ၾကားသိရသမွ်

ဗိုလ်နဂါးဆိုသည်မှာ … ဗိုလ်နဂါး၏ တစွန်းတစ ပုံရိပ်များအကြောင်း

ဗိုလ်နဂါး ဆိုသည်မှာ

ခေါင်းဆောင်ဆိုတာ တိုက်ပွဲအတွင်းကသာ ထွက်တယ်။ ခေါင်းဆောင်ကောင်းဆိုတာ တိုက်ပွဲတိုင်းကို နိုင်အောင်တိုက်တယ်။

အကောင်းဆုံး ခေါင်းဆောင်ဆိုတာ တစ်နိုင်ငံလုံးကို နိုင်အောင်တိုက်ဖို့ စိတ်ကူးထားတယ်

ဒါ ဗိုလ်နဂါး ပဲ။

ဗိုလ်နဂါး

• ငယ်စဉ်ကတည်းက စစ်သားဖြစ်ချင်သူ

• ငယ်စဉ်ကတည်းက စစ်သားဖြစ်ဖို့ရှက်ခဲ့သူ

မြန်မာစစ်တပ်နှင့် ပတ်သက်လျှင် ကျွန်တော်ငယ်စဉ်ကလည်း ရှုပ်ထွေးခဲ့ဘူးသည်။ ၁၀ တန်းအောင်လို့ DSA တက်ဖို့ အဖေ့ကို သွားပြောတော့ ဆေးလိပ်ပြာခွက်နှင့် လိုက်ပေါက်ခံရသည်။ ဘွဲ့ရပြီး OTS တက်ဖို့ ဦးလေးအရင်း ဗိုလ်မှူးကြီး သွားပြောတော့ တစ်ခွန်းပဲ။ လုံးဝမတက်ရဘူး သား တဲ့။

စစ်တပ်ရဲ့ ဆိုးရွားခဲ့မှုတွေက ကြာခဲ့ပြီ။ မအလ လက်ထက်မှ အကုန်ပေါ်ခဲ့တာ။

ဗိုလ်နဂါး စစ်သားဖြစ်ဖို့ အိပ်မက်ကို သူကိုယ်တိုင် စွန့်ခဲ့ပြီး တက္ကသိုလ်က ဘွဲ့ရဖို့ ဦးစားပေးခဲ့သည်။

လူတစ်ယောက် အရည်အချင်းရှိလျှင် သူရောက်သည့် နေရာတွင် တောင်တစ်တောင် သမုဒ္ဒရာတစ်ခု ဖန်တီးနိုင်၏။

(ဤသည်ကား အတိဿယဝုတ္တိ)

ရောက်လေရာတွင် ပစ်တိုင်းထောင်ကဲ့သို့ ထာဝစဉ် ထောင်၏။

ဗိုလ်နဂါးသည် ဘဝတွင် အလုပ်စုံ၏။ တရုတ်နယ်စပ်သွား အလုပ်လုပ်သလို ထိုင်းနယ်စပ်ကိုလည်း ခဏခဏရောက်၏။

တစ်ဘက်နိုင်ငံ အထဲရောက်တိုင်း ဗိုလ်နဂါး မျက်ရည်ကျ ပါးစပ်အဟောင်းသား ခံစားရ၏။ စရောက်တိုင်း မြန်မာတိုင်း ခံစားရသည့် ခံစားချက်။

ဇာဂနာ ထိုင်းဘန်ကောက် ရောက်ရောက်ချင်း ခံစားချက်ကို မျက်ရည်ကျ ပြောပြဘူးသည်။

ဗိုလ်နဂါးက ပညာတတ်တော့ အတွေ့အကြုံများတော့ ကိုယ့်တိုင်းပြည် ဆင်းရဲရသည့်အကြောင်း သူသိသည်။ လူထု မတရား လုပ်ခံနေရတာကို သူမြင်သည်။ လူထုဘက်က မခံနိုင်သည့်စိတ် သူ့တွင် သန္ဓေတည်ခဲ့၏။

ကောင်းပြီးလျှင်ပျက် ပျက်ပြီးလျှင်ကောင်း ဆိုသည့် လောကနိယာမအတိုင်း ဗိုလ်နဂါးဘဝပြောင်းလဲပုံ

