ထိုင္းထီ ပထမဆုေပါက္သည့္ ျမန္မာလုပ္သား ဇနီးေမာင္ႏွံ NUG ေငြတိုက္စာခ်ဳပ္ဝယ္
ဇန္နဝါရီ ၁၇ ရက္က ထြက္သြားတဲ့ ထိုင္းအစိုးရထီ ပထမဆု ( ဘတ္ ၆ သန္း ) ေပါက္ဂဏန္း ၈၈၀၁၅၉ ကို ထိုင္းႏိုင္ငံ အေနာက္ပိုင္း
ဖစ္ခ်္ပူရီခ႐ိုင္ေရာက္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ဇနီး ေမာင္ႏွံ တစ္စုံကေပါက္လို႔ ကံထူးရွင္ျဖစ္ခဲ့ၿပီး NUG ေငြတိုက္စာခ်ဳပ္ ေဒၚလာ ၁၀၀၀ ဖိုး ဝယ္ယူလိုက္ပါတယ္။
ထီေပါက္တဲ့ ဇနီးေမာင္ႏွံဟာ ျမန္မာျပည္ ပဲခူးတိုင္းရွိ ႐ြာတစ္႐ြာကျဖစ္ၿပီး ဖစ္ခ်္ပူရီၿမိဳ႕ ေနာင္စြန္းရပ္ကြက္ CalComp လွ်ပ္စစ္ပစၥည္းစက္႐ုံမွာအလုပ္လုပ္သူေတြျဖစ္ပါတယ္။
ထီေပါက္တယ္လို႔ သိရွိရတဲ့ေန႔ကေတာ့ အမ်ိဳးသမီးမွာ ဝမ္းသာလုံးဆို႔ၿပီး ေမ့လဲသြားတယ္လို႔ သူတို႔ကို ဆုေငြကူ ထုတ္ေပးခဲ့တဲ့ AAC အလုပ္သမားကူညီေရးမဟာမိတ္အဖြဲ႕ ဒါ႐ိုက္တာ ဦးခို င္ႀကီးက ဒီဗြီဘီကို ေျပာပါတယ္။
“သူတို႔က အဲဒီထီလက္မွတ္ကို စက္႐ုံေရွ႕မွာလာေရာင္းတုန္းဝယ္ထားတာ၊ လက္မွတ္က ၂ ေစာင္ပဲ က်န္တယ္တဲ့၊ ျဖစ္ခ်င္ေတာ့ လက္ထဲမွာပိုက္ဆံ ၁၀၀ ပဲရွိလို႔ တစ္ေစာင္ပဲ ဆုတ္ယူလိုက္တာ၊ ၁၇ ရက္ေန႔လယ္ပိုင္း ထမင္းစားနားခ်ိန္မွာ
သူတို႔ကထိုးထားတဲ့ထီကိုတိုက္ၾကည့္ေတာ့ ပထမဆုေပါက္တာသိရလို႔ အမ်ိဳးသမီးက ဝမ္းသာလုံးဆို႔ၿပီး ေမ့လဲသြားတယ္တဲ့ခင္ဗ်။ အစကေတာ့ သူေနမေကာင္းလို႔လဲသြားတယ္လို႔ ထင္ေနၾကတာ။
သူ႔ေယာက်္ားက ထီေပါက္လို႔ဝမ္းသာလုံးဆို႔ သြားတာလို႔ ေျပာျပမွသိၾကတယ္။ ၿပီးေတာ့ က်ေနာ္တို႔ဆီဖုံးဆက္တယ္၊ က်ေနာ္တို႔လည္းသြားႀကိဳ လာၿပီး ၁၈ ရက္ေန႔မွာ ဆုေငြေတြ ကူထုတ္ေပးလိုက္ပါတယ္။
ထီေပါက္တဲ့ဇနီးေမာင္ႏွံမွာ ေယာက္်ားက ၃၂ ႏွစ္၊ မိန္းမက ၃၁ ႏွစ္႐ြယ္ရွိၿပီး အမ္ အိုယူလက္မွတ္နဲ႔ ထိုင္းမွာအလုပ္လာလုပ္ေနတာ ၃ ႏွစ္ေက်ာ္ၿပီျဖစ္ေၾကာင္း ၊ ထီေပါက္ၿပီးတဲ့ေနာက္ ျမန္မာျပည္ကိုအၿပီးျပန္မယ္လို႔ ဆုံးျဖတ္ထားတယ္လို႔ ဆိုပါတယ္။
