ဗဟုသုတ

သူ႔အေမဟာ လွပတဲ့ အမ်ိဳးသမီးတဦး ျဖစ္ေပမယ့္ ညာဘက္ ပါးျပင္မွာေတာ့ ႀကီးမားတဲ့ အမာ႐ြတ္ တခု ရွိေနခဲ့ပါတယ္။ လူငယ္ေလးဟာ သူ႔အေမ ဘာေၾကာင့္ အမာ႐ြတ္ ရခဲ့သလဲ ဆိုတာ မေမးခ်င္သလို ေျပာလည္း မေျပာခ်င္ပါဘူး။

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

တခါတုန္းက ေကာင္ေလး တေယာက္ဟာ သူတက္ေရာက္ ပညာ သင္ၾကား ေနတဲ့ မူလတန္းေက်ာင္းရဲ႕ ပထမအႀကိမ္ မိဘဆရာ အသင္း အစည္းအေဝးပြဲကို တက္ေရာက္ဖို႔ မိခင္ျဖစ္သူကို ဖိတ္ၾကားခဲ့ ပါတယ္။

မိခင္ျဖစ္သူက တက္ျဖစ္ေအာင္ တက္မယ္လို႔ ေျပာလိုက္တဲ့ အခါ ေကာင္ကေလး တုန္လႈပ္ သြားပါတယ္။

အဲဒီ ပြဲမွာ သူငယ္ခ်င္းေတြနဲ႔ ဆရာ၊ ဆရာမ ေတြဟာ သူ႔ မိခင္ကို ေတြ႕ျမင္ၾကၿပီး သူ႔မိခင္ရဲ႕ ပုံပန္း သြင္ျပင္ေၾကာင့္ သူအရွက္ ရႏိုင္ပါတယ္။

သူ႔အေမဟာ လွပတဲ့ အမ်ိဳးသမီးတဦး ျဖစ္ေပမယ့္ ညာဘက္ ပါးျပင္မွာေတာ့ ႀကီးမားတဲ့ အမာ႐ြတ္ တခု ရွိေနခဲ့ပါတယ္။

လူငယ္ေလးဟာ သူ႔အေမ ဘာေၾကာင့္ အမာ႐ြတ္ ရခဲ့သလဲ ဆိုတာ မေမးခ်င္သလို ေျပာလည္း မေျပာခ်င္ပါဘူး။

သူ႔အေမမွာ အမာ႐ြတ္ ရွိေနခဲ့ေပမယ့္ အစည္းအေဝးပြဲ မွာေတာ့ လူတိုင္းဟာ သူမရဲ႕ သဘာဝ အလွနဲ႔ ၾကင္နာမႈေတြေၾကာင့္ ေလးစား အထင္ႀကီးခဲ့ ၾကပါတယ္။

ဒါေပမယ့္ ေကာင္ေလးကေတာ့ ရွက္႐ြံ႕ အားငယ္ေနၿပီး လူတိုင္းနဲ႔ ေဝးရာမွာ ပုန္းကြယ္ ေနခဲ့ပါတယ္။ သူ႔အေမနဲ႔ ဆရာ ျဖစ္သူတို႔ စကား ေျပာေနတာကို ၾကားႏိုင္တဲ့ ေနရာ သူ ေရာက္လာ မိၿပီးေနာက္ သူတို႔ ေျပာေနသမွ် ၾကားခဲ့ရ ပါတယ္။

“ခင္ဗ်ား မ်က္ႏွာမွာ ဘယ္လို ျဖစ္ၿပီး အမာ႐ြတ္ ရတာလဲ” လို႔ ဆရာ ျဖစ္သူက ေမးျမန္း ပါတယ္။ သူ႔အေမ က ျပန္ေျပာျပ ပါတယ္။

“ကြၽန္မသား ကေလးဘဝ တုန္းက မီးေလာင္ ေနတဲ့ အခန္းထဲမွာ ပိတ္မိေန ခဲ့တယ္။ မီးဟာ ထိန္းခ်ဳပ္လို႔ မရ ေလာက္ေအာင္ ေလာင္ကြၽမ္း ေနတဲ့ အတြက္ အခန္းထဲ ဘယ္သူမွ မဝင္ရဲခဲ့ ပါဘူး။

