တခါက အဖိုးအို တေယာက္ဟာ သူ႔ရဲ႕ အိမ္နီးခ်င္းတစ္ေယာက္ဆီက အိုးႀကီး တစ္လုံးကို ခဏ ငွားလိုက္တယ္ ။
ဆယ္ရက္ေလာက္ ၾကာတဲ့အခါ အိုးႀကီးထဲ အိုးအငယ္ေလး ထည့္ထားတာကို ေမ့ပီး ျပန္မဆယ္မိပဲ အိမ္နီးခ်င္းကို ျပန္ေပး လိုက္မိတယ္ ။
ဒါကို အိမ္နီးခ်င္းက ေတြ႕ေတာ့..” ဒီအိုးေလးက ဘာလို႔ ပါလာတာလဲ ” လို႔ ေမးလိုက္တယ္။
ဒီေတာ့ အဖိုးအိုကလည္း…
” က်ေနာ္ အိုးကို ငွားခဲ့တုန္းက ခင္မ်ားအိုးက ကိုယ္ဝန္ႀကီးနဲ႔ ထင္ပါရဲ႕..
ဒါေၾကာင့္ ဒီအိုးကေလးေလး ေမြးတာ ျဖစ္မယ္ ” လို႔ ေျပာလိုက္တယ္ ။
အိုးပိုင္ရွင္ကလည္း ဒီအဖိုးႀကီး အေတာ္ကို တုံးတာပဲ လို႔ ေတြးၿပီး…
” ေကာင္းပါၿပီဗ်ာ.. ေနာက္ကို အိုး အသုံးလိုရင္လည္း လာငွားလွည့္ပါ ” လို႔ ေျပာၿပီး အိုးငယ္ေလးပါ သိမ္းထားလိုက္ သတဲ့ ။
ရက္အနည္းငယ္ ၾကာတဲ့အခါ အဖိုးအိုလည္း အိုးရွင္ထံမွ အိုးကို ေနာက္ထပ္ လာေရာက္ ငွားရမ္းျပန္တယ္ ။
၁၀ ရက္ ၊ ရက္ ၂၀ ၊ တလ ၾကာတဲ့အထိ အဖိုးအိုက အိုးကို ျပန္မေပးပဲ ေနတဲ့အခါမွာ
အိုးရွင္လည္း စိတ္ပူၿပီး အဖိုးအိုထံ ေရာက္လာကာ အိုးကို လာေတာင္းေတာ့တယ္ ။ ဒီေတာ့မွ အဖိုးအိုလည္း…
” ကံ အေၾကာင္းတရားပဲ ထင္ပါရဲ႕ဗ်ာ.. ခင္မ်ားရဲ႕အိုးဟာ မေန႔ကပဲ ကြယ္လြန္ အနိစၥ ေရာက္သြားရွာၿပီ ” လို႔လည္း ေျပာလိုက္ေတာ့…
” ဟာ.. ဒီအဖိုးႀကီး ၊ က်ဳပ္ကို အ႐ူးမ်ား ထင္ေနလား.. အိုး ဆိုတာမ်ိဳးက ကြယ္လြန္ အနိစၥ ေရာက္တယ္ဆိုတာ ရွိလို႔လား ၊ က်ဳပ္အိုး ျပန္ေပး ” လို႔ ေျပာေတာ့တာေပါ့ ။
ဒီေတာ့မွ အဖိုးအိုက…
” ေၾသာ္.. ခင္မ်ားလည္း အေတာ္ မတရားစကား ေျပာတတ္တာပဲ။ အရင္တစ္ခါ ခင္မ်ားအိုးႀကီးက အိုးကေလး ေမြးတယ္ ဆိုေတာ့ ခင္မ်ားက ယုံတယ္။
အခု အိုးႀကီး ကြယ္လြန္ အနိစၥ ေရာက္တယ္ ဆိုေတာ့ မယုံေတာ့ဘူး ျဖစ္သြားတယ္ ခင္မ်ားရဲ႕ စကားဟာ တရားရဲ႕လား ဗ်ာ ” လို႔လည္း ေျပာေရာ.. အိုးရွင္ ခင္မ်ာ မ်က္ႏွာငယ္ေလးနဲ႔ ျပန္သြား ရရွာတယ္ ။
ဒီအျဖစ္ေလးလိုပါပဲ ။ ေလာကမွာ ကိုယ္ႏွစ္သက္တာေလး ၊ ကိုယ့္အႀကိဳက္ေလးမ်ား ေျပာလိုက္ရင္ မွားတာ ၊ မွန္တာ မစဥ္းစားေတာ့ဘူး ။
သိပ္ကို သေဘာက်ေန တတ္ၾကတယ္ ။ ပီတိေတြ ျဖစ္ေနတတ္ ၾကတယ္ ။
အဲ.. ကိုယ္ မႀကိဳက္တာေလးမ်ား ၾကားရပီ ဆိုရင္ေတာ့ မည္မွ်ပင္ အမွန္ စကား ျဖစ္ေနပါေစ ၊ လက္မခံႏိုင္ၾကဘူး ဆိုတာကို သတိျပဳမိ ႏိုင္ၾကပါေစ…။
Crd
Unicode Version
တခါက အဖိုးအို တယောက်ဟာ သူ့ရဲ့ အိမ်နီးချင်းတစ်ယောက်ဆီက အိုးကြီး တစ်လုံးကို ခဏ ငှားလိုက်တယ် ။
ဆယ်ရက်လောက် ကြာတဲ့အခါ အိုးကြီးထဲ အိုးအငယ်လေး ထည့်ထားတာကို မေ့ပီး ပြန်မဆယ်မိပဲ အိမ်နီးချင်းကို ပြန်ပေး လိုက်မိတယ် ။
ဒါကို အိမ်နီးချင်းက တွေ့တော့..” ဒီအိုးလေးက ဘာလို့ ပါလာတာလဲ ” လို့ မေးလိုက်တယ်။
ဒီတော့ အဖိုးအိုကလည်း…
” ကျနော် အိုးကို ငှားခဲ့တုန်းက ခင်များအိုးက ကိုယ်ဝန်ကြီးနဲ့ ထင်ပါရဲ့..
