ေမႊးေမႊးေလးနဲ႔ စားလို႔ေကာင္းတဲ့ ထန္းပင္ျမစ္ကို ထန္းပင္ႀကီးရဲ႕ အျမစ္လို႔ အခုထိ ထင္ေနၾကတုန္းလား
ထန္းပင္ျမစ္ကိုေရာ စားဖူး ၾကလား။
ထန္းပင္ျမစ္ဆိုေတာ့ အခ်ိဳ႕မသိေသးသူမ်ားက ထန္းပင္ႀကီးရဲ႕ အျမစ္ေတြလို႔ထင္ေနၾကေတာ့ ရယ္လိုက္ရေသးတယ္။
ထန္းပင္ႀကီးရဲ႕အျမစ္က ႀကီးမားလြန္းလို႔ ႏြားေတြစားဖို႔အတြက္ ႏြားစာက်င္း (ျမက္ေတြ ထည့္ေကြၽးတဲ့ခြက္ႀကီး) ေတြေတာင္ ထြင္းလို႔ရပါတယ္။
စားလို႔ရတဲ့ ထန္းပင္ျမစ္က ထန္းသီးအရင့္ေတြကို ေျမျမဳပ္ထားၿပီး ထြက္လာတဲ့ ထန္းပင္ေပါက္ပါ။
ဥပမာေျပာရရင္ ယာေတာသူတို႔စားေနတဲ့ ပဲပင္ေပါက္လိုဘဲေပါ့
အာ့တာကိုမစားရင္ ထန္းပင္ႀကီးျဖစ္လာမွာေပါ့ေလ။
သူ႔အရသာက ႏုလြန္းရင္ ခါးသက္သက္ျဖစ္တတ္ၿပီး ေရာင္းတန္းဝင္ အ႐ြယ္ေလာက္ဆိုရင္ေတာ့ စားၿပီးရင္း စားခ်င္စရာေကာင္းတဲ့ ထူးဆန္းတဲ့အရသာမ်ိဳးေလးပါ။
မီးဖုတ္စားရင္ အနံ႔ပိုၿပီး ေမႊးပါတယ္။
စားသုံးရန္အတြက္ ထန္းပင္ျမစ္မီးဖုတ္ (သို႔) ထန္းပင္ျမစ္ျပဳတ္ကို အခြံခြာၿပီးလွ်င္ ထန္းျမစ္ေဖြးေဖြးေလး ေတြ႕ပါလိမ့္မယ္။
ထိုထန္းျမစ္ေလးရဲ႕ အေပၚယံအမွ်င္ပါးေလးကို ေနာက္တစ္ႀကိမ္ထပ္ခြာပါ။
ထို႔ေနာက္အလယ္ကေနျခမ္းကာ အထဲက အူတိုင္အႏွံေလးကို ဖယ္ၿပီး စိတ္ႀကိဳက္စားလို႔ရပါၿပီ။
ထန္းပင္ျမစ္ကို မီးဖုတ္ၿပီးလည္း စားလို႔ရသလို ျပဳတ္ၿပီးလည္း ဆီနဲ႔ဆားနဲ႔ တို႔စားၾကပါတယ္။
အခ်ိဳ႕ကလည္း ထန္းျမစ္ေၾကာ္၊ ထန္းျမစ္ႏွမ္းေထာင္း စသျဖင့္အမ်ိဳးမ်ိဳး စားေလ့ရွိၾကပါတယ္။
ဒါေၾကာင့္ ယာေတာသူတို႔လည္း အညာစာတစ္မ်ိဳးျဖစ္တဲ့ ထန္းပင္ျမစ္ကို လမ္းႀကဳံရင္စားၾကည့္ဖို႔ မေမ့ၾကပါနဲ႔ေနာ္ (ယာေတာသူ)
credit to orginal
unicode
မွှေးမွှေးလေးနဲ့ စားလို့ကောင်းတဲ့ ထန်းပင်မြစ်ကို ထန်းပင်ကြီးရဲ့ အမြစ်လို့ အခုထိ ထင်နေကြတုန်းလား
ထန်းပင်မြစ်ကိုရော စားဖူး ကြလား။
ထန်းပင်မြစ်ဆိုတော့ အချို့မသိသေးသူများက ထန်းပင်ကြီးရဲ့ အမြစ်တွေလို့ထင်နေကြတော့ ရယ်လိုက်ရသေးတယ်။
ထန်းပင်ကြီးရဲ့အမြစ်က ကြီးမားလွန်းလို့ နွားတွေစားဖို့အတွက် နွားစာကျင်း (မြက်တွေ ထည့်ကျွေးတဲ့ခွက်ကြီး) တွေတောင် ထွင်းလို့ရပါတယ်။
စားလို့ရတဲ့ ထန်းပင်မြစ်က ထန်းသီးအရင့်တွေကို မြေမြုပ်ထားပြီး ထွက်လာတဲ့ ထန်းပင်ပေါက်ပါ။
ဥပမာပြောရရင် ယာတောသူတို့စားနေတဲ့ ပဲပင်ပေါက်လိုဘဲပေါ့
အာ့တာကိုမစားရင် ထန်းပင်ကြီးဖြစ်လာမှာပေါ့လေ။
သူ့အရသာက နုလွန်းရင် ခါးသက်သက်ဖြစ်တတ်ပြီး ရောင်းတန်းဝင် အရွယ်လောက်ဆိုရင်တော့ စားပြီးရင်း စားချင်စရာကောင်းတဲ့ ထူးဆန်းတဲ့အရသာမျိုးလေးပါ။
မီးဖုတ်စားရင် အနံ့ပိုပြီး မွှေးပါတယ်။
စားသုံးရန်အတွက် ထန်းပင်မြစ်မီးဖုတ် (သို့) ထန်းပင်မြစ်ပြုတ်ကို အခွံခွာပြီးလျှင် ထန်းမြစ်ဖွေးဖွေးလေး တွေ့ပါလိမ့်မယ်။
ထိုထန်းမြစ်လေးရဲ့ အပေါ်ယံအမျှင်ပါးလေးကို နောက်တစ်ကြိမ်ထပ်ခွာပါ။
ထို့နောက်အလယ်ကနေခြမ်းကာ အထဲက အူတိုင်အနှံလေးကို ဖယ်ပြီး စိတ်ကြိုက်စားလို့ရပါပြီ။
ထန်းပင်မြစ်ကို မီးဖုတ်ပြီးလည်း စားလို့ရသလို ပြုတ်ပြီးလည်း ဆီနဲ့ဆားနဲ့ တို့စားကြပါတယ်။
အချို့ကလည်း ထန်းမြစ်ကြော်၊ ထန်းမြစ်နှမ်းထောင်း စသဖြင့်အမျိုးမျိုး စားလေ့ရှိကြပါတယ်။
ဒါကြောင့် ယာတောသူတို့လည်း အညာစာတစ်မျိုးဖြစ်တဲ့ ထန်းပင်မြစ်ကို လမ်းကြုံရင်စားကြည့်ဖို့ မမေ့ကြပါနဲ့နော် (ယာတောသူ)
credit to orginal