ထီေပါက္ေငြထဲက ေဒၚလာ ၁၀၀၀ ကို NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ရံပုံေငြအတြက္ ေငြတိုက္စာခ်ဳပ္ဝယ္ၿပီး AAC အလုပ္သမားကူညီေရးအဖြဲ႕ အေထြေထြအသုံးစရိတ္အတြက္ ဘတ္ ၅၀၀၀၀ ၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡိတဘဝနဲ႔ AAC ေဂဟာမွာခိုလႈံေနသူ ၂၃ ဦးအတြက္ ၁ ဦးလွ်င္ ဘတ္ ၃၀၀ စီ မုန႔္ဖိုးေပးသြားတယ္လို႔ ဆိုပါတယ္။
လက္ရွိအေျခအေနအရ သူတို႔နာမည္နဲ႔ ေနရပ္အတိအက်ကိုေတာ့ ေဖာ္ျပဖို႔အဆင္မေျပေၾကာင္း ၊ ျမန္မာျပည္မွာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဘဏ္စနစ္ၿပိဳလဲေနလို႔ ထီေပါက္တဲ့ေငြေတြ အိမ္ကိုျပန္လႊဲရတာအခက္အခဲမ်ားစြာရွိၿပီး ဝန္ေဆာင္မႈမ်ားစြာေပးရတာေၾကာင့္ ထီေပါက္ေငြကို အျပည့္အဝမခံစားရဘူးလို႔ ဦးခိုင္ႀကီးက ေျပာပါတယ္။
ဒီ ၂၀၂၂ ႏွစ္သစ္ထဲမွာ AAC အေနနဲ႔ ထိုင္းထီ ပထမဆုေပါက္တဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၂ ဦးကို ဆုေငြထုတ္ေပးခဲ့ရၿပီး ဇန္နဝါရီလ ၁ ရက္ေန႔က ထီေပါက္သူမွာ ကရင္အမ်ိဳးသား ၁ ဦးျဖစ္တယ္လို႔ သိရပါတယ္။
ထိုင်းထီ ပထမဆုပေါက်သည့် မြန်မာလုပ်သား ဇနီးမောင်နှံ NUG ငွေတိုက်စာချုပ်ဝယ်
ဇန်နဝါရီ ၁၇ ရက်က ထွက်သွားတဲ့ ထိုင်းအစိုးရထီ ပထမဆု ( ဘတ် ၆ သန်း ) ပေါက်ဂဏန်း ၈၈၀၁၅၉ ကို ထိုင်းနိုင်ငံ အနောက်ပိုင်း
ဖစ်ချ်ပူရီခရိုင်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီး မောင်နှံ တစ်စုံကပေါက်လို့ ကံထူးရှင်ဖြစ်ခဲ့ပြီး NUG ငွေတိုက်စာချုပ် ဒေါ်လာ ၁၀၀၀ ဖိုး ဝယ်ယူလိုက်ပါတယ်။
ထီပေါက်တဲ့ ဇနီးမောင်နှံဟာ မြန်မာပြည် ပဲခူးတိုင်းရှိ ရွာတစ်ရွာကဖြစ်ပြီး ဖစ်ချ်ပူရီမြို့ နောင်စွန်းရပ်ကွက် CalComp လျှပ်စစ်ပစ္စည်းစက်ရုံမှာအလုပ်လုပ်သူတွေဖြစ်ပါတယ်။
ထီပေါက်တယ်လို့ သိရှိရတဲ့နေ့ကတော့ အမျိုးသမီးမှာ ဝမ်းသာလုံးဆို့ပြီး မေ့လဲသွားတယ်လို့ သူတို့ကို ဆုငွေကူ ထုတ်ပေးခဲ့တဲ့ AAC အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခို င်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့က အဲဒီထီလက်မှတ်ကို စက်ရုံရှေ့မှာလာရောင်းတုန်းဝယ်ထားတာ၊ လက်မှတ်က ၂ စောင်ပဲ ကျန်တယ်တဲ့၊ ဖြစ်ချင်တော့ လက်ထဲမှာပိုက်ဆံ ၁၀၀ ပဲရှိလို့ တစ်စောင်ပဲ ဆုတ်ယူလိုက်တာ၊ ၁၇ ရက်နေ့လယ်ပိုင်း ထမင်းစားနားချိန်မှာ
