ဗဟုသုတ

ဆန်နဲ့ မျက်နှာပေါင်းတင်နည်း (သို့) မျက်နှာလိမ်းတဲ့ cream လုပ်နည်း

ဆန်နဲ့ မျက်နှာပေါင်းတင်နည်း (သို့) မျက်နှာလိမ်းတဲ့ cream လုပ်နည်း

သင်သိပါသလား? ဆန်ပြုတ်ဆိုတာ စားဖို့ပဲမဟုတ်ဘူး စကွင်းကဲလို့လည်း ရတယ်ဆိုတာ…

ဒီတစ်ပါတ်ရဲ့ topic ကတော့ “ဆန်နဲ့ မျက်နှာပေါင်းတင်နည်း (သို့) မျက်နှာလိမ်းတဲ့ cream လုပ်နည်း”ပါရှင့်…

စိတ်ဝင်စားစရာ အိမ်တွင်းနည်းလမ်းလေးမို့ Irene ကိုယ်တိုင်လည်း လုပ်ကြည့်ရင်း အဆင်ပြေတာကြောင့် အခုလို ပြန်လည် sharing လုပ်ပေးရခြင်းဖြစ်ပါတယ်

ဆန်ကတော့ အားလုံးသိတဲ့အတိုင်း အသားအရေအတွက် အင်မတန်အာနိသင်ရှိတဲ့ သဘာဝထွက်ကုန်တစ်ခုပါပဲ… !

အဓိကအားဖြင့်…

မျက်နှာတင်းရင်းစေခြင်း၊

နုပျိုစေခြင်း၊

အရေးအကြောင်းများ ပျောက်ကင်းစေခြင်း၊

အသားအရေကို ပြန်လည်ကျန်းမာစေခြင်း၊

အရေဓာတ်ဖြည့်ပေးခြင်း၊

နေလောင်အကွက်များ၊ အမဲစက်များ ကို ပျောက်ကင်းစေနိုင်ခြင်း စသည့် ဂုဏ်သတ္တိများစွာ ပါဝင်ပါတယ်

ပြုလုပ်ပုံလေးကို ကြည့်လိုက်ရအောင်နော်

 

ဆန် လက်တစ်ဆုပ်စာကို ရေဖြင့် ၁ နာရီခန့်စိမ်ထားပါ (ဘက်တီးရီးယားနှင့် ဖုန်မှုန့်များ ထွက်သွားစေရန် ရည်ရွယ်ပါတယ်)

ဆေးပြီးသောဆန်ကို ရေသန့်ဖြင့် ဆန်ပြုတ်အနေအထားဖြစ်သည်အထိ (ပျော့လာသည်အထိ) ပြုတ်ပါ

ပျော့ပြဲလာသောဆန်ပြုတ်ကို ယူပြီး ဇကာထဲထည့်ကာ အပေါ်မှ ဇွန်းဖြင့် ဖိညှစ်ပေးပါ (အောက်က ခွက်တစ်ခုခုဖြင့် ခံထားပါ)

စစ်ထုတ်ပြီးပါက cream ကဲ့သို့ အဖြူရောင် အ ည်ပျစ်ပျစ်လေး ရလာမှာဖြစ်ပါတယ်

Vatamin E ၁ လုံး ဖောက်ထည့်ပါ

Aloe Gel ( ရှားစောင်းလက်ပတ်ဂျယ်လ်) အနည်းငယ် ထည့်ပါ

သမအောင်မွှေပြီး အဖုံးလုံခွက်ထဲသို့ထည့်ထားပါ

ရေထဲသေတ္တာထဲထည့်ကာ ၅-၇ ရက်အထိ အသုံးပြုပေးနိုင်ပါတယ်

မှတ်ချက်

Vitamin E နှင့် Aloe Gel က မထည့်မဖြစ်မဟုတ်တဲ့အတွက် ဘာမှမရောထားတဲ့ rice cream တစ်မျိုးတည်း လိမ်းလို့လည်း ရပါတယ်… Irene ကတော့ ကြိုက်လို့ထည့်ပြထားတာပါ… ထည့်ချင်တဲ့သူတွေလည်း ထည့်လို့ရအောင်လို့လေ

