တန့်ဆည်မှ တက္ကသိုလ်ကျောင်းသား ၂ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်…
ရန်ကုန်၊ ဇန်နဝါရီ ၄
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အရှေ့ဘက်အထွက်လမ်းတွင် အသက် ၁၉ နှစ်အရွယ် လူငယ်နှစ်ဦးကို အကြမ်းဖက်စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်
စစ်တပ်က ပစ်ခတ်ဖမ်းဆီးခံရသူ လူငယ် ၂ ဦးမှာ မောင်မင်းခန့်ဇော်( စစ်ကိုင်းပညာရေးကောလိပ်၊ ပထမနှစ်ကျောင်းသား)နှင့်
မောင်အောင်ပြည့်ဖြိုး ( မန္တ လေး နိုင်ငံခြားဘာသာတက္ကသိုလ်၊ MUFL ပထမနှစ်ကျောင်းသား) တို့ဖြစ် ကြောင်း သိရှိရသည်
အဖမ်းခံရသူများမှာ တန့်ဆည်မြို့နယ် အင်တောရိုးရွာနေ မောင်အောင်ပြည့် ဖြိုး(အသက်၁၉နှစ်) နှင့် ကြောင်ဆင်းအိုင်ရွာနေ မောင်မင်းခန့်ဇော် (အသက် ၁၉ နှစ်) တို့ ဖြစ်ပြီး
အကြမ်းဖက်စစ်တပ်က ထိုလူငယ်နှစ်ဦးကို မင်းကင်းPDFဟု စွပ်စွဲကာ နှိပ်စက်နေကြောင်း၊ မောင်းမင်းခန့်ဇော်၏ ဦးခေါင်းမှ ဆံပင်များကို အပြုံလိုက် ဆွဲယူနုတ်ပြီး ရိုက်နှက်ထားသဖြင့်
တစ်ကိုယ်လုံးရောင် ကိုင်းလျက်ရှိကြောင်း၊ မောင်အောင်ပြည့်ဖြိုးမှာ သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် နှိပ် စက် ခံထားရကြောင်း တန့်ဆည်ဒေသခံတစ်ဦးက ပြော သည်။
“အဖမ်းခံရတဲ့ လူငယ် ၂ ဦးက မင်းကင်း PDF လည်း မဟုတ်ဘူး။ PDF အဖွဲ့ဝင်လည်းမဟုတ်ဘူး။ အောင်ပြည့်ဖြိုးရဲ့ ပေါင်မှာ ကျည်ထိထားတယ်
မင်းခန့်ဇော်ဆိုရင် ခေါင်းက ဆံပင်တွေ ဆွဲနုတ်တာခံထားရတယ်။ မျက်နှာသွယ်နေတာကနေ ဖောင်း ကား နေတာတွေ့ရမှာပါ
ပညာရေးထူးချွန်တဲ့ကျောင်းသားတွေ။ အခုက အသက်အန္တရာယ် စိုးရိမ်ရပါတယ်” ဟု တန့်ဆည် ဒေသခံတစ်ဦးက ပြောသည်
စစ်ကောင်စီက ၎င်းတို့နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ရာတွင် မင်းကင်း PDF ဟု အော်ခိုင်းခြင်း၊ လည်ပင်းကို သံကြိုးများဖြင့်ချည်၍ ချုပ်နှောင်ထားခြင်း၊
အကျဉ်း သားနှင့်အချုပ်သားများကို ချုပ်နှောင်ရာတွင် လိုက်နာရမည့် လူ့အခွင့် အရေးနှင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်၍ တိရိစ္ဆာန်များသဖွယ် သဘောထား ညှဉ်းပန်းနှိပ်စက်ထားကြောင်း ဒေသခံက ဆိုသည်။
စစ်ကောင်စီသည် ဖမ်းမိသူများကို ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်ပြီးသတ် ဖြတ်လျက်ရှိရာ မုံရွာမှ ဖမ်းဆီးမိသူ လူငယ် ၆ ဦးအနက်မှ ဇတ်မင်းသား အာ ကာဖြိုးကိုလည်း သတ်ဖြတ်ခဲ့သည်။
Crd#
Zawgyi