အဲ့ဒီအခါ ကြၽန္မဟာ သားေလးရဲ႕ ပုခက္ဆီ ေျပးေနတဲ့ အခ်ိန္မွာ မီးစတခု ျပဳတ္က် လာတာ ကို ေတြ႕ေတာ့ သားကို ကာကြယ္ဖို႔ ကြၽန္မ ကိုယ္ကို သူ႔ အေပၚ မိုးေပးခဲ့ ရတယ္။

မီးစ ထိမွန္တဲ့ အခါ ကြၽန္မ သတိလစ္ ေမ့သြားခဲ့ ရတယ္။ ကံေကာင္း ခ်င္ေတာ့ မီးသတ္သမားတဦး ေရာက္လာၿပီး ကြၽန္မတို႔ ႏွစ္ဦးကို ကယ္ခဲ့ပါတယ္”

သူ႔အေမဟာ မီးေလာင္ ဒဏ္ရာေၾကာင့္ အမာ႐ြတ္ ထင္ေနတဲ့ ပါးျပင္ကို ကိုင္လိုက္ပါတယ္။ “ဒီအမာ႐ြတ္ ကေတာ့ အၿမဲတမ္း ရွိေနမွာပါ။ ဒါေပမယ့္ ဒီေန႔အထိ ကြၽန္မ လုပ္ခဲ့ မိတာနဲ႔ ပတ္သက္ၿပီး ဘယ္တုန္းကမွ ေနာင္တ မရမိခဲ့ ပါဘူးရွင္”

ဒီစကားကို ၾကားရတဲ့ အခါ ေကာင္ကေလးဟာ ပုန္းကြယ္ရာ ကေန ထြက္လာၿပီး သူ႔အေမဆီ မ်က္ရည္စက္လက္နဲ႔ ေျပးသြားခဲ့ ပါတယ္။

သူ႔အေမ သူ႔အေပၚ အနစ္နာ ခံခဲ့တာကို ေတြးရင္း စိတ္မေကာင္းျဖစ္ကာ မိခင္ျဖစ္သူကို သိုင္းဖက္လိုက္ ပါတယ္။ အဲဒီေန႔ တေန႔လုံး သူဟာ သူ႔ အေမရဲ႕ လက္ကို တင္းတင္း ၾကပ္ၾကပ္ ဆုပ္ကိုင္ရင္း ဂုဏ္ယူဝင့္ႂကြား ေနခဲ့မိ ေတာ့တယ္။

Credit

Unicode


တခါတုန်းက ကောင်လေး တယောက်ဟာ သူတက်ရောက် ပညာ သင်ကြား နေတဲ့ မူလတန်းကျောင်းရဲ့ ပထမအကြိမ် မိဘဆရာ အသင်း အစည်းအဝေးပွဲကို တက်ရောက်ဖို့ မိခင်ဖြစ်သူကို ဖိတ်ကြားခဲ့ ပါတယ်။

မိခင်ဖြစ်သူက တက်ဖြစ်အောင် တက်မယ်လို့ ပြောလိုက်တဲ့ အခါ ကောင်ကလေး တုန်လှုပ် သွားပါတယ်။

အဲဒီ ပွဲမှာ သူငယ်ချင်းတွေနဲ့ ဆရာ၊ ဆရာမ တွေဟာ သူ့ မိခင်ကို တွေ့မြင်ကြပြီး သူ့မိခင်ရဲ့ ပုံပန်း သွင်ပြင်ကြောင့် သူအရှက် ရနိုင်ပါတယ်။

သူ့အမေဟာ လှပတဲ့ အမျိုးသမီးတဦး ဖြစ်ပေမယ့် ညာဘက် ပါးပြင်မှာတော့ ကြီးမားတဲ့ အမာရွတ် တခု ရှိနေခဲ့ပါတယ်။

