ဖ႐ူဆိုမွာ စစ္တပ္က မီးရႈိ႕သတ္ျဖတ္လိုက္တဲ့ ျပည္သူ ၃၅ ဦးေက်ာ္မွာ ႐ူပေဗဒပထမႏွစ္ေက်ာင္းသူ ပကူးမိုး ပါဝင္
ရန္ကုန္ | ဇန္နဝါရီ ၂
ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္ မိုဆိုေက်း႐ြာအနီး ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၄ရက္ေန႔က အာဏာသိမ္းစစ္ေကာင္စီတပ္က ဖမ္းဆီးထားတဲ့လူေပါင္း၃၀ေက်ာ္ကို မီးရႈိ႕သတ္ျဖတ္ခဲ့ၿပီး အဆိုပါသတ္ျဖတ္ခံရသူေတြထဲမွာ ျပည္ေထာင္စုတိုင္း ရင္းသားလူငယ္မ်ားစြမ္းရည္ဖြံၿဖိဳးေရး ဒီဂရီေကာလိပ္(ရန္ကုန္)က ႐ူပေဗဒပထမႏွစ္ေက်ာင္းသူ ပကူးမိုးလည္းပါဝင္သြားခဲ့တယ္လို႔ ျပည္ေထာင္စုတိုင္းရင္းသားလူငယ္မ်ားစြမ္းရည္ဖြံၿဖိဳးေရး ဒီဂရီေကာလိပ္(ရန္ကုန္) ေက်ာင္းသားမ်ားသမဂၢက ဆိုပါတယ္။
အဆိုပါမီးရႈိ႕သတ္ျဖတ္ခံရမႈထဲ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူ အညီေတြေပးေနတဲ့ Save the Children ကဝန္ထမ္း၂ ဦးလည္းပါဝင္သြားခဲ့သလို ကေလးသူငယ္ေတြနဲ႔အမ်ိဳးသမီးလည္းပါဝင္ပါတယ္။
ေဒသခံကာကြယ္ေရးတပ္ျဖစ္တဲ့ KNDFကေတာ့ မီးရႈိ႕အသတ္ခံရသူေတြဟာ စစ္ေဘးေရွာင္ အရပ္သားျပည္သူေတြျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။
ကုလသမဂၢလုံၿခဳံေရးေကာင္စီကေတာ့ စစ္ေကာင္စီတပ္ေတြရဲ႕ ဖ႐ူဆို မီးရႈိ႕သတ္ျဖတ္မႈကို ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။
အခုလိုမီးရႈိ႕အသတ္ခံရတဲ့အရပ္သားေတြအထဲ ႐ူပေဗဒပထမႏွစ္ေက်ာင္းသူ ပကူးမိုးလည္းပါဝင္သြားခဲ့တဲ့အတြက္ ျပည္ေထာင္စုတိုင္းရင္းသားလူငယ္မ်ားစြမ္းရည္ဖြံၿဖိဳးေရး ဒီဂရီေကာလိပ္(ရန္ကုန္) ေက်ာင္းသားမ်ားသမဂၢ က ဝမ္းနည္းေၾကာင္းထုတ္ျပန္ပါတယ္။
ဓာတ္ပုံ-စစ္တပ္က မီးရႈိ႕ သတ္ျဖတ္မႈ ခံလိုက္ရသည့္ ႐ူပေဗဒပထမႏွစ္ေက်ာင္းသူ ပကူးမိုး။source-khitthitmedia
ဖရူဆိုမှာ စစ်တပ်က မီးရှို့သတ်ဖြတ်လိုက်တဲ့ ပြည်သူ ၃၅ ဦးကျော်မှာ ရူပဗေဒပထမနှစ်ကျောင်းသူ ပကူးမိုး ပါဝင်
ရန်ကုန် | ဇန်နဝါရီ ၂
ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့လူပေါင်း၃၀ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့ပြီး အဆိုပါသတ်ဖြတ်ခံရသူတွေထဲမှာ ပြည်ထောင်စုတိုင်း ရင်းသားလူငယ်များစွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)က ရူပဗေဒပထမနှစ်ကျောင်းသူ ပကူးမိုးလည်းပါဝင်သွားခဲ့တယ်လို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းသားများသမဂ္ဂက ဆိုပါတယ်။
အဆိုပါမီးရှို့သတ်ဖြတ်ခံရမှုထဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီတွေပေးနေတဲ့ Save the Children ကဝန်ထမ်း၂ ဦးလည်းပါဝင်သွားခဲ့သလို ကလေးသူငယ်တွေနဲ့အမျိုးသမီးလည်းပါဝင်ပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖြစ်တဲ့ KNDFကတော့ မီးရှို့အသတ်ခံရသူတွေဟာ စစ်ဘေးရှောင် အရပ်သားပြည်သူတွေဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ စစ်ကောင်စီတပ်တွေရဲ့ ဖရူဆို မီးရှို့သတ်ဖြတ်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
အခုလိုမီးရှို့အသတ်ခံရတဲ့အရပ်သားတွေအထဲ ရူပဗေဒပထမနှစ်ကျောင်းသူ ပကူးမိုးလည်းပါဝင်သွားခဲ့တဲ့အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းသားများသမဂ္ဂ က ဝမ်းနည်းကြောင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ-စစ်တပ်က မီးရှို့ သတ်ဖြတ်မှု ခံလိုက်ရသည့် ရူပဗေဒပထမနှစ်ကျောင်းသူ ပကူးမိုး။source-khitthitmedia