ဗဟုသုတ

ဖုန္းသုံးတဲ့အခါ လူတိုင္း လုပ္မိတတ္တဲ့ မေကာင္းတဲ့ အမွား(၅)ခု…

ဖုန္းသုံးတဲ့အခါ လူတိုင္း လုပ္မိတတ္တဲ့ မေကာင္းတဲ့ အမွား(၅)ခု

ဖုန္းေတြဟာ လူေတြနဲ႔ အၿမဲတမ္းအတူရွိတဲ့ အေဖာ္ တစ္ေယာက္လို ျဖစ္ေနပါၿပီ။ လူအခ်င္းခ်င္းေတာင္မွ လူေကာင္းလူဆိုး ခြဲျခားေပါင္းရေသးတာပဲ။

ဒီေတာ့ ၂၄ နာရီနီးပါး အနားအၿမဲရွိေနတဲ့ ဖုန္းရဲ႕ ေကာင္းတဲ့ ဆိုးတဲ့အခ်က္ေလးေတြကို မွတ္သားထားၿပီး ကိုယ့္အတြက္မေကာင္းတဲ့

အခ်က္ေတြကို မလုပ္မိေစဖို႔ သတိထားဆင္ျခင္ၾကရေအာင္ေနာ္…

(၁) ဖုန္းနဲ႔အတူအိပ္ျခင္း

ဖုန္းဆိုတာဟာ အေျခခံအားျဖင့္ လွ်ပ္စီးသံ လိုက္စက္ကြင္းေတြကို ကူးေျပာင္းေပးတဲ့၊ လက္ခံေပးတဲ့ ပစၥည္းတစ္ခု ျဖစ္ပါတယ္။

ဆိုလိုခ်င္တာက ဖုန္းကေန ေရဒီယိုလႈိင္းေတြ ထြက္ပါ တယ္။ ေရဒီယိုလႈိင္းေတြ နဲ႔ အခ်ိန္ၾကာထိေတြ႕ျခင္းက ဦးေႏွာက္ကို ထိခိုက္ေစႏိုင္တယ္လို႔ ေလ့လာသူေတြက ဆိုပါတယ္။

ေနာက္ၿပီး ဖုန္းကိုအနားမွာထားအိပ္တဲ့အခါ ဖုန္းမက္ေဆ့စ္ ပဲျဖစ္ျဖစ္ Noti တက္လာတဲ့အခါ ဦးေႏွာက္က ႏိုးထသြားၿပီး အိပ္စက္ျခင္းစက္ဝန္းကို အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။

ဒါေၾကာင့္ျဖစ္ႏိုင္မယ္ဆိုရင္ ဖုန္းပိတ္အိပ္ပါ၊ Airplane Mode လုပ္အိပ္ပါ။ ဒါမွမဟုတ္ ဖုန္းကို အျခားအခန္းမွာ ထားထားလိုက္ပါ။

(၂) ဆက္သြယ္မႈလိုင္း အားနည္းေနခ်ိန္ အသုံးျပဳျခင္း

ဖုန္းလိုင္းအားနည္းေလ၊ ဖုန္းကေန ေရဒီယို သံလိုက္လႈိင္းေတြကို ပိုစုတ္ယူရေလပါပဲ။ အဲလိုအခ်ိန္မွာ ဖုန္းကေန

စြမ္းအင္ေတြ အမ်ားႀကီးသုံးေနရတဲ့အတြက္ က်န္းမာေရးကို ထိခိုက္ေစပါတယ္။

ဒါေၾကာင့္ ဖုန္းလိုင္းအား နည္းေနခ်ိန္ မွာ မျဖစ္မေနဖုန္းဆက္ ရမယ့္ ကိစၥရွိရင္ ႀကိဳးဖုန္း သုံးဖို႔၊ လက္ကိုင္ဖုန္းကို လူနဲ႔တက္ႏိုင္သမွ် ေဝးေဝးထားဖို႔

“Disconnect: The Truth About Cell Phone Radiation, What the Industry Is Doing to Hide It, and How to Protect Your Family ”

စာအုပ္ကိုေရးသားသူ ေဒါက္တာ Devra Davis က အႀကံျပဳ ထားပါတယ္။ ဒါ့အျပင္ ဖုန္းလိုင္းအားက်ေနတဲ့အခ်ိန္ ဖုန္းသုံးျခင္းက