အလုပ်မျိုးစုံ လုပ်နေရာမှ နောက်ဆုံး သူနှင့် နီးစပ်လုပ်ငန်းဖြစ်သည့် တောင်ယာလုပ်ငန်း (ကြက်သွန် အာလူး သရက်သီးမျိုးစုံ စိုက်ပျိုးရေးလုပ်ငန်း) ထဲသို့ ရှိသမျှငွေ ပုံအောကာ အောင်မြင်အောင်ကြိုးစားတော့သည်။ အောင်လည်း အောင်မြင်ခဲ့၏။

အနီးအနား ကျေးရွာများထိ ဗိုလ်နဂါး တောင်ယာထွက် ပစ္စည်းများ နာမည် ရခဲ့၏။ ပင်ပန်းခံ ကြိုးစားမှုများ၏ အသီးအပွင့်များ ခံစားရတော့မည့်အချိန်တွင် မအလ စခတပ်အာဏာသိမ်းမှု ဖြစ်လာခဲ့၏။ (နိုင်ငံတော် ပုန်ကန်မှုကြီး)

ထို့နောက် မတရား အနိုင်ကျင့်မှုများ၊ သတ်ဖြတ်မှုများ၊ လိမ်လည်မှုများကို နဖူးတွေ့ ဒူးတွေ့ တွေ့ခဲ့ရ၏။

ဤသည်ကပင် ဗိုလ်နဂါးဘဝကို ပြောင်းလဲစေခဲ့သလို စစ်အာဏာရှင်အမြစ်ပြတ်ဖို့ ပေးလာသောအခွင့်အရေး တစ်ခုဟု ဗိုလ်နဂါး နားလည်ခဲ့၏။

တောင်ယာလုပ်ငန်း အခြေအနေကောင်းခဲ့သော်လည်း အာဏာသိမ်းမှုကြောင့် ပျက်စီးခဲ့ရ၏။ အာဏာသိမ်းမှုကြောင့် ပျက်စီးခဲ့ရသော်လည်း အာဏာရှင် ဖြုတ်ချဖို့ အခွင့်လမ်းကောင်းတစ်ခု ပေါ်လာခဲ့၏။

ဤအခွင့်အလမ်းအား ဗိုလ်နဂါး အမိအရ မလွတ်တန်း ဆွဲကိုင်နိုင်ခဲ့သည်။

‘နဂါး တပ်မတော်’

စားပွဲဝိုင်းတွင် လုပ်ကြသော ‘ငြိမ်းချမ်းရေး ဆွေးနွေးပွဲ’ များ၏ ကလိမ်ကကျစ် လှည့်ဖြားမှုများကို မျက်ဝါးထင်ထင် တွေ့လိုက်ရမှုက ‘နဂါးတပ်မတော်’ ဖြစ်လာရသည့်အကြောင်းပင်။

တိုက်ပွဲ ၆၀ ကျော် အောင်မြင်စွာ တိုက်ပြီးသော် ဗိုလ်နဂါး တိတိကျကျ သိလာရသည့် အချက် ၂ ချက် ရှိ၏။

ပထမအချက်က စကစ တပ်များ၏ တိုက်ခိုက်ရေးစွမ်းရည် အလွန်နိမ့်ကျနေခြင်း။ ဒုတိယအချက်က စကစတပ် စိတ်ဓာတ် ကိုယ်ကျင့်တရား ပျက်သုဉ်းနေခြင်း။

ယခု ‘နဂါး တပ်မတော်’ ကြီး မြန်မာပြည်အနှံ့ စတင် ကြီးထွားလာနေပြီ ဖြစ်သည်။

‘နဂါး တပ်မတော်’ နှင့် ‘Federal Army’

လူထု အားပေး အားကိုးနေသော ‘နဂါး တပ်မတော်ကြီး’သည် လူထုအားလုံး အလိုရှိနေသော ‘Federal Army’ (ဖက်ဒရယ်အာမီ) ၏ အရေးပါဆုံးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာနေတာ ထင်ရှား၏။

‘နဂါး တပ်မတော်’ နှင့် စကစ

တီကောင်ကို ဆားနှင့် ပက်လိုက်သကဲ့သို့ မအလတို့ တစ်ဖွဲ့လုံး ထွန့်ထွန့် လူးကုန်အောင် နဂါး စွမ်းဆောင်နိုင်ခဲ့၏။

