လိုင်းပေါ်ကနေ နဂါးပုံထွင်းထုထားသည့် ရွှေဆွဲကြိုးလေးအား စျေးတန်လို့ဆိုပြီး မှာယူလိုက်ရာ ပစ္စည်းလာပို့ချိန်မှာ ချည်နဲ့ထိုးထားသည့် ကြက်ကလေးပုံဆွဲကြိုးသာဖြစ်နေခဲ့
ယနေ့ခေတ်တွင် အွန်လိုင်းစျေးဝယ်ခြင်းကို အမျိုးသမီးများသာမက အမျိုးသားတွေကပါ မှာယူခြင်းများပြုလုပ်လာခဲ့ပြီး ပစ္စည်းကောင်းနဲ့တိုးတတ်ပေမယ့် တစ်ခါတစ်လေကျ လိမ်လည်လှည့်ဖြားသူများနှင့်တွေ့ပြီး ရယ်ရမလို ငိုရမလိုအဖြစ်အပျက်လေးတွေနဲ့ ကြုံရတတ်သည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် လိုင်းပေါ်ကနေ နဂါးပုံနှင့် အလည်တွင်ပုလဲနီလေးတစ်လုံးပါရှိသော အမိုက်စား ရွှေဆွဲကြိုးလေးကို တွေ့ရှိခဲ့ရာ စျေးကလည်းပေါလွန်းနေတာကြောင့် ပစ္စည်းကုန်သွားမည်စိုးကာ ချက်ချင်းပဲမှာယူခဲ့သည်။
အမျိုးသားသည် သူဝယ်သည့်ဆွဲကြိုးလေးမှာ စျေးအရမ်းတန်နေတာကြောင့် ရွှေအစစ်မဟုတ်မှန်းသိပေမယ့် ပစ္စည်းလာပို့မည့်အချိန်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေခဲ့ရာ တကယ်တမ်းလာပို့သောအခါ ထင်မှတ်မထားသည့်ပုံစံမျိုးဖြစ်နေတာကြောင့် ကြေကွဲသွားခဲ့သည်။
အမျိုးသားခမျာ နဂါးပုံရွှေဆွဲကြိုးမဟုတ်ပဲ ချည်ထိုးထားသည့် ကြက်ပေါက်ရုပ်ပုံဆွဲကြိုးကိုသာ လက်ခံရရှိခဲ့၍ သူ့ရဲ့ရယ်မောစရာအဖြစ်လေးအား လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။
Crd
zawgyi
လိုင်းပေါ်ကနေ နဂါးပုံထွင်းထုထားသည့် ရွှေဆွဲကြိုးလေးအား ဈေးတန်လို့ဆိုပြီး မှာယူလိုက်ရာ ပစ္စည်းလာပို့ချိန်မှာ ချည်နဲ့ထိုးထားသည့် ကြက်ကလေးပုံဆွဲကြိုးသာဖြစ်နေခဲ့
ယနေ့ခေတ်တွင် အွန်လိုင်းဈေးဝယ်ခြင်းကို အမျိုးသမီးများသာမက အမျိုးသားတွေကပါ မှာယူခြင်းများပြုလုပ်လာခဲ့ပြီး ပစ္စည်းကောင်းနဲ့တိုးတတ်ပေမယ့် တစ်ခါတစ်လေကျ လိမ်လည်လှည့်ဖြားသူများနှင့်တွေ့ပြီး ရယ်ရမလို ငိုရမလိုအဖြစ်အပျက်လေးတွေနဲ့ ကြုံရတတ်သည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် လိုင်းပေါ်ကနေ နဂါးပုံနှင့် အလည်တွင်ပုလဲနီလေးတစ်လုံးပါရှိသော အမိုက်စား ရွှေဆွဲကြိုးလေးကို တွေ့ရှိခဲ့ရာ ဈေးကလည်းပေါလွန်းနေတာကြောင့် ပစ္စည်းကုန်သွားမည်စိုးကာ ချက်ချင်းပဲမှာယူခဲ့သည်။
အမျိုးသားသည် သူဝယ်သည့်ဆွဲကြိုးလေးမှာ ဈေးအရမ်းတန်နေတာကြောင့် ရွှေအစစ်မဟုတ်မှန်းသိပေမယ့် ပစ္စည်းလာပို့မည့်အချိန်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေခဲ့ရာ တကယ်တမ်းလာပို့သောအခါ ထင်မှတ်မထားသည့်ပုံစံမျိုးဖြစ်နေတာကြောင့် ကြေကွဲသွားခဲ့သည်။
Crd