ကိုယ့်ရဲ့အိမ်လေးကို သန့်ရှင်းပြောင်လက်နေတာမျိုး ဆန္ဒရှိပါက အမြဲကျင့်သုံးရမယ့် အလေ့အထများ
ရုပ်ရှင်ထဲမှာဖြစ်ဖြစ်၊ သူများတွေအိမ်ကို အလည်သွားတဲ့အခါ ဖြစ်ဖြစ် အိမ်လေးက သန့်ရှင်းပြောင်လက်နေတာမြင်ရင်ကို သဘောကျတတ်သူများ ရှိသလားရှင့်။
ကိုယ့်ရဲ့အိမ်မှာတော့ ပစ္စည်းပေါင်းစုံက ဟိုတစ်နေရာ၊ ဒီတစ်နေရာ ပြန့်ကျဲနေပြီး ကလေးရှိတဲ့အိမ်ဆိုရင် သန့်ရှင်းရေးလုပ်ဖို့ဆိုတာ အင်မတန်ခက်ခဲပြီး မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလို ဖြစ်နေပါတယ်။
ဧည့်သည်လာလို့ပဲဖြစ်ဖြစ် ကိုယ်ကလည်း နဂိုကတည်းက အိမ်လေး သပ်ရပ်နေတာမျိုးကို လိုချင်တယ်ဆိုရင်တော့ ကိုယ်အပါအဝင် မိသားစုဝင်အားလုံးကို ဒီလိုအလေ့အကျင့်ကောင်းလေးတွေ မွေးမြူဖို့အတွက် တိုက်တွန်းပေးလိုက်ပါ။
၁။ အဝတ်ချက်ချင်းခေါက်ပါ။
အဝတ်လျှော်ရတာကို မညည်းညူပေမယ့်လည်း နောက်ဆက်တွဲအလုပ်တွေကို မလုပ်ချင်ဘူးဆိုရင် အဝတ်တွေက တောင်လိုပုံသွားပါလိမ့်မယ်။
ဒီလိုဆိုရင် ကိုယ်ကဒီအဝတ်အစားဝတ်ချင်လို့ ရှာလိုက်ချိန်မှာ မီးပူမတိုက်ရသေးလို့ တွန့်ကြေနေမယ်ဆိုရင် ပိုပြီး အခက်တွေ့နိုင်ပါတယ်။
ဒါကြောင့် အဝတ်လျှော်စက်ထဲကထုတ်ပြီးလို့ ဒါမှမဟုတ် လက်နဲ့လျှော်ပြီးလို့ အခြောက်လှန်းပြီးတာနဲ့ အပုံလိုက်ကြီးရောထွေးမထားဘဲ သေသေချာချာလေးခေါက်ထားလိုက်ပါ။
၂။ ဖိနပ်တွေကို သေချာစီစီရီရီထားပါ။
တစ်နေကုန်အပြင်သွားပြီးလို့ အိမ်ပြန်လာချိန်မှာ ပါသမျှအကုန်ပစ်ချကာ တန်းပြီးတုံးလုံးလှဲချင်တာကတော့ အားလုံးအတူတူပါပဲ။
ဒါပေမယ့်လည်း ဒီလိုအကျင့်ကြောင့် အိမ်ရှေ့ခန်းတစ်ခုလုံးက ပွရှုပ်သွားနိုင်ပါတယ်။
ဒါကြောင့် အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ဖိနပ်ကိုသေချာချွတ်လို့ ဖိနပ်စင်ပေါ်စီစီရီရီတင်ပေးမယ်ဆိုရင် ဖိနပ်တွေပွပြဲနေတော့မှာမဟုတ်သလို ဖုန်တွေလည်းတက်တာနည်းသွားပါလိမ့်မယ်။
၃။ စားသောက်ပြီးတာနဲ့ ပန်းကန်တွေကို ချက်ချင်းဆေးပါ။
နောက်မှရောဆေးမယ်ဆိုပြီးတော့ ဘေစင်ထဲမှာပန်းကန်တွေစုထားတာမျိုးမလုပ်ဘဲ ချက်ချင်းဆေးတတ်အောင် ကျင့်ပါ။
တစ်ခုခုရှိနေတာမြင်ရင် နောက်တစ်ခုကိုထားချင်စိတ်က အလိုလိုပေါ်လာနိုင်တာကြောင့် အစားစားပြီးတိုင်း ပန်းကန်တွေကို ချက်ချင်းဆေးပြီး သိမ်းဆည်းပါ။
၄။ မျက်နှာပြင်တွေကို သုတ်ပါ။
ကောင်တာ သို့မဟုတ် စားပွဲတွေပေါ်မှာ အဝတ်တစ်ခုကို အမြဲထားပါ။ မတော်တဆဖိတ်သွားတဲ့ အဆီအစွန်းတွေကို ချက်ချင်းမသုတ်ဘူးဆိုရင် ချွတ်မရဖြစ်သွားကာ ကြည့်ရဆိုးစေနိုင်ပါတယ်။
ဒါကြောင့် တစ်ခုခုဖိတ်ကျသွားတာမျိုးကို အဝတ်တစ်ခုခုနဲ့ ချက်ချင်းသုတ်ပါ။
