ၾကားသိရသမွ်

ႏိုင္ငံတစ္ဝန္း နံနက္ ၇ နာရီမွ ည ၁၁ နာရီအတြင္း အခ်ိန္မေ႐ြး လွ်ပ္စစ္မီးျပတ္မည္ဟု စစ္ေကာင္စီက ေၾကညာ…

ရန္ကုန္၊ ဇန္နဝါရီ ၆

ျမန္မာႏိုင္ငံတစ္ဝန္း နံနက္ ၇ နာရီမွ ည ၁၁ နာရီအတြင္း အခ်ိန္မေ႐ြး လွ်ပ္စစ္ မီးမ်ား ျပတ္မည္ဟု စစ္ေကာင္စီက ယေန႔ ထုတ္ျပန္ေၾကညာသည္။

တိုင္းႏွင့္ ျပည္နယ္ အသီးသီးတြင္ လွ်ပ္စစ္ဓာတ္အားေလ်ာ့နည္းထုတ္လုပ္ေနရျခင္းႏွင့္ ဓာတ္အားစနစ္တည္ၿငိမ္မႈထိန္းညႇိေဆာင္ရသည့္အတြက္ ေနရာအခ်ိဳ႕တြင္ အခ်ိန္ပိုင္း ဓာတ္အားျပတ္ေတာက္မႈ ျဖစ္ေပၚေနေၾကာင္း

ဓာတ္အားသုံးစြဲမႈ မ်ားျပားသည့္ နံနက္ ၇ နာရီမွ ည ၁၁ နာရီအတြင္းႏွင့္ ညေန ၅ နာရီမွ ည ၇ နာရီအတြင္း ဓာတ္အားစနစ္ ထိန္းညႇိရျခင္းေၾကာင့္

မျဖစ္မေန အခ်ိန္ပိုင္း လွ်ပ္ စစ္ျပတ္ေတာက္မႈ ျဖစ္မည္ ေဖာ္ျပထားျခင္းေၾကာင့္ ည အိပ္ခ်ိန္မွ လြဲ၍ အခ်ိန္မေ႐ြး မီးျပတ္ေတာက္မည္ ျဖစ္ေၾကာင္း ေၾကညာသည္။

လွ်ပ္စစ္ဓာတ္အား ပုံမွန္ထုတ္လုပ္ႏိုင္မႈ ၄၂၀၀ မဂၢါဝပ္ ျဖစ္ေသာ္လည္း ဓာတ္ ေငြ႕ေဈးႏႈန္း ေလးဆခန႔္ ျမင့္တက္မႈေၾကာင့္

LNG to power ဓာတ္အားေပးစက္႐ုံမ်ား ရပ္ထားရသည့္အတြက္ လွ်ပ္စစ္ထုတ္လုပ္မႈ ၇၅၉ မဂၢါဝပ္၊ ရတနာကမ္းလြန္ဓာတ္ေငြ႕စီမံကိန္း ျပဳျပင္ထိန္းသိမ္းမႈေၾကာင့္ ၅၄၀ မဂၢါဝပ္၊

ဘီလူးေခ်ာင္းေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံကို ဓာတ္အားေပးပို႔သည့္ ၂၃၀ ေကဗြီတာဝါတိုင္မ်ား မိုင္းကြဲျခင္းေၾကာင့္ ၁၈၀ မဂၢါဝပ္ အသီးသီးေလ်ာ့နည္းေနေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

လွ်ပ္စစ္မီးသုံးစြဲသူမ်ားအေနႏွင့္ LED မီးသီး/မီးေခ်ာင္း အစားထိုးသုံးစြဲရန္၊ မလိုအပ္လွ်င္ မီး ခလုတ္ မ်ား ပိတ္ထားရန္ ထုတ္ျပန္ခ်က္တြင္ ပါရွိၿပီး

ထိုသို႔ လုပ္ ေဆာင္ပါက လွ်ပ္စစ္မီတာခ ေပး ေခ်ရမႈ ေလ်ာ့နည္းသက္သာမည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