ဖုန္းအပူခ်ိန္တက္ေစပါတယ္။ ဒါလည္း အႏၲရာယ္တစ္မ်ိဳးပါပဲ။

(၃) ဖုန္းကို အသားအေရနဲ ႔ထိေတြ႕ျခင္း

ဆဲလ္ဖုန္းသုံးျခင္းနဲ႔ ကင္ဆာေရာဂါၾကား မွာ ဆက္စပ္မႈရွိေနတယ္ ဆိုတဲ့ ေလ့လာေတြ႕ရွိမႈေတြ ေတာ္ေတာ္မ်ားမ်ား ရွိပါတယ္။

ဖုန္းလိုင္းအား 900 MHz ဝန္းက်င္ ထြက္ေနတဲ့အခါ ဖုန္းက ပူလာပါတယ္။

အဲလိုအခ်ိန္မွာ ဖုန္းကို အသားအေရနဲ႔ ထိေတြ႕ေစမယ္ဆိုရင္ အသားအေရကေန ဖုန္းရဲ႕အပူေတြကို စုတ္ယူလိုက္မွာပါ။

အဲလိုစုတ္ယူျခင္းက အသားအေရအတြက္ မေကာင္းႏိုင္ပါဘူး။

ဒါေၾကာင့္ ဖုန္းေျပာတဲ့အခါ ဖုန္းကိုမ်က္ႏွာနဲ႔ မထိေတြ႕မိေအာင္ နားၾကပ္သုံးၿပီး (သို႔မဟုတ္) စပီကာဖြင့္ၿပီး ေျပာပါ။

ဖုန္းလိုင္းအားနည္းေနခ်ိန္၊ ဖုန္းပူေနခ်ိန္မွာ အသားအေရနဲ႔ ေဝးေဝးထားပါ။

(၄) ဖုန္း Screen ကို ၾကည့္တဲ့ ကိုယ္ေနဟန္ထား မွားယြင္းျခင္း

မွားယြင္းတဲ့ ကိုယ္ေနဟန္ထားနဲ႔ ဖုန္းသုံးျခင္းေၾကာင့္ Tenosynovitis လို႔ေခၚတဲ့ လက္မနာက်င္မႈ၊ Text Neck လို႔ေခၚတဲ့ ဇက္ပိုးနာက်င္မႈေတြ ျဖစ္ေစႏိုင္ပါတယ္။

ဖုန္းမ်က္ႏွာျပင္ကို ငုံ႔ၾကည့္ဖို႔ ဇက္ပိုးကို ေကြးရတဲ့ အခါ ေက်ာ႐ိုး မႀကီးကို တျဖည္းျဖည္း ထိခိုက္လာပါတယ္။ အခ်ိန္ၾကာတဲ့အခါ

ဇက္ပိုးရဲ႕ အေလးခ်ိန္ဟာ ၅ ဆေလာက္ ပိုေလးလာတယ္လို႔ ခံစားရပါလိမ့္မယ္။

အဲဒီကေန ဇက္ေၾကာနာတာ၊ ကိုယ္ေနဟန္ထား မမွန္ကန္တာေတြ ျဖစ္လာႏိုင္ ပါတယ္။ ဒါေၾကာင့္ ဖုန္းသုံးတဲ့အခါ

မ်က္လုံးနဲ႔တစ္တန္းထဲမွာထားပါ။ လည္ပင္းကိုေကြးၿပီး ေခါင္းငုံ႔သုံးတာမ်ိဳး တတ္ႏိုင္သမွ် ေရွာင္ပါ။

(၅) ဖုန္းကထြက္တဲ့ အျပာေရာင္ အလင္းတန္းနဲ႔ အခ်ိန္ၾကာထိေတြ႕ျခင္း

ဖုန္း Screen ကထြက္တဲ့ အလင္းဟာ အိပ္စက္ျခင္း စက္ဝန္းကို ပုံမွန္လည္ပတ္ေစတဲ့ Melatonin ေဟာ္မုန္းကို ပ်က္စီးေစပါတယ္။

အျပာေရာင္အလင္းတန္းဟာ ေခါင္းကိုက္ေစတဲ့အျပင္ မ်က္စိနဲ႔ အျမင္အာ႐ုံျပႆနာေတြ ျဖစ္ေစပါတယ္။

ဒါေၾကာင့္ အေမွာင္ထဲမွာ မျဖစ္မေန ဖုန္းသုံးရမယ္ဆိုရင္ ဖုန္းအလင္း ပမာဏကို အနိမ့္ဆုံး ေလွ်ာ့ထားပါ။ ဒါမွမဟုတ္ အျပာေရာင္အလင္းတန္း မထြက္ေစတဲ့ Filter မ်ိဳး သုံးပါ။