ဒီလိုအလေ့အကျင့်ကောင်းလေးတွေက ကိုယ်အပါအဝင် အခုမှသင်ယူလေ့လာနေတဲ့ သားငယ်သမီးငယ်များအတွက် အထူးလိုအပ်တာကြောင့် သေချာမှတ်သားနိုင်ဖို့အတွက် ပြန်လည်ရှင်းလင်းပြောပြပေးလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။
Credit
zawgyi
ကိုယ့္ရဲ႕အိမ္မွာေတာ့ ပစၥည္းေပါင္းစုံက ဟိုတစ္ေနရာ၊ ဒီတစ္ေနရာ ျပန႔္က်ဲေနၿပီး ကေလးရွိတဲ့အိမ္ဆိုရင္ သန႔္ရွင္းေရးလုပ္ဖို႔ဆိုတာ အင္မတန္ခက္ခဲၿပီး မျဖစ္ႏိုင္တဲ့ကိစၥတစ္ခုလို ျဖစ္ေနပါတယ္။
ဧည့္သည္လာလို႔ပဲျဖစ္ျဖစ္ ကိုယ္ကလည္း နဂိုကတည္းက အိမ္ေလး သပ္ရပ္ေနတာမ်ိဳးကို လိုခ်င္တယ္ဆိုရင္ေတာ့ ကိုယ္အပါအဝင္ မိသားစုဝင္အားလုံးကို ဒီလိုအေလ့အက်င့္ေကာင္းေလးေတြ ေမြးျမဴဖို႔အတြက္ တိုက္တြန္းေပးလိုက္ပါ။
၁။ အဝတ္ခ်က္ခ်င္းေခါက္ပါ။
အဝတ္ေလွ်ာ္ရတာကို မညည္းညဴေပမယ့္လည္း ေနာက္ဆက္တြဲအလုပ္ေတြကို မလုပ္ခ်င္ဘူးဆိုရင္ အဝတ္ေတြက ေတာင္လိုပုံသြားပါလိမ့္မယ္။
ဒီလိုဆိုရင္ ကိုယ္ကဒီအဝတ္အစားဝတ္ခ်င္လို႔ ရွာလိုက္ခ်ိန္မွာ မီးပူမတိုက္ရေသးလို႔ တြန႔္ေၾကေနမယ္ဆိုရင္ ပိုၿပီး အခက္ေတြ႕ႏိုင္ပါတယ္။
ဒါေၾကာင့္ အဝတ္ေလွ်ာ္စက္ထဲကထုတ္ၿပီးလို႔ ဒါမွမဟုတ္ လက္နဲ႔ေလွ်ာ္ၿပီးလို႔ အေျခာက္လွန္းၿပီးတာနဲ႔ အပုံလိုက္ႀကီးေရာေထြးမထားဘဲ ေသေသခ်ာခ်ာေလးေခါက္ထားလိုက္ပါ။
၂။ ဖိနပ္ေတြကို ေသခ်ာစီစီရီရီထားပါ။
တစ္ေနကုန္အျပင္သြားၿပီးလို႔ အိမ္ျပန္လာခ်ိန္မွာ ပါသမွ်အကုန္ပစ္ခ်ကာ တန္းၿပီးတုံးလုံးလွဲခ်င္တာကေတာ့ အားလုံးအတူတူပါပဲ။
ဒါေပမယ့္လည္း ဒီလိုအက်င့္ေၾကာင့္ အိမ္ေရွ႕ခန္းတစ္ခုလုံးက ပြရႈပ္သြားႏိုင္ပါတယ္။
ဒါေၾကာင့္ အိမ္ျပန္ေရာက္ၿပီဆိုတာနဲ႔ ဖိနပ္ကိုေသခ်ာခြၽတ္လို႔ ဖိနပ္စင္ေပၚစီစီရီရီတင္ေပးမယ္ဆိုရင္ ဖိနပ္ေတြပြၿပဲေနေတာ့မွာမဟုတ္သလို ဖုန္ေတြလည္းတက္တာနည္းသြားပါလိမ့္မယ္။
၃။ စားေသာက္ၿပီးတာနဲ႔ ပန္းကန္ေတြကို ခ်က္ခ်င္းေဆးပါ။
ေနာက္မွေရာေဆးမယ္ဆိုၿပီးေတာ့ ေဘစင္ထဲမွာပန္းကန္ေတြစုထားတာမ်ိဳးမလုပ္ဘဲ ခ်က္ခ်င္းေဆးတတ္ေအာင္ က်င့္ပါ။
တစ္ခုခုရွိေနတာျမင္ရင္ ေနာက္တစ္ခုကိုထားခ်င္စိတ္က အလိုလိုေပၚလာႏိုင္တာေၾကာင့္ အစားစားၿပီးတိုင္း ပန္းကန္ေတြကို ခ်က္ခ်င္းေဆးၿပီး သိမ္းဆည္းပါ။
၄။ မ်က္ႏွာျပင္ေတြကို သုတ္ပါ။
ေကာင္တာ သို႔မဟုတ္ စားပြဲေတြေပၚမွာ အဝတ္တစ္ခုကို အၿမဲထားပါ။ မေတာ္တဆဖိတ္သြားတဲ့ အဆီအစြန္းေတြကို ခ်က္ခ်င္းမသုတ္ဘူးဆိုရင္ ခြၽတ္မရျဖစ္သြားကာ ၾကည့္ရဆိုးေစႏိုင္ပါတယ္။
ဒါေၾကာင့္ တစ္ခုခုဖိတ္က်သြားတာမ်ိဳးကို အဝတ္တစ္ခုခုနဲ႔ ခ်က္ခ်င္းသုတ္ပါ။
ဒီလိုအေလ့အက်င့္ေကာင္းေလးေတြက ကိုယ္အပါအဝင္ အခုမွသင္ယူေလ့လာေနတဲ့ သားငယ္သမီးငယ္မ်ားအတြက္ အထူးလိုအပ္တာေၾကာင့္ ေသခ်ာမွတ္သားႏိုင္ဖို႔အတြက္ ျပန္လည္ရွင္းလင္းေျပာျပေပးလိုက္ပါလို႔ တိုက္တြန္းလိုက္ရပါတယ္။
Credit