

Unicode
အာလူးကို အသုံးပြုပြီး နှင်းဆီပန်းပင် လွယ်ကူစွာ စိုက်ပျိုးနည်း လျှို့ဝှက်ချက်
နှင်းဆီပန်းတွေဟာ ပန်းတွေထဲမှာ အလှဆုံးပန်းတွေဖြစ်တယ်ဆိုတာ လုံးဝငြင်းစရာမရှိပါဘူး။ ဒီလို လှပတဲ့ တော်ဝင်နှင်းဆီတွေကို အိမ်မှာတင် လွယ်ကူစွာစိုက်ပျိုးနိုင်ပါတယ်။ အိမ်မှာ နှင်းဆီစိုက်ပျိုးချင်သူတွေအတွက်

ရွေးချယ်စရာနည်းလမ်းတွေအများကြီးရှိတဲ့အထဲကမှ အာလူးနဲ့ နှင်းဆီပင်စိုက်ပျိုးနည်း လျှို့ဝှက်ချက်လေးကိုဝေမျှပေး လိုက်ပါတယ်နော်။ လိုအပ်တဲ့စ္စည်းလေးတွေကတော့ ဒီမှာပါ။
လတ်လတ်ဆတ်ဆတ်ဖြတ်ထားတဲ့ ၈ လက်မခန့်အရှည်ရှိတဲ့ နှင်းဆီကိုင်းတစ်ကိုင်း (အပွင့်ပါရမည်)
အာလူး (တစ်လုံးကို နှင်းဆီတစ်ကိုင်းစာ)ခဲတံ သို့မဟုတ် ရှည်ပြီး ချွန်တဲ့ တုတ်ချောင်းတစ်ခု၊ အပင်ဟော်မုန်းဆေး (အမြစ်အ တွက် သုံးသောဆေးတစ်မျိုး)ပလတ်စတစ်ဘူးခွံအလွတ်ပန်းအိုး (ကြိုက်နှစ်သက်ရာ)
ဒီပစ္စည်းလေးတွေစုံပြီဆိုရင်တော့ နည်းလမ်းလေးကို ဆက်ဖတ်ကြည့်လိုက်နော်။နှင်းဆီပွင့်ကို ညှပ်ပစ်လိုက်ပါ။ အောက်ခြေကနေထက်ဝက်အတွင်းမှာရှိတဲ့ အရွက်တွေကိုလည်း ညှပ်ရပါမယ်။

နှင်းဆီပွင့်ရဲ့အညှာလေးကိုပါဖြတ်လိုက်ပါ။ အောက် ခြေနားမှာရှိနေတဲ့ဆူးတွေကိုလည်းဖြုတ်လိုက်ပါ။
ပန်းအိုးထဲမှာ မြေဆွေးနဲ့ မြေကြီးတွေကိုထည့်ပြီး စိုထိုင်းထိုင်းလေးဖြစ်သွားအောင် ရေအနည်း ငယ်ထည့်ပြီး ရောမွှေပေးရပါတယ်။
ပန်းပင်ရဲ့အောက်ခြေကို ဟော်မုန်းပေါင်ဒါ သို့ အဆီထဲမှာ နှစ်လိုက်ပါ။ ပြီးရင်တော့ အာလူးကို ထွင်းပြီး နှင်းဆီပင်ကို ထိုးစိုက်လိုက်ပါ။
ပြီးရင်တော့ အာ လူးကို မြေကြီးထဲမှာ မြှုပ်ထားလိုက်ပါ။ ပလတ် စတစ်ဘူးလွတ်ရဲ့ အောက်ခြေကို ဖြတ်လိုက်ပါ။
ပြီးရင်တော့ နှင်းဆီကိုင်းလေးကို ရေဘူးနဲ့အုပ်လိုက်ပါ။မြေကြီးကို တစ်ရက် ခြားတစ်ခါရေ လောင်းပေးရပါမယ်။ အရမ်းစိုနေအောင်တော့ မလောင်းပါနဲ့ဦး။နေပြင်းပြင်းထဲမှာလည်းမထားရပါဘူး။
နေရတဲ့နေရာဒါပေမယ့် အရမ်းနေမစူးတဲ့နေရာမှာထားပေးရမှာပါ။မြေသြဇာလည်း ထည့်ပေးရမှာပါ။
နှစ်လလောက်အကြာမှာတော့ သင့်ရဲ့ နှင်းဆီပင်လေးကောင်းမွန်စွာရှင်သန်ပြီး အပွင့်လေးတွေပွင့်လာတော့မှာပါ။
Credit with Respect to အန်တီမေ



