ၾကားသိရသမွ်


Zawgyi









Unicode

ဖတ်နေရင်း ကြက်သီး ထရလောက်တဲ့ CDM လုလပ်နေတဲ့ ဗိုလ်ကြီး ရှိန်းလင်း ရေးထားတဲ့ စာ

မဂ်လာပါ ပရိတ်သတ် ကြီးရေ နိုင်ငံအတွက် အ သက်တောင် ပေးနိုင် သေးတာ CDM လုပ်လို့ထောင်ကျ တာကို ကြောက်နေ ရတာ လားဆိုတဲ့ဗိုလ်ကြီး ရှိန်းလင်း CDM လှုပ်ရှားမူထဲ ပါဝင်လာတဲ့ တပ်မတော်က ဗိုလ်ကြီး ရှိန်းလိန်းက သူ့ရဲ့လူမူ ကွန်ရက်မှာ ရေးထားတဲ့ စာဖြစ် ပါတယ်။

ဗိုလ်ကြီး ရှိန်းလိန်းက ချင်းပြည်နယ် မင်းတပ်မြို့ဇာတိ ဖြစ်ပြီး တပ်မတော် ခြေလျင် တပ်ရင်းတစ်ခု မှာတာဝန် ထမ်းဆောင် နေသူ တစ်ဦး ဖြစ်ပါတယ် “တပ်ထဲမှာ နေပြီး CDM လုပ်လို့ စစ်ကော င်စီ အစိုးရကို မထောက်ခံ ကြောင်းပြောလို့ ပြလို့ ဘယ်လိုမှ အဆင်မပြေ ပါဘူး။

ဒါကြောင့် CDMလည်း လုပ်ရင်း ပြောချင်တာ ပြောရဖို့ အတွက် တပ်ပြင် ခနထွက်တဲ့ သဘောပါ။ ပထမအဆင့်အနေ့နဲ့ profile ပုံချိန်းပြီး CDM လုပ်ကြောင်း လူသိရှင်ကြား ကြေငြာပြီး ပါပြီ။

ကျနော့် ခံယူချက် အသေး စိတ်ကို စာနဲ့ ရယ် စာမဖတ် တတ်တဲ့ သူတွေ အတွက် စကားနဲ့ရယ် တင်ပြချင် ပါသေးတယ်။ ဒါပြီးရင် ကျနော် လုပ်စရာ ကုန်ပြီ။ တပ်က အရေး ယူတာကို ခံဖို့အသင့်ပါ။

စစ်ပြေး/ ခွင့်မဲ့လုပ်တာ မဟုတ်တဲ့ အတွက် တပ်နဲ့ မနီးမဝေးနေရာမှာပဲ ရှိနေ ပါတယ်။ စိတ်ဝင် စားစရာ ကောင်းတာ တစ်ခုက စစ်တပ်က ပြည်သူကို ရန်သူလို သ ဘောထား မထားသည် ကျနော့်ကို ဘယ်လို အရေးယူသလဲ ဆို‌တဲ့အပေါ်ကြည့်ပြီး ဆုံးဖြတ်လို့ ရနေတာပါပဲ။ ဥပမာ CDM ဆိုတာ ပြည်သူဘက်က ရပ်တည်တာ ပူးပေါင်းတာ။

ဒါကို ရန်သူနဲ့ပတ်သက်တဲ့ ပုဒ်မနဲ့ အရေးယူ တာမျိုး။ ဘယ်လိုပဲအ ရေးယူယူ ကျနော် ခံယူပါမယ်။ အဓိကက ဒီစစ်ကောင်စီ အစိုးရရဲ့ အောက်တာဝန် မထမ်းဆောင်ရဖို့ပဲ။ နိုင်ငံအတွက် အသက်တောင် ပေးဖို့သစ္စာ ဆိုထားသူက ထောင်ကျ ဖို့လေးကို ကြောက်နေမယ်ဆို သိပ်အဆင်မပြေဘူး။

အခုလို ဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ် တယောက် ခြင်းစီတိုင်း ကျန်းမာပျော်ရွှင်သော နေ့ရက်များပိုင် ဆိုင်နို င်ကြ ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။