လူငယ်လေးဟာ သူ့အမေ ဘာကြောင့် အမာရွတ် ရခဲ့သလဲ ဆိုတာ မမေးချင်သလို ပြောလည်း မပြောချင်ပါဘူး။

သူ့အမေမှာ အမာရွတ် ရှိနေခဲ့ပေမယ့် အစည်းအဝေးပွဲ မှာတော့ လူတိုင်းဟာ သူမရဲ့ သဘာဝ အလှနဲ့ ကြင်နာမှုတွေကြောင့် လေးစား အထင်ကြီးခဲ့ ကြပါတယ်။

ဒါပေမယ့် ကောင်လေးကတော့ ရှက်ရွံ့ အားငယ်နေပြီး လူတိုင်းနဲ့ ဝေးရာမှာ ပုန်းကွယ် နေခဲ့ပါတယ်။ သူ့အမေနဲ့ ဆရာ ဖြစ်သူတို့ စကား ပြောနေတာကို ကြားနိုင်တဲ့ နေရာ သူ ရောက်လာ မိပြီးနောက် သူတို့ ပြောနေသမျှ ကြားခဲ့ရ ပါတယ်။

“ခင်ဗျား မျက်နှာမှာ ဘယ်လို ဖြစ်ပြီး အမာရွတ် ရတာလဲ” လို့ ဆရာ ဖြစ်သူက မေးမြန်း ပါတယ်။ သူ့အမေ က ပြန်ပြောပြ ပါတယ်။

“ကျွန်မသား ကလေးဘဝ တုန်းက မီးလောင် နေတဲ့ အခန်းထဲမှာ ပိတ်မိနေ ခဲ့တယ်။ မီးဟာ ထိန်းချုပ်လို့ မရ လောက်အောင် လောင်ကျွမ်း နေတဲ့ အတွက် အခန်းထဲ ဘယ်သူမှ မဝင်ရဲခဲ့ ပါဘူး။

အဲ့ဒီအခါ ကျွန်မဟာ သားလေးရဲ့ ပုခက်ဆီ ပြေးနေတဲ့ အချိန်မှာ မီးစတခု ပြုတ်ကျ လာတာ ကို တွေ့တော့ သားကို ကာကွယ်ဖို့ ကျွန်မ ကိုယ်ကို သူ့ အပေါ် မိုးပေးခဲ့ ရတယ်။

မီးစ ထိမှန်တဲ့ အခါ ကျွန်မ သတိလစ် မေ့သွားခဲ့ ရတယ်။ ကံကောင်း ချင်တော့ မီးသတ်သမားတဦး ရောက်လာပြီး ကျွန်မတို့ နှစ်ဦးကို ကယ်ခဲ့ပါတယ်”

သူ့အမေဟာ မီးလောင် ဒဏ်ရာကြောင့် အမာရွတ် ထင်နေတဲ့ ပါးပြင်ကို ကိုင်လိုက်ပါတယ်။ “ဒီအမာရွတ် ကတော့ အမြဲတမ်း ရှိနေမှာပါ။ ဒါပေမယ့် ဒီနေ့အထိ ကျွန်မ လုပ်ခဲ့ မိတာနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ နောင်တ မရမိခဲ့ ပါဘူးရှင်”

ဒီစကားကို ကြားရတဲ့ အခါ ကောင်ကလေးဟာ ပုန်းကွယ်ရာ ကနေ ထွက်လာပြီး သူ့အမေဆီ မျက်ရည်စက်လက်နဲ့ ပြေးသွားခဲ့ ပါတယ်။

သူ့အမေ သူ့အပေါ် အနစ်နာ ခံခဲ့တာကို တွေးရင်း စိတ်မကောင်းဖြစ်ကာ မိခင်ဖြစ်သူကို သိုင်းဖက်လိုက် ပါတယ်။ အဲဒီနေ့ တနေ့လုံး သူဟာ သူ့ အမေရဲ့ လက်ကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ရင်း ဂုဏ်ယူဝင့်ကြွား နေခဲ့မိ တော့တယ်။

Credit