နဂါး ရုပ်ထုများကို ဖျက်ဆီးခိုင်းသည်ထိ စကစ သွေးပျက်နေရ၏။

‘နဂါး တပ်မတော်’ ကို အသိအမှတ်ပြုမှု

ကမ္ဘာကြီးက ‘နဂါး တပ်မတော်ကြီး’ ကို အသိအမှတ် ပြုရပါပြီ။ ပြုကြပါပြီ။

‘နဂါး တပ်မတော်ကြီး’ အရှိန်နှင့် စကစတပ် အလယ်တည့်တည့်သို့ မောင်းနှင် ထိုးခွဲ ချေမှုန်းနိုင်ဖို့ ဆီထည့်သူက ထည့်၊ ဘီး လေထိုးသူက ထိုး၊ အင်ဂျင်စစ်သူက စစ်နှင့် ခိုင်ခန့် သည့် ‘တပ်တော်ကြီး’ အဖြစ် အသက်စသွင်းနိုင်ခဲ့ပြီ။

နိဂုံး

ရာဇဝင်မှာ ‘နဂါးနှင့် ဂဠုန်’ တိုက်ပွဲကြီးသာ ကြားခဲ့ဘူးသော ငါတို့သည် မအလ လက်ထက်တွင် ‘နဂါးနှင့် ကြွက်စုတ်’ တိုက်ပွဲကြီး အဖြစ် မြင်တွေ့ကြရတော့မည်။

ယုတ်မာလွန်းသည့် စကစ မအလ တို့ကို တိုက်ခိုက်နေသော ‘တရားသောစစ်’ နှင့် ‘လက်နက်ကိုင် တော်လှန်ရေး သမားများ အားလုံး’ တိုက်ပွဲတိုင်း အောင်မြင်ကြပါစေ။

📝📝📝 ညီညီလွင် (ဓာတုဗေဒ)

Zawgyi

ဗိုလ္နဂါး ဆိုသည္မွာ

(ေခါင္းေဆာင္ဆိုတာ တိုက္ပြဲအတြင္းကသာ ထြက္တယ္)

(ေခါင္းေဆာင္ေကာင္းဆိုတာ တိုက္ပြဲတိုင္းကို ႏိုင္ေအာင္တိုက္တယ္)

(အေကာင္းဆုံး ေခါင္းေဆာင္ဆိုတာ တစ္ႏိုင္ငံလုံးကို ႏိုင္ေအာင္ တိုက္တယ္)

ဒါ ဗိုလ္နဂါး ပဲ။

ဗိုလ္နဂါး

• ငယ္စဥ္ကတည္းက စစ္သားျဖစ္ခ်င္သူ

• ငယ္စဥ္ကတည္းက စစ္သားျဖစ္ဖို႔ရွက္ခဲ့သူ

ျမန္မာစစ္တပ္ႏွင့္ ပတ္သက္လွ်င္ ကြၽန္ေတာ္ငယ္စဥ္ကလည္း

ရႈပ္ေထြးခဲ့ဘူးသည္။ ၁၀ တန္းေအာင္လို႔ DSA တက္ဖို႔ အေဖ့ကို

သြားေျပာေတာ့ ေဆးလိပ္ျပာခြက္ႏွင့္လိုက္ေပါက္ခံရသည္။ ဘြဲ႕ရၿပီး

OTS တက္ဖို႔ ဦးေလးအရင္းဗိုလ္မႉးႀကီး သြားေျပာေတာ့ တစ္ခြန္းပဲ။ လုံးဝမတက္ရဘူး သား တဲ့။

စစ္တပ္ရဲ႕ ဆိုး႐ြားခဲ့မႈေတြက ၾကာခဲ့ၿပီ။ မအလ လက္ထက္မွ အကုန္ေပၚခဲ့တာ။ ဗိုလ္နဂါး စစ္သားျဖစ္ဖို႔ အိပ္မက္ကို သူကိုယ္တိုင္ စြန႔္ခဲ့ၿပီး

တကၠသိုလ္က ဘြဲ႕ရဖို႔ ဦးစားေပးခဲ့သည္။

လူတစ္ေယာက္ အရည္အခ်င္းရွိလွ်င္ သူေရာက္သည့္ ေနရာတြင္

ေတာင္တစ္ေတာင္ သမုဒၵရာတစ္ခု ဖန္တီးႏိုင္၏ (အတိႆယဝုတၱိ)