အခုေျပာေနရင္းေတာင္ အထက္မွာ ေျပာခဲ့တဲ့အမွားေတြ သင္လုပ္ မိေနႏိုင္ပါတယ္။ ဘာမွမျဖစ္ေသးလို႔ဆိုၿပီး လက္လႊတ္စပယ္ မေနသင့္ပါဘူး။

ဆိုးက်ိဳးေတြက ခ်က္ခ်င္းမျဖစ္ပါဘူး။တျဖည္းျဖည္း လႈိက္စားလာမွာပါ။ အခ်ိန္လြန္ေတာ့မွ ေနာင္တမရ ရေအာင္ ႀကိဳတင္ၿပီး ဆင္ျခင္သင့္ပါတယ္ေနာ္။

ခရက္ဒစ္ ဝီမီဒီယာ

Unicode

ဖုန်းသုံးတဲ့အခါ လူတိုင်း လုပ်မိတတ်တဲ့ မကောင်းတဲ့ အမှား(၅)ခု

ဖုန်းတွေဟာ လူတွေနဲ့ အမြဲတမ်းအတူရှိတဲ့ အဖော် တစ်ယောက်လို ဖြစ်နေပါပြီ။ လူအချင်းချင်းတောင်မှ လူကောင်းလူဆိုး ခွဲခြားပေါင်းရသေးတာပဲ။

ဒီတော့ ၂၄ နာရီနီးပါး အနားအမြဲရှိနေတဲ့ ဖုန်းရဲ့ ကောင်းတဲ့ ဆိုးတဲ့အချက်လေးတွေကို မှတ်သားထားပြီး ကိုယ့်အတွက်မကောင်းတဲ့

အချက်တွေကို မလုပ်မိစေဖို့ သတိထားဆင်ခြင်ကြရအောင်နော်…

(၁) ဖုန်းနဲ့အတူအိပ်ခြင်း

ဖုန်းဆိုတာဟာ အခြေခံအားဖြင့် လျှပ်စီးသံ လိုက်စက်ကွင်းတွေကို ကူးပြောင်းပေးတဲ့၊ လက်ခံပေးတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

ဆိုလိုချင်တာက ဖုန်းကနေ ရေဒီယိုလှိုင်းတွေ ထွက်ပါ တယ်။ ရေဒီယိုလှိုင်းတွေ နဲ့ အချိန်ကြာထိတွေ့ခြင်းက ဦးနှောက်ကို ထိခိုက်စေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

နောက်ပြီး ဖုန်းကိုအနားမှာထားအိပ်တဲ့အခါ ဖုန်းမက်ဆေ့စ် ပဲဖြစ်ဖြစ် Noti တက်လာတဲ့အခါ ဦးနှောက်က နိုးထသွားပြီး အိပ်စက်ခြင်းစက်ဝန်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင် ဖုန်းပိတ်အိပ်ပါ၊ Airplane Mode လုပ်အိပ်ပါ။ ဒါမှမဟုတ် ဖုန်းကို အခြားအခန်းမှာ ထားထားလိုက်ပါ။

(၂) ဆက်သွယ်မှုလိုင်း အားနည်းနေချိန် အသုံးပြုခြင်း

ဖုန်းလိုင်းအားနည်းလေ၊ ဖုန်းကနေ ရေဒီယို သံလိုက်လှိုင်းတွေကို ပိုစုတ်ယူရလေပါပဲ။ အဲလိုအချိန်မှာ ဖုန်းကနေ

စွမ်းအင်တွေ အများကြီးသုံးနေရတဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဒါကြောင့် ဖုန်းလိုင်းအား နည်းနေချိန် မှာ မဖြစ်မနေဖုန်းဆက် ရမယ့် ကိစ္စရှိရင် ကြိုးဖုန်း သုံးဖို့၊ လက်ကိုင်ဖုန်းကို လူနဲ့တက်နိုင်သမျှ ဝေးဝေးထားဖို့

“Disconnect: The Truth About Cell Phone Radiation, What the Industry Is Doing to Hide It, and How to Protect Your Family ”

စာအုပ်ကိုရေးသားသူ ဒေါက်တာ Devra Davis က အကြံပြု ထားပါတယ်။ ဒါ့အပြင် ဖုန်းလိုင်းအားကျနေတဲ့အချိန် ဖုန်းသုံးခြင်းက

ဖုန်းအပူချိန်တက်စေပါတယ်။ ဒါလည်း အန္တရာယ်တစ်မျိုးပါပဲ။

(၃) ဖုန်းကို အသားအရေနဲ ့ထိတွေ့ခြင်း

ဆဲလ်ဖုန်းသုံးခြင်းနဲ့ ကင်ဆာရောဂါကြား မှာ ဆက်စပ်မှုရှိနေတယ် ဆိုတဲ့ လေ့လာတွေ့ရှိမှုတွေ တော်တော်များများ ရှိပါတယ်။

