ရှားရှားပါးပါး အီးပေါက်ပြီး ပိုက်ဆံရှာတဲ့သူ..
Entrepreneur ဆိုတဲ့စကားလုံးကို ကြားဖူးကြပေမယ့် Fartrepreneur ဆိုတဲ့စကားလုံးကို အခုမှစကြားဖူးမယ် ထင်ပါတယ်။ Fartrepreneur ဆိုတာ Fart (လေလည်ခြင်း) ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတာပါ။
Stephanie Matto ဆိုတဲ့ ဆယ်လီအမျိုးသမီးဟာ သူလေလည်ထားတဲ့ (Fart jar) ပုလင်းတွေကို ရောင်းတာ တစ်လကို မြန်မာငွေ သိန်း ၉၀၀ လောက် ဝင်ငွေရနေပါသတဲ့။ သူကပရိုတိန်းဓာတ်များတဲ့ အစားအစာတွေစားပြီး အဝတ်နဲ့လုပ်ထားတဲ့နှင်းဆီပွင့်ဖတ်လေးတွေအပေါ် တိုက်ရိုက်လေလည်ကာ ပုလင်းထဲထည့်ပြီး အဖုံးသေချာပိတ်ကာ ရောင်းတာဖြစ်ပါတယ်။
အမယ်.. ဒီအလုပ်က လွယ်တယ်လို့မထင်ပါနဲ့တဲ့။ တချို့ကာစတန်မာတွေက လိုချင်တဲ့အနံ့ မှာတတ်သေးတယ်တဲ့။ တစ်ယောက်ဆိုရင် cheese စားပြီးလေလည်ပေးပါလို့ ဆိုသတဲ့။ Black bean ပဲတွေ၊ organic အစားအစာတွေ၊ ဒိန်ချဉ်စတာတွေစားပြီး စာအုပ်ဖတ်ရင်း လေလည်ဖို့ စောင့်ပါသတဲ့။
အော်ဒါတွေအရမ်းတက်ရင် ခဏခဏလေလည်ရလွန်းလို့ ဆေးရုံတောင်တက်လိုက်ရသတဲ့။ တစ်ခါတစ်လေ တစ်ပတ်တည်းကို ဒေါ်လာ ၅၀၀၀၀ (မြန်မာငွေ ၈၉ သိန်း) ဖိုးလောက်အထိ ရောင်းအားတက်ခဲ့တယ်လို့ သူကဆိုပါတယ်။
ရုပ်သံကြည့်ရန်
ရုပ်သံကြည့်ရန်
ဘာလို့ Fartrepreneur ဖြစ်လာသလဲလို့မေးတော့ သူ့ဖော်လိုဝါးတွေက တောင်းဆိုလို့ပါတဲ့။ သူမဟာ YouTube မှာ channel ဖွင့်ထားတာ ၈ နှစ်လောက်ရှိပြီး fan တွေအတော်များပါသတဲ့။ သူ့ဖန်တွေက သူ့ကိုအထူးအဆန်းမျိုးစုံ လုပ်ခိုင်းကြတယ်တဲ့။ အဲ့မှာတောင်းဆိုမှုများတာက လေလည်ခိုင်းတာတဲ့။ အစကတော့ ဟာသတစ်ခုအနေနဲ့ လူတွေသူ့ကိုစတာလို့ထင်ခဲ့ပေမယ့် နောက်တော့ စီးပွားဖြစ်ရောင်ဖို့တွေးခဲ့ရာကနေ အခုလို Fartrepreneur ဖြစ်လာတာပါတဲ့ခင်ဗျား။
ဒေါ်လာ ၁၀၀၀ ဖိုးဝယ်ရင် ၅၀ ရာခိုင်နှုန်း (50% discount) ရှိပါသတဲ့။
Richard Myo Thant (8.1.2022)
Post Views: 11