က်မၼာေရး ဗဟုသုတ

ညဘက္ေတြမွာ မီးပိတ္ၿပီး အေမွာင္ထဲမွာဖုန္းကို အလြန္အကြၽံသုံးတဲ့သူေတြ ……

Zawgyi

ညဘက္ေတြမွာ မီးပိတ္ၿပီး အေမွာင္ထဲမွာဖုန္းကို အလြန္အကြၽံသုံးတဲ့သူေတြ ……

တ႐ုတ္ႏိုင္ငံ Shaanxi ၿမိဳ႕က အမ်ိဳးသားတစ္ဦးဟာ ညေနေစာင္းရင္ ဖုန္းကို အဆက္မျပတ္ သုံးေလ့ရွိတဲ့အတြက္ေၾကာင့္ မ်က္စိကြယ္သြားပါၿပီ ။ အထူးသျဖင့္ ဖုန္းအသုံးမ်ားတဲ့

လူငယ္ေတြ အထူးသတိျပဳသင့္ပါတယ္ ။ South China Morning Post သတင္းအရ မစၥတာ Wang ဟာ မိုဘိုင္းဖုန္းအလြန္အကြၽံသုံးစြဲၿပီး ညတိုင္း အိပ္ရာမဝင္ခင္ ညနက္တဲ့အထိ ဖုန္းကို

ေဆာ့ေလ့ရွိပါတယ္ ။ သူဟာ မၾကာခဏ မီးပိတ္ၿပီး အေမွာင္ထဲမွာ ဂိမ္းေဆာ့ရင္း တစ္ညလုံး အိပ္ရာထဲမွာ လွဲေနေလ့ရွိပါတယ္ ။ တစ္မနက္မွာ အိပ္ရာက ႏိုးလာတဲ့

အခါ သူ႔မ်က္လုံးေတြက မသက္မသာ ရႈတ္ေထြးေနၿပီး သူ႔ပတ္ဝန္းက်င္က အရာအားလုံး မႈန္ဝါးေနတာကို ေတြ႕လိုက္ရတယ္လို႔ ဆိုပါတယ္ ။မ်က္စိစစ္ေဆးမႈခံယူရန္ ေဆြမ်ိဳးမ်ားက ေဆး႐ုံသို႔

ခ်က္ျခင္းေခၚေဆာင္ခဲ့ရာ ဆရာဝန္မ်ားက မ်က္လုံးေလျဖတ္ျခင္းျဖစ္ၿပီး မ်က္စိအျမင္အာ႐ုံေၾကာမ်ား ပိတ္ဆို႔ကာ ျမင္လႊာအတြင္း ေအာက္ဆီဂ်င္ျပတ္ေတာက္မႈ ျပင္းထန္စြာ

ပိတ္ဆို႔သြားေၾကာင္း ဆရာဝန္မ်ားက ေတြ႕ရွိခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသားက ညဘက္မွာ ဖုန္းကို အလြန္အကြၽံအသုံးျပဳကာ ဖုန္းမ်က္ႏွာျပင္ကို အလြန္အကြၽံ အာ႐ုံ

စိုက္မိျခင္းေၾကာင့္ ေညာင္းညာကိုက္ခဲျခင္းနဲ႔ မ်က္စိေညာင္းညာျခင္းတို႔ကို ျဖစ္ေစေၾကာင္း ဆရာဝန္မ်ားက ေျပာၾကားခဲ့ပါတယ္ ။ Wang ရဲ႕ အေျခအေနကို ယခုအခ်ိန္မွာ တိတိက်က်မသိရေသးေသာ္လည္း

အိပ္ရာမဝင္မီ ဖုန္းအသုံးျပဳမႈကို ကန႔္သတ္ရန္ ဆရာဝန္မ်ားက အႀကံျပဳထားပါတယ္ ။ဗဟိုမ်က္စိေဆး႐ုံမွာ အလုပ္လုပ္ေနေသာ သက္ႀကီးဆရာဝန္ Thanh Nien မွ အခ်က္အလက္မ်ားအရ “မင္းရဲ႕ဖုန္းကို အေမွာင္ထဲမွာ အခ်ိန္အၾကာႀကီး မသုံးပါနဲ႔။ အလင္းေရာင္ေကာင္းစြာရႏိုင္တဲ့ေနရာမွာ ဖုန္း သို႔မဟုတ္ နည္း

ပညာစက္ပစၥည္းကို အသုံးျပဳတဲ့အခါမွာပင္ မိနစ္ 30 ၊45 မိနစ္ ေလာက္သာအသုံးျပဳရန္ အႀကံျပဳထားၿပီး၊ ထို႔ေနာက္ သင့္မ်က္လုံးမ်ားကို အနားယူရန္ မိနစ္အနည္းငယ္အခ်ိန္ယူပါ”လို႔ ေျပာထားပါတယ္ ။ ညအိပ္ရာမဝင္ခင္ ဖုန္းသုံးတတ္တဲ့

