ဗဟုသုတ

ပန်းအိုးထိုးတဲ့အခါပန်းတွေ ကြာကြာခံနေစေမယ့်နည်းလမ်းများ

ပန်းအိုးထိုးတဲ့အခါပန်းတွေ ကြာကြာခံနေစေမယ့်နည်းလမ်းများ။ပန်းအိုးထိုးတဲ့အခါပန်းတွေကိုကြာကြာခံနေစေမယ့် နည်းလမ်းတွေရှိပါတယ်။အလုပ်စားပွဲမှာအလှပန်းအိုး ထိုးတာမျိုးဖြစ်ဖြစ်၊ သင့်အိမ်ဧည့်ခန်းမှာ အလှဆင်တာမျိုးနဲ့ ဘုရားမှာ ပန်းအိုးထိုးပြီး ပန်းကပ်ပူဇော်တဲ့အခါ ပန်းတွေခဏလေးနဲ့ ညှိုးနွမ်းခြောက်သွေ့သွားတတ်လို့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

အခုဖော်ပြပေးမယ့်နည်းလမ်းတွေကတော့ ပန်းအိုးထိုးတဲ့အခါ ပန်းတွေကြာကြာခံနေစေမယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။

(၁)ပန်းတွေဝယ်လာတဲ့အခါ ရေဆေးပြီးပန်းအိုးထိုးတာမျိုးကို ချက်ချင်းမလုပ်ဘဲ ပန်းအရိုးရဲ့အောက်ခြေပင်စည်ကို နှစ်လက်မခန့် ခပ်စောင်းစောင်းလေးဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာ ပန်းတွေရေစုပ်အား ပိုမိုကောင်းမွန်စေပြီး ကြာကြာခံစေပါတယ်။

(၂)ပန်းအိုးထိုးတဲ့အခါ န်းအိုးထဲကရေနဲ့အနီးစပ်ဆုံးဖြစ်နေတဲ့အရွက်တွေကို ခြွေပေးရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာရက်အနည်းငယ်ကြာတဲ့အခါ ပန်းအိုးထဲကရေပုပ်နံ့လို အနံ့မကောင်းတာမျိုးကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပန်းအရိုးတံပုပ်ပြီး အညှိုးနွမ်းမြန်တာမျိုးကိုလည်း မဖြစ်စေနိုင်ပါဘူး။

(၃)ပန်းအိုးထိုးပြီးတဲ့အခါ အခန်းအပူချိန်ပေါ် မူတည်ပြီး ရေကိုရက်ခြားဆိုသလို ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။ ရေလဲတဲ့အခါတိုင်းလည်း ပန်းအရိုးတံကိုလိုအပ်သလို ဖြတ်တောက်ပေးသင့်ပါတယ်။

(၄)ပန်းအိုးထိုးတဲ့အခါ ပန်းအိုးထဲကရေထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာခန့် ထည့်ပေးခြင်းဟာပန်းတွေကို ကြာကြာခံစေနိုင်တဲ့အပြင် ပန်းအိုးထဲကရေတွေအချိန်ကြာလို့ အနံ့အသက်မကောင်းတော့တာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။

(၅)ပန်းတွေကြာကြာခံစေမယ့်နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ပန်းအိုးထိုးတဲ့အခါတိုင်းပန်းအိုးထဲကရေထဲကို ပန်းသီးရှာလကာရည်လက်ဖက် ရည်ဇွန်းနှစ်ဇွန်းနဲ့ သကြားလက်ဖက်ရည်ဇွန်း တစ်ဝက်စာခန့်ကို ရောစပ်ပြီးထည့်ပေးရမှာပါ။

ပန်းသီးရှာလကာရည်ဟာ ပန်းအရိုးတံတွေကိုပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်ပြီးသကြားကတော့ပန်းတွေကို ကြာကြာခံစေနိုင်တဲ့အစွမ်းရှိပါတယ်။

Ref to proflowers.com

ပန်းအိုးထိုးတဲ့အခါပန်းတွေ ကြာကြာခံနေစေမယ့်နည်းလမ်းများ။ပန်းအိုးထိုးတဲ့အခါပန်းတွေကိုကြာကြာခံနေစေမယ့်နည်းလမ်းတွေရှိပါတယ်။ အလုပ်စားပွဲမှာအလှပန်းအိုး ထိုးတာမျိုးဖြစ်ဖြစ်၊ သင့်အိမ်ဧည့်ခန်းမှာ အလှဆင်တာမျိုးနဲ့ ဘုရားမှာပန်းအိုးထိုးပြီးပန်းကပ်ပူဇော်တဲ့အခါ ပန်းတွေခဏလေးနဲ့ ညှိုးနွမ်းခြောက်သွေ့သွားတတ်လို့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

အခုဖော်ပြပေးမယ့်နည်းလမ်းတွေကတော့ ပန်းအိုးထိုးတဲ့အခါ ပန်းတွေကြာကြာခံနေစေမယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။

(၁)ပန်းတွေဝယ်လာတဲ့အခါ ရေဆေးပြီးပန်းအိုးထိုးတာမျိုးကို ချက်ချင်းမလုပ်ဘဲ ပန်းအရိုးရဲ့အောက်ခြေပင်စည်ကို နှစ်လက်မခန့် ခပ်စောင်းစောင်းလေးဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာ ပန်းတွေရေစုပ်အား ပိုမိုကောင်းမွန်စေပြီး ကြာကြာခံစေပါတယ်။

(၂)ပန်းအိုးထိုးတဲ့အခါ ပန်းအိုးထဲကရေနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့အရွက်တွေကိုခြွေပေးရမှာဖြစ်ပါတယ်။ဒီလိုပြုလုပ်ပေးခြင်းဟာရက်အနည်းငယ်ကြာတဲ့အခါ ပန်းအိုးထဲကရေပုပ်နံ့လို အနံ့မကောင်းတာမျိုးကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပန်းအရိုးတံပုပ်ပြီး အညှိုးနွမ်းမြန်တာမျိုးကိုလည်း မဖြစ်စေနိုင်ပါဘူး။

(၃)ပန်းအိုးထိုးပြီးတဲ့အခါ အခန်းအပူချိန်ပေါ် မူတည်ပြီး ရေကိုရက်ခြားဆိုသလို ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။ ရေလဲတဲ့အခါတိုင်းလည်း ပန်းအရိုးတံကိုလိုအပ်သလို ဖြတ်တောက်ပေးသင့်ပါတယ်။

(၄)ပန်းအိုးထိုးတဲ့အခါ ပန်းအိုးထဲကရေထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာခန့်ထည့်ပေးခြင်းဟာပန်းတွေကို ကြာကြာခံစေနိုင်တဲ့အပြင်ပန်းအိုးထဲကရေတွေအချိန်ကြာလို့ အနံ့အသက်မကောင်းတော့တာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။

(၅)ပန်းတွေကြာကြာခံစေမယ့်နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ပန်းအိုးထိုးတဲ့အခါတိုင်းပန်းအိုးထဲကရေထဲကိုပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ သကြားလက်ဖက်ရည်ဇွန်း တစ်ဝက်စာခန့်ကို ရောစပ်ပြီးထည့်ပေးရမှာပါ။

ပန်းသီးရှာလကာရည်ဟာ ပန်းအရိုးတံတွေကိုပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်ပြီး သကြားကတော့ပန်းတွေကိုကြာကြာခံစေနိုင်တဲ့အစွမ်းရှိပါတယ်။

crd