Vitamin E ကို Irene သောက်ဖြစ်နေတဲ့ Enat Myanmar 400 အား တစ်လုံးထည့်ထားပါတယ်

Aloe Gel ကတော့ Holika Holika Myanmar ကပဲဖြစ်ပါတယ်

သဘာဝအတိုင်း ဆန်နဲ့လုပ်ထားတဲ့အတွက် လိမ်းလိုက်တဲ့အခါ အနည်းငယ် စေးကပ်သလို ခံစားရပေမယ့် ခြောက်သွားတဲ့အခါမှာတော့ အသားလေးအေးပြီး တင်းသွားတာမို့ ပြဿနာမရှိပါဘူးနော်

ဒီနည်းလမ်းကို Rice cream အနေနဲ့ အသုံးပြုလို့ရသလို Face Mask အနေနဲ့လည်း သုံးလို့ရပါတယ်

Rice Cream ဆိုရင်တော့ ညတိုင်း လိမ်းအိပ်လို့ရပြီး၊ Face Mask အနေနဲ့ဆိုရင်တော့ ၁၅-၂၀ မိနစ်ခန့်ထားပြီး ရေဖြင့်ပြန်ဆေးချလို့ရပါတယ်

သဘာဝနည်းလမ်းလေးဖြစ်လို့ ၇ ရက်ထက်ပိုမထားဖို့တော့ အကြံပြုပါရစေရှင့် (ရေခဲသေတ္တာထဲလည်း ဖြစ်အောင်ထည့်သုံးစေချင်ပါတယ်)

ကဲ…. ဒီတစ်ပတ်နည်းလမ်းလေးကိုလည်း အားလုံးနှစ်သက်သဘောကျမယ်လို့ Irene မျှော်လင့်ပါတယ်

ချစ်သော Irene Pretty

ဆန္နဲ႔ မ်က္ႏွာေပါင္းတင္နည္း (သို႔) မ်က္ႏွာလိမ္းတဲ့ cream လုပ္နည္း

သင္သိပါသလား? ဆန္ျပဳတ္ဆိုတာ စားဖို႔ပဲမဟုတ္ဘူး စကြင္းကဲလို႔လည္း ရတယ္ဆိုတာ…

ဒီတစ္ပါတ္ရဲ့ topic ကေတာ့ “ဆန္နဲ႔ မ်က္ႏွာေပါင္းတင္နည္း (သို႔) မ်က္ႏွာလိမ္းတဲ့ cream လုပ္နည္း”ပါရွင့္…

စိတ္ဝင္စားစရာ အိမ္တြင္းနည္းလမ္းေလးမို႔ Irene ကိုယ္တိုင္လည္း လုပ္ၾကည့္ရင္း အဆင္ေျပတာေၾကာင့္ အခုလို ျပန္လည္ sharing လုပ္ေပးရျခင္းျဖစ္ပါတယ္

ဆန္ကေတာ့ အားလုံးသိတဲ့အတိုင္း အသားအေရအတြက္ အင္မတန္အာနိသင္ရွိတဲ့ သဘာဝထြက္ကုန္တစ္ခုပါပဲ… !

အဓိကအားျဖင့္…

မ်က္ႏွာတင္းရင္းေစျခင္း၊

ႏုပ်ိဳေစျခင္း၊

အေရးအေၾကာင္းမ်ား ေပ်ာက္ကင္းေစျခင္း၊

အသားအေရကို ျပန္လည္က်န္းမာေစျခင္း၊

အေရဓာတ္ျဖည့္ေပးျခင္း၊

ေနေလာင္အကြက္မ်ား၊ အမဲစက္မ်ား ကို ေပ်ာက္ကင္းေစနိုင္ျခင္း စသည့္ ဂုဏ္သတၱိမ်ားစြာ ပါဝင္ပါတယ္