စစ္ေကာင္စီ၏ ေၾကညာခ်က္တြင္ မည္သည့္အခ်ိန္တြင္မွ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမ်ား ရပ္တန႔္ၿပီး လွ်ပ္စစ္မီး ပုံမွန္ျပန္ျဖစ္မည္ကို ေဖာ္ျပထားျခင္းမရွိေပ။

Crd#

Unicode

နိုင်ငံတစ်ဝန်း နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်း အချိန်မရွေး လျှပ်စစ်မီးပြတ်မည်ဟု စစ်ကောင်စီက ကြေညာ…

ရန်ကုန်၊ ဇန်နဝါရီ ၆

မြန်မာနိုင်ငံတစ်ဝန်း နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်း အချိန်မရွေး လျှပ်စစ် မီးများ ပြတ်မည်ဟု စစ်ကောင်စီက ယနေ့ ထုတ်ပြန်ကြေညာသည်။

တိုင်းနှင့် ပြည်နယ် အသီးသီးတွင် လျှပ်စစ်ဓာတ်အားလျော့နည်းထုတ်လုပ်နေရခြင်းနှင့် ဓာတ်အားစနစ်တည်ငြိမ်မှုထိန်းညှိဆောင်ရသည့်အတွက်

နေရာအချို့တွင် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နေကြောင်း ၊ဓာတ်အားသုံးစွဲမှု များပြားသည့် နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်းနှင့် ညနေ ၅ နာရီမှ ည ၇ နာရီအတွင်း

ဓာတ်အားစနစ် ထိန်းညှိရခြင်းကြောင့် မဖြစ်မနေ အချိန်ပိုင်း လျှပ် စစ်ပြတ်တောက်မှု ဖြစ်မည် ဖော်ပြထားခြင်းကြောင့် ည အိပ်ချိန်မှ လွဲ၍ အချိန်မရွေး မီးပြတ်တောက်မည် ဖြစ်ကြောင်း ကြေညာသည်။

လျှပ်စစ်ဓာတ်အား ပုံမှန်ထုတ်လုပ်နိုင်မှု ၄၂၀၀ မဂ္ဂါဝပ် ဖြစ်သော်လည်း ဓာတ် ငွေ့ဈေးနှုန်း လေးဆခန့် မြင့်တက်မှုကြောင့်

LNG to power ဓာတ်အားပေးစက်ရုံများ ရပ်ထားရသည့်အတွက် လျှပ်စစ်ထုတ်လုပ်မှု ၇၅၉ မဂ္ဂါဝပ်၊ ရတနာကမ်းလွန်ဓာတ်ငွေ့စီမံကိန်း ပြုပြင်ထိန်းသိမ်းမှုကြောင့် ၅၄၀ မဂ္ဂါဝပ်၊

ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဓာတ်အားပေးပို့သည့် ၂၃၀ ကေဗွီတာဝါတိုင်များ မိုင်းကွဲခြင်းကြောင့် ၁၈၀ မဂ္ဂါဝပ်

အသီးသီးလျော့နည်းနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လျှပ်စစ်မီးသုံးစွဲသူများအနေနှင့် LED မီးသီး/မီးချောင်း အစားထိုးသုံးစွဲရန်၊ မလိုအပ်လျှင် မီး ခလုတ် များ ပိတ်ထားရန် ထုတ်ပြန်ချက်တွင် ပါရှိပြီး

ထိုသို့ လုပ် ဆောင်ပါက လျှပ်စစ်မီတာခ ပေး ချေရမှု လျော့နည်းသက်သာမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ကြေညာချက်တွင် မည်သည့်အချိန်တွင်မှ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ရပ်တန့်ပြီး လျှပ်စစ်မီး ပုံမှန်ပြန်ဖြစ်မည်ကို ဖော်ပြထားခြင်းမရှိပေ။

Crd#