အေလ့အက်င့္ရွိတယ္ဆိုရင္ ဖုန္းစခရင္ကို night mood ေျပာင္းပါ ။ ဖုန္းစခရင္ကိုရဲ႕ အလင္းကိုလည္း ေလွ်ာ့သုံးပါ ။ လွဲေလ်ာင္းေနစဥ္ ဖုန္းကို အသုံးမျပဳတာက အေကာင္းဆုံးပါဘဲ ။

Reference : bestie

Unicode

ညဘက်တွေမှာ မီးပိတ်ပြီး အမှောင်ထဲမှာဖုန်းကို အလွန်အကျွံသုံးတဲ့သူတွေ ……

တရုတ်နိုင်ငံ Shaanxi မြို့က အမျိုးသားတစ်ဦးဟာ ညနေစောင်းရင် ဖုန်းကို အဆက်မပြတ် သုံးလေ့ရှိတဲ့အတွက်ကြောင့် မျက်စိကွယ်သွားပါပြီ ။ အထူးသဖြင့် ဖုန်းအသုံးများတဲ့

လူငယ်တွေ အထူးသတိပြုသင့်ပါတယ် ။ South China Morning Post သတင်းအရ မစ္စတာ Wang ဟာ မိုဘိုင်းဖုန်းအလွန်အကျွံသုံးစွဲပြီး ညတိုင်း အိပ်ရာမဝင်ခင် ညနက်တဲ့အထိ ဖုန်းကို

ဆော့လေ့ရှိပါတယ် ။ သူဟာ မကြာခဏ မီးပိတ်ပြီး အမှောင်ထဲမှာ ဂိမ်းဆော့ရင်း တစ်ညလုံး အိပ်ရာထဲမှာ လှဲနေလေ့ရှိပါတယ် ။ တစ်မနက်မှာ အိပ်ရာက နိုးလာတဲ့

အခါ သူ့မျက်လုံးတွေက မသက်မသာ ရှုတ်ထွေးနေပြီး သူ့ပတ်ဝန်းကျင်က အရာအားလုံး မှုန်ဝါးနေတာကို တွေ့လိုက်ရတယ်လို့ ဆိုပါတယ် ။မျက်စိစစ်ဆေးမှုခံယူရန် ဆွေမျိုးများက ဆေးရုံသို့

ချက်ခြင်းခေါ်ဆောင်ခဲ့ရာ ဆရာဝန်များက မျက်လုံးလေဖြတ်ခြင်းဖြစ်ပြီး မျက်စိအမြင်အာရုံကြောများ ပိတ်ဆို့ကာ မြင်လွှာအတွင်း အောက်ဆီဂျင်ပြတ်တောက်မှု ပြင်းထန်စွာ

ပိတ်ဆို့သွားကြောင်း ဆရာဝန်များက တွေ့ရှိခဲ့ပါတယ် ။ အဆိုပါအမျိုးသားက ညဘက်မှာ ဖုန်းကို အလွန်အကျွံအသုံးပြုကာ ဖုန်းမျက်နှာပြင်ကို အလွန်အကျွံ အာရုံ

စိုက်မိခြင်းကြောင့် ညောင်းညာကိုက်ခဲခြင်းနဲ့ မျက်စိညောင်းညာခြင်းတို့ကို ဖြစ်စေကြောင်း ဆရာဝန်များက ပြောကြားခဲ့ပါတယ် ။ Wang ရဲ့ အခြေအနေကို ယခုအချိန်မှာ တိတိကျကျမသိရသေးသော်လည်း

အိပ်ရာမဝင်မီ ဖုန်းအသုံးပြုမှုကို ကန့်သတ်ရန် ဆရာဝန်များက အကြံပြုထားပါတယ် ။ဗဟိုမျက်စိဆေးရုံမှာ အလုပ်လုပ်နေသော သက်ကြီးဆရာဝန် Thanh Nien မှ အချက်အလက်များအရ “မင်းရဲ့ဖုန်းကို အမှောင်ထဲမှာ အချိန်အကြာကြီး မသုံးပါနဲ့။ အလင်းရောင်ကောင်းစွာရနိုင်တဲ့နေရာမှာ ဖုန်း သို့မဟုတ် နည်း

ပညာစက်ပစ္စည်းကို အသုံးပြုတဲ့အခါမှာပင် မိနစ် 30 ၊45 မိနစ် လောက်သာအသုံးပြုရန် အကြံပြုထားပြီး၊ ထို့နောက် သင့်မျက်လုံးများကို အနားယူရန် မိနစ်အနည်းငယ်အချိန်ယူပါ”လို့ ပြောထားပါတယ် ။ ညအိပ်ရာမဝင်ခင် ဖုန်းသုံးတတ်တဲ့

အလေ့အကျင့်ရှိတယ်ဆိုရင် ဖုန်းစခရင်ကို night mood ပြောင်းပါ ။ ဖုန်းစခရင်ကိုရဲ့ အလင်းကိုလည်း လျှော့သုံးပါ ။ လှဲလျောင်းနေစဉ် ဖုန်းကို အသုံးမပြုတာက အကောင်းဆုံးပါဘဲ ။

Reference : bestie