ျပဳလုပ္ပုံေလးကို ၾကည့္လိုက္ရေအာင္ေနာ္

ဆန္ လက္တစ္ဆုပ္စာကို ေရျဖင့္ ၁ နာရီခန႔္စိမ္ထားပါ (ဘက္တီးရီးယားႏွင့္ ဖုန္မႈန႔္မ်ား ထြက္သြားေစရန္ ရည္ရြယ္ပါတယ္)

ေဆးၿပီးေသာဆန္ကို ေရသန႔္ျဖင့္ ဆန္ျပဳတ္အေနအထားျဖစ္သည္အထိ (ေပ်ာ့လာသည္အထိ) ျပဳတ္ပါ

ေပ်ာ့ျပဲလာေသာဆန္ျပဳတ္ကို ယူၿပီး ဇကာထဲထည့္ကာ အေပၚမွ ဇြန္းျဖင့္ ဖိညႇစ္ေပးပါ (ေအာက္က ခြက္တစ္ခုခုျဖင့္ ခံထားပါ)

စစ္ထုတ္ၿပီးပါက cream ကဲ့သို႔ အျဖဴေရာင္ အ ည္ပ်စ္ပ်စ္ေလး ရလာမွာျဖစ္ပါတယ္

Vatamin E ၁ လုံး ေဖာက္ထည့္ပါ

Aloe Gel ( ရွားေစာင္းလက္ပတ္ဂ်ယ္လ္) အနည္းငယ္ ထည့္ပါ

သမေအာင္ေမႊၿပီး အဖုံးလုံခြက္ထဲသို႔ထည့္ထားပါ

ေရထဲေသတၱာထဲထည့္ကာ ၅-၇ ရက္အထိ အသုံးျပဳေပးနိုင္ပါတယ္

မွတ္ခ်က္

Vitamin E ႏွင့္ Aloe Gel က မထည့္မျဖစ္မဟုတ္တဲ့အတြက္ ဘာမွမေရာထားတဲ့ rice cream တစ္မ်ိဳးတည္း လိမ္းလို႔လည္း ရပါတယ္… Irene ကေတာ့ ႀကိဳက္လို႔ထည့္ျပထားတာပါ… ထည့္ခ်င္တဲ့သူေတြလည္း ထည့္လို႔ရေအာင္လို႔ေလ

Vitamin E ကို Irene ေသာက္ျဖစ္ေနတဲ့ Enat Myanmar 400 အား တစ္လုံးထည့္ထားပါတယ္

Aloe Gel ကေတာ့ Holika Holika Myanmar ကပဲျဖစ္ပါတယ္

သဘာဝအတိုင္း ဆန္နဲ႔လုပ္ထားတဲ့အတြက္ လိမ္းလိုက္တဲ့အခါ အနည္းငယ္ ေစးကပ္သလို ခံစားရေပမယ့္ ေျခာက္သြားတဲ့အခါမွာေတာ့ အသားေလးေအးၿပီး တင္းသြားတာမို႔ ျပႆနာမရွိပါဘူးေနာ္

ဒီနည္းလမ္းကို Rice cream အေနနဲ႔ အသုံးျပဳလို႔ရသလို Face Mask အေနနဲ႔လည္း သုံးလို႔ရပါတယ္

Rice Cream ဆိုရင္ေတာ့ ညတိုင္း လိမ္းအိပ္လို႔ရၿပီး၊ Face Mask အေနနဲ႔ဆိုရင္ေတာ့ ၁၅-၂၀ မိနစ္ခန႔္ထားၿပီး ေရျဖင့္ျပန္ေဆးခ်လို႔ရပါတယ္

သဘာဝနည္းလမ္းေလးျဖစ္လို႔ ၇ ရက္ထက္ပိုမထားဖို႔ေတာ့ အႀကံျပဳပါရေစရွင့္ (ေရခဲေသတၱာထဲလည္း ျဖစ္ေအာင္ထည့္သုံးေစခ်င္ပါတယ္)

ကဲ…. ဒီတစ္ပတ္နည္းလမ္းေလးကိုလည္း အားလုံးႏွစ္သက္သေဘာက်မယ္လို႔ Irene ေမၽွာ္လင့္ပါတယ္

ခ်စ္ေသာ Irene Pretty