ၾကားသိရသမွ်

စကစ အတွက် ဒေါ်လာသန်းရာချီ အခွန်ပေးဆောင်နေတဲ့ ပြင်သစ်​ရေနံကုမ္ပဏီTotal Energiesက မြန်မာနိုင်ငံမှလုပ်ငန်းများကို ရုပ်သိမ်းကြောင်း တရားဝင်​ကြေညာ

ပြင်သစ်​ရေနံကုမ္ပဏီTotal Energiesက မြန်မာနိုင်ငံမှလုပ်ငန်းများကို ရုပ်သိမ်းကြောင်း တရားဝင်​ကြေညာ

ပြင်သစ်ရေနံကုမ္ပဏီ Total Energiesက မြန်မာနိုင်ငံရှိဆက်လက်လုပ်ကိုင်မည့် လုပ်ငန်းများကိုရုပ်သိမ်းကြောင်း ယနေ့ တရာဝင်ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို Total Energiesကအကြိမ်ကြိမ်ရှုတ်ချခဲ့သည်။

ထိုကြောင့် ယခုချိန်မှာစ၍ ကုမ္ပဏီ၏ အခြေခံမူများအရ အချက် သုံးချက်ကိုအ​ခြေခံ ဆုံးဖြတ်ချက်ခဲ့သည်ဟု ပြင်သစ်ကုမ္ပဏီက ထုတ်ပြန်လိုက်သည်။

ပထမအချက်မှာ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်မည့် စီမံကိန်းအသစ်များကို ရပ်ဆိုင်းမည်ဖြစ်ပြီး ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို ဆက်လက်လုပ်ကိုင်မည်ဟုဆိုသည်။ ထိုဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာနှင့်ထိုင်းပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့မူမရှိမဖြစ်လိုအပ်ခြင်းကြောင့်ဆိုသည်။

ဒုတိယအချက်မှာ ကုမ္ပဏီ၏ ဝန်ထမ်းများကို ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမူ၊ တရားစွဲဆိုမူများနှင့် အဓမ္မဖိအားပေး ခိုင်းစေမူများကို ကာကွယ်ပေးရန်နှင့်
တတိယအချက်မှာ စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)သို့ ငွေကြေးစီးဆင်းမူဖြတ်တောက်ရန် တို့ဖြစ်သည်ဟု ပြင်သစ်ရေနံကုမ္ပဏီ ၏ ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ျပင္သစ္​ေရနံကုမၸဏီTotal Energiesက ျမန္မာနိုင္ငံမွလုပ္ငန္းမ်ားကို ႐ုပ္သိမ္းေၾကာင္း တရားဝင္​ေၾကညာ

ျပင္သစ္ေရနံကုမၸဏီ Total Energiesက ျမန္မာနိုင္ငံရွိဆက္လက္လုပ္ကိုင္မည့္ လုပ္ငန္းမ်ားကို႐ုပ္သိမ္းေၾကာင္း ယေန႔ တရာဝင္ထုတ္ျပန္လိုက္သည္။

ျမန္မာနိုင္ငံတြင္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္က အာဏာသိမ္းၿပီးေနာက္ ျဖစ္ပြားေနသည့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို Total Energiesကအႀကိမ္ႀကိမ္ရႈတ္ခ်ခဲ့သည္။

ထိုေၾကာင့္ ယခုခ်ိန္မွာစ၍ ကုမၸဏီ၏ အေျခခံမူမ်ားအရ အခ်က္ သုံးခ်က္ကိုအ​ေျခခံ ဆုံးျဖတ္ခ်က္ခဲ့သည္ဟု ျပင္သစ္ကုမၸဏီက ထုတ္ျပန္လိုက္သည္။

ပထမအခ်က္မွာ ျမန္မာနိုင္ငံတြင္ ဆက္လက္လုပ္ကိုင္မည့္ စီမံကိန္းအသစ္မ်ားကို ရပ္ဆိုင္းမည္ျဖစ္ၿပီး ရတနာကမ္းလြန္သဘာဝဓာတ္ေငြ႕ထုတ္လုပ္မႈကို ဆက္လက္လုပ္ကိုင္မည္ဟုဆိုသည္။ ထိုဓာတ္ေငြ႕ပိုက္လိုင္းသည္ ျမန္မာႏွင့္ထိုင္းျပည္သူမ်ားအတြက္ လၽွပ္စစ္ဓာတ္အား ေထာက္ပံ့မူမရွိမျဖစ္လိုအပ္ျခင္းေၾကာင့္ဆိုသည္။

 

ဒုတိယအခ်က္မွာ ကုမၸဏီ၏ ဝန္ထမ္းမ်ားကို ႐ုပ္ပိုင္းႏွင့္စိတ္ပိုင္းဆိုင္ရာ ဖိအားေပးမူ၊ တရားစြဲဆိုမူမ်ားႏွင့္ အဓမၼဖိအားေပး ခိုင္းေစမူမ်ားကို ကာကြယ္ေပးရန္ႏွင့္
တတိယအခ်က္မွာ စစ္ေကာင္စီထိန္းခ်ဳပ္ထားသည့္ ျမန္မာေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္း(MOGE)သို႔ ေငြေၾကးစီးဆင္းမူျဖတ္ေတာက္ရန္ တို႔ျဖစ္သည္ဟု ျပင္သစ္ေရနံကုမၸဏီ ၏ ထုတ္ျပန္ခ်က္တြင္​ေဖာ္ျပထားသည္။