ဖုန်းလိုင်းအား 900 MHz ဝန်းကျင် ထွက်နေတဲ့အခါ ဖုန်းက ပူလာပါတယ်။

အဲလိုအချိန်မှာ ဖုန်းကို အသားအရေနဲ့ ထိတွေ့စေမယ်ဆိုရင် အသားအရေကနေ ဖုန်းရဲ့အပူတွေကို စုတ်ယူလိုက်မှာပါ။

အဲလိုစုတ်ယူခြင်းက အသားအရေအတွက် မကောင်းနိုင်ပါဘူး။

ဒါကြောင့် ဖုန်းပြောတဲ့အခါ ဖုန်းကိုမျက်နှာနဲ့ မထိတွေ့မိအောင် နားကြပ်သုံးပြီး (သို့မဟုတ်) စပီကာဖွင့်ပြီး ပြောပါ။

ဖုန်းလိုင်းအားနည်းနေချိန်၊ ဖုန်းပူနေချိန်မှာ အသားအရေနဲ့ ဝေးဝေးထားပါ။

(၄) ဖုန်း Screen ကို ကြည့်တဲ့ ကိုယ်နေဟန်ထား မှားယွင်းခြင်း

မှားယွင်းတဲ့ ကိုယ်နေဟန်ထားနဲ့ ဖုန်းသုံးခြင်းကြောင့် Tenosynovitis လို့ခေါ်တဲ့ လက်မနာကျင်မှု၊ Text Neck လို့ခေါ်တဲ့ ဇက်ပိုးနာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်ဖို့ ဇက်ပိုးကို ကွေးရတဲ့ အခါ ကျောရိုး မကြီးကို တဖြည်းဖြည်း ထိခိုက်လာပါတယ်။ အချိန်ကြာတဲ့အခါ

ဇက်ပိုးရဲ့ အလေးချိန်ဟာ ၅ ဆလောက် ပိုလေးလာတယ်လို့ ခံစားရပါလိမ့်မယ်။

အဲဒီကနေ ဇက်ကြောနာတာ၊ ကိုယ်နေဟန်ထား မမှန်ကန်တာတွေ ဖြစ်လာနိုင် ပါတယ်။ ဒါကြောင့် ဖုန်းသုံးတဲ့အခါ

မျက်လုံးနဲ့တစ်တန်းထဲမှာထားပါ။ လည်ပင်းကိုကွေးပြီး ခေါင်းငုံ့သုံးတာမျိုး တတ်နိုင်သမျှ ရှောင်ပါ။

(၅) ဖုန်းကထွက်တဲ့ အပြာရောင် အလင်းတန်းနဲ့ အချိန်ကြာထိတွေ့ခြင်း

ဖုန်း Screen ကထွက်တဲ့ အလင်းဟာ အိပ်စက်ခြင်း စက်ဝန်းကို ပုံမှန်လည်ပတ်စေတဲ့ Melatonin ဟော်မုန်းကို ပျက်စီးစေပါတယ်။

အပြာရောင်အလင်းတန်းဟာ ခေါင်းကိုက်စေတဲ့အပြင် မျက်စိနဲ့ အမြင်အာရုံပြဿနာတွေ ဖြစ်စေပါတယ်။

ဒါကြောင့် အမှောင်ထဲမှာ မဖြစ်မနေ ဖုန်းသုံးရမယ်ဆိုရင် ဖုန်းအလင်း ပမာဏကို အနိမ့်ဆုံး လျှော့ထားပါ။ ဒါမှမဟုတ် အပြာရောင်အလင်းတန်း မထွက်စေတဲ့ Filter မျိုး သုံးပါ။

အခုပြောနေရင်းတောင် အထက်မှာ ပြောခဲ့တဲ့အမှားတွေ သင်လုပ် မိနေနိုင်ပါတယ်။ ဘာမှမဖြစ်သေးလို့ဆိုပြီး လက်လွှတ်စပယ် မနေသင့်ပါဘူး။

ဆိုးကျိုးတွေက ချက်ချင်းမဖြစ်ပါဘူး။တဖြည်းဖြည်း လှိုက်စားလာမှာပါ။ အချိန်လွန်တော့မှ နောင်တမရ ရအောင် ကြိုတင်ပြီး ဆင်ခြင်သင့်ပါတယ်နော်။

ခရက်ဒစ် ဝီမီဒီယာ