သူတို့ကထိုးထားတဲ့ထီကိုတိုက်ကြည့်တော့ ပထမဆုပေါက်တာသိရလို့ အမျိုးသမီးက ဝမ်းသာလုံးဆို့ပြီး မေ့လဲသွားတယ်တဲ့ခင်ဗျ။ အစကတော့ သူနေမကောင်းလို့လဲသွားတယ်လို့ ထင်နေကြတာ။
သူ့ယောကျ်ားက ထီပေါက်လို့ဝမ်းသာလုံးဆို့ သွားတာလို့ ပြောပြမှသိကြတယ်။ ပြီးတော့ ကျနော်တို့ဆီဖုံးဆက်တယ်၊ ကျနော်တို့လည်းသွားကြို လာပြီး ၁၈ ရက်နေ့မှာ ဆုငွေတွေ ကူထုတ်ပေးလိုက်ပါတယ်။
ထီပေါက်တဲ့ဇနီးမောင်နှံမှာ ယောက်ျားက ၃၂ နှစ်၊ မိန်းမက ၃၁ နှစ်ရွယ်ရှိပြီး အမ် အိုယူလက်မှတ်နဲ့ ထိုင်းမှာအလုပ်လာလုပ်နေတာ ၃ နှစ်ကျော်ပြီဖြစ်ကြောင်း ၊ ထီပေါက်ပြီးတဲ့နောက် မြန်မာပြည်ကိုအပြီးပြန်မယ်လို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
ထီပေါက်ငွေထဲက ဒေါ်လာ ၁၀၀၀ ကို NUG အမျိုးသားညီညွတ်ရေးအစိုးရ ရံပုံငွေအတွက် ငွေတိုက်စာချုပ်ဝယ်ပြီး AAC အလုပ်သမားကူညီရေးအဖွဲ့ အထွေထွေအသုံးစရိတ်အတွက် ဘတ် ၅၀၀၀၀ ၊ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခိတဘဝနဲ့ AAC ဂေဟာမှာခိုလှုံနေသူ ၂၃ ဦးအတွက် ၁ ဦးလျှင် ဘတ် ၃၀၀ စီ မုန့်ဖိုးပေးသွားတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေအရ သူတို့နာမည်နဲ့ နေရပ်အတိအကျကိုတော့ ဖော်ပြဖို့အဆင်မပြေကြောင်း ၊ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဘဏ်စနစ်ပြိုလဲနေလို့ ထီပေါက်တဲ့ငွေတွေ အိမ်ကိုပြန်လွှဲရတာအခက်အခဲများစွာရှိပြီး ဝန်ဆောင်မှုများစွာပေးရတာကြောင့် ထီပေါက်ငွေကို အပြည့်အဝမခံစားရဘူးလို့ ဦးခိုင်ကြီးက ပြောပါတယ်။
ဒီ ၂၀၂၂ နှစ်သစ်ထဲမှာ AAC အနေနဲ့ ထိုင်းထီ ပထမဆုပေါက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးကို ဆုငွေထုတ်ပေးခဲ့ရပြီး ဇန်နဝါရီလ ၁ ရက်နေ့က ထီပေါက်သူမှာ ကရင်အမျိုးသား ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။