ဒါကြောင့် ဒီအိုးကလေးလေး မွေးတာ ဖြစ်မယ် ” လို့ ပြောလိုက်တယ် ။
အိုးပိုင်ရှင်ကလည်း ဒီအဖိုးကြီး အတော်ကို တုံးတာပဲ လို့ တွေးပြီး…
” ကောင်းပါပြီဗျာ.. နောက်ကို အိုး အသုံးလိုရင်လည်း လာငှားလှည့်ပါ ” လို့ ပြောပြီး အိုးငယ်လေးပါ သိမ်းထားလိုက် သတဲ့ ။
ရက်အနည်းငယ် ကြာတဲ့အခါ အဖိုးအိုလည်း အိုးရှင်ထံမှ အိုးကို နောက်ထပ် လာရောက် ငှားရမ်းပြန်တယ် ။
၁၀ ရက် ၊ ရက် ၂၀ ၊ တလ ကြာတဲ့အထိ အဖိုးအိုက အိုးကို ပြန်မပေးပဲ နေတဲ့အခါမှာ
အိုးရှင်လည်း စိတ်ပူပြီး အဖိုးအိုထံ ရောက်လာကာ အိုးကို လာတောင်းတော့တယ် ။ ဒီတော့မှ အဖိုးအိုလည်း…
” ကံ အကြောင်းတရားပဲ ထင်ပါရဲ့ဗျာ.. ခင်များရဲ့အိုးဟာ မနေ့ကပဲ ကွယ်လွန် အနိစ္စ ရောက်သွားရှာပြီ ” လို့လည်း ပြောလိုက်တော့…
” ဟာ.. ဒီအဖိုးကြီး ၊ ကျုပ်ကို အရူးများ ထင်နေလား.. အိုး ဆိုတာမျိုးက ကွယ်လွန် အနိစ္စ ရောက်တယ်ဆိုတာ ရှိလို့လား ၊ ကျုပ်အိုး ပြန်ပေး ” လို့ ပြောတော့တာပေါ့ ။
ဒီတော့မှ အဖိုးအိုက…
” သြော်.. ခင်များလည်း အတော် မတရားစကား ပြောတတ်တာပဲ။ အရင်တစ်ခါ ခင်များအိုးကြီးက အိုးကလေး မွေးတယ် ဆိုတော့ ခင်များက ယုံတယ်။
အခု အိုးကြီး ကွယ်လွန် အနိစ္စ ရောက်တယ် ဆိုတော့ မယုံတော့ဘူး ဖြစ်သွားတယ် ခင်များရဲ့ စကားဟာ တရားရဲ့လား ဗျာ ” လို့လည်း ပြောရော.. အိုးရှင် ခင်မျာ မျက်နှာငယ်လေးနဲ့ ပြန်သွား ရရှာတယ် ။
ဒီအဖြစ်လေးလိုပါပဲ ။ လောကမှာ ကိုယ်နှစ်သက်တာလေး ၊ ကိုယ့်အကြိုက်လေးများ ပြောလိုက်ရင် မှားတာ ၊ မှန်တာ မစဉ်းစားတော့ဘူး ။
သိပ်ကို သဘောကျနေ တတ်ကြတယ် ။ ပီတိတွေ ဖြစ်နေတတ် ကြတယ် ။
အဲ.. ကိုယ် မကြိုက်တာလေးများ ကြားရပီ ဆိုရင်တော့ မည်မျှပင် အမှန် စကား ဖြစ်နေပါစေ ၊ လက်မခံနိုင်ကြဘူး ဆိုတာကို သတိပြုမိ နိုင်ကြပါစေ…။
Crd