဘူးလို႔ ေနာက္ထပ္အလုပ္ထုတ္ခံလိုက္ရသူ တစ္ဦးကေျပာပါတယ္။
အလုပ္ထုတ္ခံရတဲ့ ဝန္ထမ္းေတြရဲ႕ ေျပာျပခ်က္နဲ႔ လူမႈကြန္ရက္မွာေရးသားတင္ခဲ့တဲ့ post မွာပါဝင္ခဲ့တဲ့ အေၾကာင္းအရာေတြနဲ႔ ပတ္သက္လို႔ food panda Myanmar ကုမၸဏီဘက္ကို duwun ကဆက္သြယ္ေမးျမန္းတဲ့အခါမွာ အခုလို ျပန္လည္ ေျဖၾကားပါတယ္။
“မၾကာေသးခင္က ျဖစ္သြားတဲ့ rider ယာဥ္တိုက္မႈနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔လည္း မ်ားစြာစိတ္မေကာင္းျဖစ္ရၿပီး ကုမၸဏီအေနနဲ႔ အတတ္ႏိုင္ဆုံး ကူညီေထာက္ပံ့မႈေတြကို ျပဳလုပ္ေပးခဲ့ပါတယ္” လို႔ food panda Myanmar မွ တာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။ ဒါ့အျပင္ အလုပ္ထုတ္လိုက္တဲ့ ဝန္ထမ္းသုံးဦးနဲ႔ ပတ္သက္ၿပီးေတာ့လည္း အဆင့္ဆင့္ေသခ်ာစဥ္းစားၿပီးမွ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျဖၾကားပါတယ္။
“ဒီျဖစ္စဥ္ျဖစ္ပြားၿပီးတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔အေနနဲ႔လည္း post တင္ခဲ့တဲ့ rider ကို လူခ်င္းေတြ႕ခဲ့ပါတယ္။ အဓိကကေတာ့ ကုမၸဏီဖက္က လုပ္ေဆာင္ေပးခဲ့တဲ့ျဖစ္ရပ္နဲ႔ လူမႈကြန္ယက္မွာ ျပန႔္ႏွံ႔ေနတဲ့ျဖစ္ရပ္ၾကား မတူညီကြဲျပားခ်က္ေတြ ေတြ႕ရတဲ့အတြက္ အခုလိုေတြ႕ဆုံေမးျမန္းခဲ့တာပါ။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ဘက္က လုပ္ေဆာင္ခဲ့တာေတြကို ေျပာျပခဲ့ၿပီး rider တင္ထားတဲ့ပို႔စ္မွ မမွန္ကန္ေသာ အခ်က္မ်ားကို ေျပာျပေပးခဲ့ပါတယ္။
ဒီလိုေျပာျပေပးခဲ့ေပမဲ့လည္း rider အေနနဲ႔ မွားယြင္းတဲ့ သတင္းကို ဆက္လက္ျဖန႔္ေဝေနခဲ့ပါတယ္။ အေသးစိတ္စုံစမ္းစစ္ေဆးၾကည့္တဲ့အခါမွာ ဒီ rider မ်ားအေနနဲ႔က အခုလိုမ်ိဳး ကုမၸဏီကိုထိခိုက္ေစတဲ့ မမွန္မကန္ ေရးသားမႈမ်ိဳး အရင္ကတည္းက ရွိခဲ့ဖူးတဲ့အတြက္ ကြၽန္ေတာ္တို႔အဆင့္ဆင့္ စဥ္းစားၿပီး rider နဲ႔ လက္တြဲျဖဳတ္လိုက္ရျခင္း ျဖစ္ပါတယ္” လို႔ ဆိုပါတယ္။
အလုပ္ထုတ္ခံရတဲ့ rider ေတြနဲ႔ ကုမၸဏီၾကားမွာ ဆက္လက္ညႇိႏႈိင္းတာမ်ိဳးမရွိေတာ့ဘဲ rider ေတြဘက္က အလုပ္လုပ္စဥ္အတြင္း ကုမၸဏီကထုတ္ေပးထားတဲ့ food box တစ္လုံး၊ ယူနီေဖာင္း ၃ထည္နဲ႔ ဦးထုပ္ ၁ လုံးတို႔ကို ႏိုဝင္ဘာလ ၂၂ ရက္ေန႔က သြားအပ္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။
crd



