ဗဟုသုတ

အလုပ်ခဏခဏကူးပြောင်းခြင်းရဲ့ အားနည်းချက် (၃)ခု

အလုပ်ခဏခဏပြောင်းတာကအားသာချက်တွေရှိသလို၊ တစ်ဖက်မှာလည်း အားနည်းချက်တွေရှိနေပြန်ပါတယ်။ အရင်ကတော့ အလုပ်တည်မြဲတာက ကိုယ့်အတွက်ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ နှစ်တွေပြောင်းလဲလာတဲ့အခါမှာ ဒီအယူအဆကို လက်မခံကြတော့ပါဘူး။ အလုပ်ခဏခဏခုန်ပြီး ကူးပြောင်းတာရဲ့ အားနည်းချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။

အလုပ်အကိုင်ရှာဖွေရန်ခက်ခဲခြင်း

အလုပ်ခဏခဏကူးပြောင်းတာရဲ့ အားနည်းချက်တစ်ခုကတော့ အလုပ်အကိုင်ရှာဖွေဖို့ ခက်ခဲတာပါပဲ။ HR မန်နေဂျာတွေက ကိုယ့်ရဲ့အလုပ်အကိုင်ရာဇဝင်ကိုကြည့်ပြီး ကိုယ့်ကိုအလုပ်ခန့်ထားဖို့ စိုးရွံ့ကြပါတယ်။

သူတို့အလုပ်မှာလည်း ခဏပဲလုပ်ပြီးထွက်မလားဆိုတဲ့ အတွေးမျိုးတွေးပြီး အလုပ်ခန့်ထားဖို့အခက်အခဲရှိကြပါတယ်။

ပြဿနာပေါ်တိုင်း အလုပ်ပြောင်းဖို့စိတ်ကူးတာ

နောက်ထပ် အားနည်းချက်တစ်ခုကတော့ လုပ်ငန်းခွင်ပြဿနာကြုံတိုင်း အလုပ်ပြောင်းဖို့ စိတ်ကူးကြတာပါပဲ။ စိတ်ရှည်သည်းခံပြီး

သင်ယူတတ်ဖို့၊ စိန်ခေါ်မှုတွေကိုကျွမ်းကျင်စွာကိုင်တွယ်တတ်ဖို့ ဘယ်တော့မှသင်ယူနိုင်မှာမဟုတ်တော့ပါဘူး။

အကျိုးအမြတ်ဆုံးရှုံးခြင်း

အလုပ်ခဏခဏ ကူးပြောင်းခြင်းကြောင့် အလုပ်ကနေရနိုင်တဲ့ အကျိုးအမြတ်တွေကိုဆုံးရှုံးစေနိုင်ပါတယ်။ အာမခံအကျုံးဝင်မှုတွေ၊

လုပ်သက်ခွင့်တွေ၊ ရပိုင်ခွင့်တွေက အလုပ်ခဏခဏခုန်ကူးနေတဲ့အခါ မရနိုင်တဲ့အခွင့်အရေးတစ်ခုပါပဲ။

credit – အခွင့်အလမ်းဂျာနယ်

Zawgyi ဖြင့်ဖတ်ပါ


အလုပ်ခဏခဏေပြာင်းတာကအားသာခၾက်တွေရွိသလို၊ တဈဖက်မွာလည်း အားနည်းခၾက်တွေရွိနေပြန်ပါတယ်။ အရင်ကေတာ့ အလုပ်တည်မြဲတာက ကိုယ့်အတွက်ဂုဏ်ယူစရာတဈခုဖြဈခဲ့ကြပါတယ်။


အလုပ်အကိုင်ရွာဖွေရန်ခက်ခဲခြင်း






အႀကိဳးအမြတ်ဆုံးရႈံးခြင်း


