ၾကားသိရသမွ်

ပြည်သူ​တွေကို ကူညီမယ့်အစီအစဥ်ကိုအသိ​ပေးလိုက်တဲ့ ဇဏ်ခီတို့စုံတွဲ

ဇဏ်ခီတို့စုံတွဲရဲ့ ပြည်သူ​တွေကို ကူညီမယ့်အစီအစဥ်

ဒုက္ခရောက်နေသည့် ပြည်သူများကို ကူညီနိုင်ရန် ၎င်းတို့မိသားစု၏ အမှတ်တရ ပစ္စည်းများကိုရောင်းချ ရန်ပုံငွေရှာဖွေမည်ဖြစ်ကြောင်း ဇဏ်ခီက အသိ​ပေးလိုက်

သည်။

“ကျွန်တော်တို့ကို ပရိသတ်ကပေးထားတဲ့ ကျွန်တော်တို့ တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတွေ ၊ ကျွန်တော်က ခရစ်(စ)ကို အမှတ်တရပေးထားတဲ့ Anniversary ပေးထားတဲ့

လက်ဆောင်တွေ အဲဒီလိုမျိုး ကျွန်တော်တို့အတွက်အရမ်းတန်ဖိုးထားရတဲ့ပစ္စည်းတွေကို တစ်ခုချင်းစရောင်းမယ်လို့ဆုံးဖြတ်ထားတယ်” ဟု ဇဏ်ခီက ၎င်း၏ ပေ့ချ်မှ

Live လွှင့်၍ပြောသည်။

အဆိုပါအစီအစဥ်အတွက် ZENN KYI CHRISTINA KYI CHARITY အမည်ဖြင့် ပေ့ချ်ဖွင့်ကာ လက်မှတ်များရောင်းချ၍ ရန်ပုံငွေရှာဖွေမည်ဖြစ်သည်။

ပထမဆုံးအနေဖြင့် ဇဏ်ခီက ခရစ်(စ)တီးနားခီကို မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့် အမှတ်တရ ပေးထားသည့် ဆွဲကြိုး နှင့် နားကပ်ကို ရောင်းချပေးမည်ဖြစ်ပြီး

လက်မှတ်များဝယ်ယူ၍ ယင်းအစီအစဥ်၌ပါဝင်နိုင်မည်ဖြစ်သည်။

လက်မှတ်တစ်စောင်လျှင် ငွေကျပ်တစ်သောင်း သတ်မှတ်ထားကာ အခြားနိုင်ငံများမှ အားပေးလိုသူများအတွက်လည်း ပေ့ချ်၌ အသေးစိတ်ဖော်ပြထားသည်။

လက်ရှိအချိန်သည် အားလုံးပင်ပန်းနေချိန်ဖြစ်သောကြောင့် အလှူငွေမကောက်ခံဘဲ အထက်ပါအစီအစဥ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ဇဏ်ခီက

ပြောသည်။

ဇဏ်ခီတို့ဇနီးမောင်နှံသည် ကိုဗစ်ကာလ အတွင်းကလည်း အခက်အခဲရှိသူများကို ကူညီရန်အတွက် ငွေကျပ်သိန်း ငါးဆယ် မတည်၍ FCPN အမည်ဖြင့် အဖွဲ့ဖွဲ့ကာ

အလှူငွေများကောက်ခံ၍ ပြန်လည်လှူဒါန်းပေးခဲ့သည်။

အဆိုပါအစီအစဥ်ကို အပတ်စဥ် ပြုလုပ်မည်ဖြစ်ပြီး ရရှိလာသည့် ငွေအားလုံးကို လိုအပ်သည့်နေရာများသို့ လှူဒါန်းမည်ဟု ဇဏ်ခီကပြောသည်။