ေရာက္ေလရာတြင္ ပစ္တိုင္းေထာင္ကဲ့သို႔ ထာဝစဥ္ ေထာင္၏။

ဗိုလ္နဂါးသည္ ဘဝတြင္ အလုပ္စုံ၏။ တ႐ုတ္နယ္စပ္သြား အလုပ္လုပ္သလို ထိုင္းနယ္စပ္ကိုလည္း ခဏခဏေရာက္၏။ တစ္ဘက္ႏိုင္ငံ အထဲေရာက္တိုင္း ဗိုလ္နဂါး မ်က္ရည္က် ပါးစပ္အေဟာင္းသား ခံစားရ၏။

စေရာက္တိုင္း ျမန္မာတိုင္း ခံစားရသည့္ ခံစားခ်က္။ ဇာဂနာ ထိုင္းဘန္ေကာက္ ေရာက္ေရာက္ခ်င္း ခံစားခ်က္ကို မ်က္ရည္က် ေျပာျပဘူးသည္။

ဗိုလ္နဂါးက ပညာတတ္ေတာ့ အေတြ႕အႀကဳံမ်ားေတာ့ ကိုယ့္တိုင္းျပည္ ဆင္းရဲရသည့္အေၾကာင္း သူသိသည္။ လူထု မတရား လုပ္ခံေနရတာကို သူျမင္သည္။ လူထုဘက္က

မခံႏိုင္သည့္စိတ္ သူ႔တြင္ သေႏၶတည္ခဲ့၏။

ေကာင္းၿပီးလွ်င္ပ်က္ ပ်က္ၿပီးလွ်င္ေကာင္း ဆိုသည့္ ေလာကနိယာမအတိုင္း ဗိုလ္နဂါးဘဝေျပာင္းလဲပုံ

အလုပ္မ်ိဳးစုံ လုပ္ေနရာမွ ေနာက္ဆုံး သူႏွင့္ နီးစပ္လုပ္ငန္းျဖစ္သည့္ ေတာင္ယာလုပ္ငန္း (ၾကက္သြန္ အာလူး သရက္သီးမ်ိဳးစုံ စိုက္ပ်ိဳးေရးလုပ္ငန္း) ထဲသို႔ ရွိသမွ်ေငြ ပုံေအာကာ ေအာင္ျမင္ေအာင္ႀကိဳးစားေတာ့သည္။

ေအာင္လည္း ေအာင္ျမင္ခဲ့၏။

အနီးအနား ေက်း႐ြာမ်ားထိ ဗိုလ္နဂါး ေတာင္ယာထြက္ ပစၥည္းမ်ား နာမည္ ရခဲ့၏။ ပင္ပန္းခံ ႀကိဳးစားမႈမ်ား၏ အသီးအပြင့္မ်ား ခံစားရေတာ့မည့္အခ်ိန္တြင္ မအလ စခတပ္အာဏာသိမ္းမႈ ျဖစ္လာခဲ့၏။ (ႏိုင္ငံေတာ္ ပုန္ကန္မႈႀကီး)

ထို႔ေနာက္ မတရား အႏိုင္က်င့္မႈမ်ား၊ သတ္ျဖတ္မႈမ်ား၊ လိမ္လည္မႈမ်ားကို

နဖူးေတြ႕ ဒူးေတြ႕ ေတြ႕ခဲ့ရ၏။

ဤသည္ကပင္ ဗိုလ္နဂါးဘဝကို ေျပာင္းလဲေစခဲ့သလို စစ္အာဏာရွင္အျမစ္ျပတ္ဖို႔ ေပးလာေသာအခြင့္အေရး တစ္ခုဟု ဗိုလ္နဂါး နားလည္ခဲ့၏။

ေတာင္ယာလုပ္ငန္း အေျခအေနေကာင္းခဲ့ေသာ္လည္း အာဏာသိမ္းမႈေၾကာင့္ ပ်က္စီးခဲ့ရ၏။

အာဏာသိမ္းမႈေၾကာင့္ ပ်က္စီးခဲ့ရေသာ္လည္း အာဏာရွင္ ျဖဳတ္ခ်ဖို႔ အခြင့္လမ္းေကာင္းတစ္ခု ေပၚလာခဲ့၏။

ဤအခြင့္အလမ္းအား ဗိုလ္နဂါး အမိအရ မလြတ္တန္း ဆြဲကိုင္ႏိုင္ခဲ့သည္။

‘နဂါး တပ္မေတာ္’