တန႔္ဆည္မွ တကၠသိုလ္ေက်ာင္းသား ၂ ဦးကို စစ္တပ္က ပစ္ခတ္ဖမ္းဆီးၿပီး ညႇဥ္းပန္းႏွိပ္စက္…
ရန္ကုန္၊ ဇန္နဝါရီ ၄
စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕အေရွ႕ဘက္အထြက္လမ္းတြင္ အသက္ ၁၉ ႏွစ္အ႐ြယ္ လူငယ္ႏွစ္ဦးကို အၾကမ္းဖက္စစ္တပ္က ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးၿပီး ညႇဥ္းပန္းႏွိပ္စက္လ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္
စစ္တပ္က ပစ္ခတ္ဖမ္းဆီးခံရသူ လူငယ္ ၂ ဦးမွာ ေမာင္မင္းခန္႔ေဇာ္( စစ္ကိုင္းပညာေရးေကာလိပ္၊ ပထမႏွစ္ေက်ာင္းသား)ႏွင့္
ေမာင္ေအာင္ျပည့္ၿဖိဳး ( မႏၲ ေလး ႏိုင္ငံျခားဘာသာတကၠသိုလ္၊ MUFL ပထမႏွစ္ေက်ာင္းသား) တို႔ျဖစ္ ေၾကာင္း သိရွိရသည္
အဖမ္းခံရသူမ်ားမွာ တန႔္ဆည္ၿမိဳ႕နယ္ အင္ေတာ႐ိုး႐ြာေန ေမာင္ေအာင္ျပည့္ ၿဖိဳး(အသက္၁၉ႏွစ္) ႏွင့္ ေၾကာင္ဆင္းအိုင္႐ြာေန ေမာင္မင္းခန႔္ေဇာ္ (အသက္ ၁၉ ႏွစ္) တို႔ ျဖစ္ၿပီး
အၾကမ္းဖက္စစ္တပ္က ထိုလူငယ္ႏွစ္ဦးကို မင္းကင္းPDFဟု စြပ္စြဲကာ ႏွိပ္စက္ေနေၾကာင္း၊ ေမာင္းမင္းခန႔္ေဇာ္၏ ဦးေခါင္းမွ ဆံပင္မ်ားကို အၿပဳံလိုက္ ဆြဲယူႏုတ္ၿပီး ႐ိုက္ႏွက္ထားသျဖင့္
တစ္ကိုယ္လုံးေရာင္ ကိုင္းလ်က္ရွိေၾကာင္း၊ ေမာင္ေအာင္ျပည့္ၿဖိဳးမွာ ေသနတ္က်ည္ဆန္ထိမွန္ဒဏ္ရာျဖင့္ ႏွိပ္ စက္ ခံထားရေၾကာင္း တန႔္ဆည္ေဒသခံတစ္ဦးက ေျပာ သည္။
“အဖမ္းခံရတဲ့ လူငယ္ ၂ ဦးက မင္းကင္း PDF လည္း မဟုတ္ဘူး။ PDF အဖြဲ႕ဝင္လည္းမဟုတ္ဘူး။ ေအာင္ျပည့္ၿဖိဳးရဲ႕ ေပါင္မွာ က်ည္ထိထားတယ္
မင္းခန႔္ေဇာ္ဆိုရင္ ေခါင္းက ဆံပင္ေတြ ဆြဲႏုတ္တာခံထားရတယ္။ မ်က္ႏွာသြယ္ေနတာကေန ေဖာင္း ကား ေနတာေတြ႕ရမွာပါ
ပညာေရးထူးခြၽန္တဲ့ေက်ာင္းသားေတြ။ အခုက အသက္အႏၲရာယ္ စိုးရိမ္ရပါတယ္” ဟု တန႔္ဆည္ ေဒသခံတစ္ဦးက ေျပာသည္
စစ္ေကာင္စီက ၎တို႔ႏွစ္ဦးကို ညႇဥ္းပန္းႏွိပ္စက္ရာတြင္ မင္းကင္း PDF ဟု ေအာ္ခိုင္းျခင္း၊ လည္ပင္းကို သံႀကိဳးမ်ားျဖင့္ခ်ည္၍ ခ်ဳပ္ေႏွာင္ထားျခင္း၊
အက်ဥ္း သားႏွင့္အခ်ဳပ္သားမ်ားကို ခ်ဳပ္ေႏွာင္ရာတြင္ လိုက္နာရမည့္ လူ႔အခြင့္ အေရးႏွင့္ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းမ်ားကို ခ်ိဳးေဖာက္၍ တိရိစာၦန္မ်ားသဖြယ္ သေဘာထား ညႇဥ္းပန္းႏွိပ္စက္ထားေၾကာင္း ေဒသခံက ဆိုသည္။
စစ္ေကာင္စီသည္ ဖမ္းမိသူမ်ားကို ညႇဥ္းပန္းႏွိပ္စက္မႈမ်ား လုပ္ေဆာင္ၿပီးသတ္ ျဖတ္လ်က္ရွိရာ မုံ႐ြာမွ ဖမ္းဆီးမိသူ လူငယ္ ၆ ဦးအနက္မွ ဇတ္မင္းသား အာ ကာၿဖိဳးကိုလည္း သတ္ျဖတ္ခဲ့သည္။
Crd#