“ဒီပရိုဂရမ်ကြီးထွားနိုင်ဖို့ ရှင်သန်နိုင်ဖို့ ရေရှည်သွားနိုင်ဖို့ဆိုရင် အားလုံးရဲ့ပါဝင်ပတ်သတ်မှုလိုပါတယ်။ ဒါကြောင့် ဒီ Charity ပရိုဂရမ်ကို အားလုံးကိုဖိတ်ခေါ်ပါ

တယ်”ဟု ဇဏ်ခီကပြောသည်။ People’s Spring

#လူထုနွေဦး

#ZENN KYI#CHRISTINA KYI

ဇဏ်ခီတို့စုံတွဲရဲ့ ပြည်သူတွေကို ကူညီမယ့်အစီအစဉ်

ဒုက္ခရောက်နေသည့် ပြည်သူများကို ကူညီနိုင်ရန် ၎င်းတို့မိသားစု၏ အမှတ်တရ ပစ္စည်းများကိုရောင်းချ ရန်ပုံငွေရှာဖွေမည်ဖြစ်ကြောင်း ဇဏ်ခီက အသိပေးလိုက်

သည်။

“ကျွန်တော်တို့ကို ပရိသတ်ကပေးထားတဲ့ ကျွန်တော်တို့ တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတွေ ၊ ကျွန်တော်က ခရစ်(စ)ကို အမှတ်တရပေးထားတဲ့ Anniversary ပေးထားတဲ့

လက်ဆောင်တွေ အဲဒီလိုမျိုး ကျွန်တော်တို့အတွက်အရမ်းတန်ဖိုးထားရတဲ့ပစ္စည်းတွေကို တစ်ခုချင်းစရောင်းမယ်လို့ဆုံးဖြတ်ထားတယ်” ဟု ဇဏ်ခီက ၎င်း၏ ပေ့ချ်မှ

Live လွှင့်၍ပြောသည်။

အဆိုပါအစီအစဉ်အတွက် ZENN KYI CHRISTINA KYI CHARITY အမည်ဖြင့် ပေ့ချ်ဖွင့်ကာ လက်မှတ်များရောင်းချ၍ ရန်ပုံငွေရှာဖွေမည်ဖြစ်သည်။

ပထမဆုံးအနေဖြင့် ဇဏ်ခီက ခရစ်(စ)တီးနားခီကို မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့် အမှတ်တရ ပေးထားသည့် ဆွဲကြိုး နှင့် နားကပ်ကို ရောင်းချပေးမည်ဖြစ်ပြီး

လက်မှတ်များဝယ်ယူ၍ ယင်းအစီအစဉ်၌ပါဝင်နိုင်မည်ဖြစ်သည်။

လက်မှတ်တစ်စောင်လျှင် ငွေကျပ်တစ်သောင်း သတ်မှတ်ထားကာ အခြားနိုင်ငံများမှ အားပေးလိုသူများအတွက်လည်း ပေ့ချ်၌ အသေးစိတ်ဖော်ပြထားသည်။

လက်ရှိအချိန်သည် အားလုံးပင်ပန်းနေချိန်ဖြစ်သောကြောင့် အလှူငွေမကောက်ခံဘဲ အထက်ပါအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ဇဏ်ခီက

ပြောသည်။

ဇဏ်ခီတို့ဇနီးမောင်နှံသည် ကိုဗစ်ကာလ အတွင်းကလည်း အခက်အခဲရှိသူများကို ကူညီရန်အတွက် ငွေကျပ်သိန်း ငါးဆယ် မတည်၍ FCPN အမည်ဖြင့် အဖွဲ့ဖွဲ့ကာ

အလှူငွေများကောက်ခံ၍ ပြန်လည်လှူဒါန်းပေးခဲ့သည်။

အဆိုပါအစီအစဉ်ကို အပတ်စဉ် ပြုလုပ်မည်ဖြစ်ပြီး ရရှိလာသည့် ငွေအားလုံးကို လိုအပ်သည့်နေရာများသို့ လှူဒါန်းမည်ဟု ဇဏ်ခီကပြောသည်။