စားပြဲဝိုင္းတြင္ လုပ္ၾကေသာ ‘ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ’ မ်ား၏

ကလိမ္ကက်စ္ လွည့္ျဖားမႈမ်ားကို မ်က္ဝါးထင္ထင္ ေတြ႕လိုက္ရမႈက

‘နဂါးတပ္မေတာ္’ ျဖစ္လာရသည့္အေၾကာင္းပင္။

တိုက္ပြဲ ၆၀ ေက်ာ္ ေအာင္ျမင္စြာ တိုက္ၿပီးေသာ္ ဗိုလ္နဂါး တိတိက်က် သိလာရသည့္ အခ်က္ ၂ ခ်က္ ရွိ၏။

ပထမအခ်က္က စကစ တပ္မ်ား၏ တိုက္ခိုက္ေရးစြမ္းရည္ အလြန္နိမ့္က်ေနျခင္း။ ဒုတိယအခ်က္က

စကစတပ္ စိတ္ဓာတ္ ကိုယ္က်င့္တရား ပ်က္သုဥ္းေနျခင္း။

ယခု ‘နဂါး တပ္မေတာ္’ ႀကီး

ျမန္မာျပည္အႏွံ႔ စတင္ ႀကီးထြားလာေနၿပီ ျဖစ္သည္။

‘နဂါး တပ္မေတာ္’ ႏွင့္ ‘Federal Army’

လူထု အားေပး အားကိုးေနေသာ ‘နဂါး တပ္မေတာ္ႀကီး’သည္

လူထုအားလုံး အလိုရွိေနေသာ ‘Federal Army’ ၏

အေရးပါဆုံးေသာ အစိတ္အပိုင္းတစ္ခု ျဖစ္လာေနတာ ထင္ရွား၏။

‘နဂါး တပ္မေတာ္’ ႏွင့္ စကစ

တီေကာင္ကို ဆားႏွင့္ ပက္လိုက္သကဲ့သို႔ မအလတို႔ တစ္ဖြဲ႕လုံး ထြန႔္ထြန႔္ လူးကုန္ေအာင္ နဂါး စြမ္းေဆာင္ႏိုင္ခဲ့၏။

နဂါး ႐ုပ္ထုမ်ားကို ဖ်က္ဆီးခိုင္းသည္ထိ စကစ ေသြးပ်က္ေနရ၏။

‘နဂါး တပ္မေတာ္’ ကို အသိအမွတ္ျပဳမႈ

ကမာၻႀကီးက ‘နဂါး တပ္မေတာ္ႀကီး’ ကို အသိအမွတ္ ျပဳရပါၿပီ။ ျပဳၾကပါၿပီ။

‘နဂါး တပ္မေတာ္ႀကီး’ အရွိန္ႏွင့္ စကစတပ္ အလယ္တည့္တည့္သို႔ ေမာင္းႏွင္ ထိုးခြဲ ေခ်မႈန္းႏိုင္ဖို႔ ဆီထည့္သူက ထည့္၊ ဘီး ေလထိုးသူက ထိုး၊ အင္ဂ်င္စစ္သူက စစ္ႏွင့္ ခိုင္ခန႔္ သည့္ ‘တပ္ေတာ္ႀကီး’ အျဖစ္ အသက္စသြင္းႏိုင္ခဲ့ၿပီ။

နိဂုံး

ရာဇဝင္မွာ ‘နဂါးႏွင့္ ဂဠဳန္’ တိုက္ပြဲႀကီးသာ ၾကားခဲ့ဘူးေသာ ငါတို႔သည္

မအလ လက္ထက္တြင္ ‘နဂါးႏွင့္ ႂကြက္စုတ္’ တိုက္ပြဲႀကီး အျဖစ္ ျမင္ေတြ႕ၾကရေတာ့မည္။

ယုတ္မာလြန္းသည့္ စကစ မအလ တို႔ကို တိုက္ခိုက္ေနေသာ ‘တရားေသာစစ္’ ႏွင့္ ‘လက္နက္ကိုင္ ေတာ္လွန္ေရး သမားမ်ား အားလုံး’ တိုက္ပြဲတိုင္း ေအာင္ျမင္ၾကပါေစ။

ညီညီလြင္ (ဓာတုေဗဒ)