သတိထားနေကြဗျာ ခုရက်ထဲအဖြစ်များနေလို့ (ခေတ်ကြီးက တကယ်ဘဲ ပျက်နေပါပြီ)
ယမန်နေ့ည ၆ နာရီလောက်က ကျိုက်ဝိုင်းကနေ အထည်တွေယူပြီး ရွှေပြည်သာ ပြန်ဖို့ Taxi ငှားပါတယ်.. Taxi သမားတောင်းတာက ၈၀၀၀ ကျနော်ပေးတာက ၇၀၀၀ အဲ့ taxi သမားကပြောတယ်ဗျ.. ညီ ဒါဆို လမ်းမှာ လူတင်မယ်နော်တဲ့ ညီပေးတာ နည်းလို့ဆိုတော့.. ကျနော်ကလည်း ရတယ်ပေါ့ ဆိုပြီး taxi ပေါ်တက်သွားပါတယ်..
ဒဲဒါနဲ့ သူက ကျနော်နဲ့စကားတွေ ပြောပြီး တောက်လျှောက်မောင်းလာလိုက်တာ အင်းစိန် ပန်းခြံရောက်တော့ မိန်းမတယောက်နဲ့ ယောက်ျားတယောကိ ကျနော်စီးလာတဲ့ taxi ကိုတားတယ်ဗျ.. သူတို့သွားမှာက ရွှေပြည်သာ သံဒင်းထဲတဲ့ ကားသမားကလည်း
ကျနော်ကို ကြည့်ပြီး ညီ လမ်းသင့်လို့ အကို လူတင်မယ်နော်ဆိုပြီး ပြောတော့.. ကျနော်လည်း ကိုယ် မြို့နယ်ကလူဘဲ ဆိုတော့ အဖော်ရတယ်ဆို ပြီး လူတင်ခံလိုက်တယ်.. အဲ့မိန်းမနဲ့ ယောက်ျားက တက်လာပြီး မိန်းမက ရှေ့ခန်းမှာ ထိုင်တယ် ယောက်ျားက ကျနော်အနားမှာ ထိုင်တယ်ဗျ..
အဲဒါနဲ့ ကားစီးလာတာ ပြည်တော်သာ ကွေ့ရောက်တော့ ကျနော် ကားထဲမှာ အနံစူးစူး တခုရလို့ ကားမှန် ချမယ်လုပ်တော့ လော့ချထားတယ်.. ကျနော်က အကို ကားမှန်လေးတချက်လောက် ချပေးပါလား ပြောတော့.. ညီလေး မှန်ချလို့မရဘူးတဲ့ မှန်က ကွဲနေတာတဲ့.. ကျနေိာကလည်း ယုံတာပေါ့ဗျာ..
အဲ့ဒါနဲ့ စီးလာရင်း ၁၄ လမ်းဆုံက လမ်းပိတ်နေလို့ ကမ်းနားလမ်းက ဖြတ်မယ်နော်တဲ့.. ခါတိုင်း ဒီချိန်က ကားပိတ်နေကျဆိုတော့ ကျနော်ကလည်း ရတယ် အဆင်ပြေသလို သွားပေါ့ဆိုပြီး ပြန်ပြောလိုက်တယ်..
ကမ်းနားဘက် ရောက်တော့ ကျနော်ဘေးနားထိုင်နေတဲ့ ယောက်ျားက သူအိပ်ထဲက တခုခု ထုတ်နေသလို လုပ်နေတာကြာပြီဗျ.. မသံကာလို့ ကျနော်လည်း ခနခန ကြည့်နေရင်း သူထုတ်လိုက်တဲ့အရာက ဓားမြောင်လေးဗျ..
ကျနော်လည်း ကျနော့် ဖုန်းကို ချက်ချင်း အတွင်းခံထဲ ထိုးထည့်ထားလိုက်တယ်.. ကျနော်မသိသလို နေပြီး ဘုရားစာဘဲ ရွတ်နေတယ်.. တကယ်တော့ ကျနော် အရမ်းကြောက်နေပြီဗျ..
ကျနော်လည်းတွေးမိလိုက်ပါတယ် ကျနော်ကို တစုံတခု လုပ်တော့မယ်ဆိုတာ.. ထင်တဲ့အတိုင်းဘဲဗျာ.. ခနဆိုသလို ကျနော်လည်ပင်းကို ဓားနဲ့ ထောက်ပြီး ပါတာ အကုန် ထုတ်ပေးဖို့ ပြောတယ်ဗျ..
ကျနော့်လွယ်အိတ်ထဲမှာ ဝန်ထမ်းကဒ်ရယ် ပိုက်ဆံ ၂ သိန်းစွန်းစွန်းလောက်ရယ်ဘဲ ရှိတာပါ ဆိုပြီး ကျနော် အိတ်ထိုးပေးလိုပါတယ်.. ဖုန်းမပါဘူးလား မေးပါသေးတယ်.. ကျနော့် ဖုန်းက သူငယ်ချင်းအိမ်မှာ ကျန်နေခဲ့တာ ကားပေါ်ရောက်မှ ဖုန်းပါမလာမှန်း
ကျနော်သိတာ.. ကျနော်မှာ တကယ် ဘာ ဖုန်းမှ မပါ ပါဘူးဆိုပြီး မျက်နှာငယ်လေးနဲ့ ရှင်းပြလိုက်ရသေးတယ်.. အဲ့ချိန်ကားက လုံးဝမရပ်ဘူးဗျ.. ဆက်တိုက် ဆိုသလို မောင်းတာ ကျနော့်အသက်ထက် အရေးကြီးတာ ဘာမှ မရှိလို့ ကျနော်အကုန်ပေးလိုက်ပါတယ်.. ပိုက်ဆံတွေ အကုန်ယူတဲ့ အပြင် အထည်တွေပါ အကုန်ယူသွားပါတယ်..
ကျနော်ကို အော်ရင် ချက်ချင်း ရှင်းပစ်မယ်ပြောပြီး ကမ်းနားလမ်းမှာ တယောက်ထဲ ချထားပေးခဲ့ပါတယ်.. ကျနော်ကို ချပြီးတာနဲ့ ကားတရှိန်ထိုးမောင်းသွားကြတာ.. ကျနော်မှာ ငိုရမလို အကူညီတောင်းရမလိုနဲ့.. တယောက်ထဲ ကြောက်ကလည်းကြောက်နေတော့ အဲ့ချထားပေးတဲ့နေရာမှာ ထိုင်ငိုမိနေသေးတယ်..
နောက်အနီးနားလမ်းဆက်လျှောက်ရင်း ဂိုထောင်တခုကိုတွေ့ပြီး ဂိုထောင်က လူတွေကို အကျိုးသင့်အကြောင်းသင့် ပြောပြပြီး အိမ်ကို ပြန်ဖို့ အခက်ခဲ ဖြစ်နေလို့ဆိုပြီး ပြောပြတော့ အဲ့ဂိုဒေါင်က အကိုတယောက်က အိမ်ကို လိုက်ပို့ပေးလို့ ခုဘဲ အိမ်ပြန်ရောက်ပါပြီ.. ခေတ်ကြီးက တကယ်ဘဲ ပျက်နေတာပါ ကြောက်ဖို့ကောင်းတယ်..