Credit to marry
Unicode
မျိုသိပ်လို့ မရအောင် ပေါက်ကွဲသွားတဲ့ နေ့ကတော့ နဂါးတစ်ကောင်လို ဖြစ်သွားတတ်တဲ့ စနေ
သူတို့ဟာ တကယ်စိတ်ကြီးပါတယ်။ ပြောရမယ်ဆိုရင် လူမှုရေးတင်မက အချစ်ရေးမှာပါ စိတ်ကြီးတာပါ။သူတို့ရဲ့ချစ်သူကို သဝန်အရမ်းတိုတဲ့အပြင် အရမ်းလဲသံသယများတတ်ပါတယ်။
ဒါပေမဲ့လဲ ဘယ်သူ့ကိုမှ ဖွင့်မပြောတတ်တော့ သူတို့ဘာသာသူတို့ခံစားပြီး ဘယ်သူမှမသိအောင် တိတ်တိတ်လေးမျက်ရည်ကျတတ်ကြပါတယ်။နောက်ဆုံး သူတို့မျိုသိပ်လို့မရအောင် ပေါက်ကွဲသွားတဲ့နေ့ကတော့ တကယ်ကိုနဂါးတစ်ကောင်လို ကြောက်ဖို့ကောင်းတာပါပဲ။
အချိန်လေးနည်းနည်းကြာသွားရင်တော့ ခုနက သူမဟုတ်တဲ့အတိုင်းပဲ ပြန်ပြီးစိတ်ပြေသွားတတ်ပါတယ်။သူတို့က စိုးရိမ်စိတ်လဲအရမ်းကြီးပါတယ်။ တစ်ခုခုဆို အဆုံးထိတွေးပစ်လိုက်တာပါပဲ။
အဆုံးထိဆိုတာကလဲ ကောင်းတဲ့ဘက်ကိုမဟုတ်ပဲ မကောင်းတဲ့ဘက်ကိုတွေးလိုက် တာပဲဖြစ်ပါတယ်။သူတို့ချစ်သူ/လင်ယောကျာ်းကိုတော့ ဘယ်အရွယ်ပဲရောက်နေရောက်နေ ချွဲတတ်ပြီး အချစ်ကြီးတာကတော့ လူတိုင်းလက်ခံရတဲ့အချက်ပါပဲ။
သူတို့ဘက်က သစ္စာဖောက်တာရှားပါတယ်။ပြီးတော့ ရွယ်တူထက် သူတို့ထက်ကြီးတဲ့လူကို ပိုပြီးသဘောကျတတ်တာကလဲ စနေသမီးတွေရဲ့ထုံးစံပါပဲ။ အိမ် ထောင်ဖက်ရွေးချယ်တဲ့အခါဆိုရင် ပိုဆိုးပါတယ်။
သူတို့ ချွဲလို့ကောင်းမဲ့ ကော်ကြီးတွေကိုရွေးချယ်ကြတာများပါတယ်။သူတို့က မာနလဲကြီးတယ်။ မာနကြီးတယ်ဆိုတာကလဲ မကောင်းတဲ့မာနကြီးခြင်းမဟုတ်ပါဘူး။သူတို့ရဲ့ ကောင်းသောပြုမူနေထိုင်ပုံအရ အဲ့အပေါ်မှာ မာနကြီးတာပဲဖြစ်ပါတယ်။
စနေသမီးတော်တေ်ာများများဟာ လူချစ်လူခင်ပေါများပါတယ်။ ဒါပေမဲ့ ကိုယ်ကရင်ဘတ်နဲ့ပေါင်းတဲ့သူငယ်ချင်းတချို့ရဲ့နောက်ကျောကို ဓားနဲ့ထိုးတာမျိုးတွေကိုကြုံရတတ်ပါတယ်။
အဲ့လိုထိုးခံလိုက်ရပြီဆိုရင် သူတို့ဟာ တစ်ဘဝလုံး ဆိုက်ကိုဝင်သွားတတ်ကြပါတယ်။ အဲ့ဒီဒဏ်ကို ဘယ်သူတွေခံရလဲဆိုရင် သူတို့ရဲ့ချစ်သူ/လင်ယောကျ်ား နဲ့ နောက်မိတ်ဆွေတွေက ခံရတော့တာပါပဲ။
အမြဲတမ်း ဆိုက်ကိုတွေဝင်နေတတ်တဲ့သဘောပေါ့။စနေသမီးတွေဟာ အသန့်လဲကြိုက်ပါသေးတယ်။ အလုပ်ကိုလဲ တာဝန်ကျေတာထက် ပိုပြီးလုပ်တတ်တာ စနေသမီးတွေပါ။
သူတို့ကို ဂရုစိုက်ပေးပြီး နွေးနွေးထွေးထွေးဆက်ဆံ စိတ်ရှည်လက်ရှည်သာ ချစ်မယ်ဆိုရင် သင့်ကို ဘယ်တော့မှထားသွားမဲ့လူမျိုးတွေမဟုတ်ပါဘူး။ အဲ့အချက်ကိုတော့ ရဲရဲကြီးယုံကြည်လိုက်ပါ။
ဒါကတော့ စနေသမီးတွေရဲ့သဘောသဘာဝနဲ့ပတ်သတ်တာလေးတွေပဲဖြစ်ပါတယ်။ နောက်နေ့နံတွေအတွက်လဲ နောက်ဆောင်းပါးတွေမှာ တင်ဆက်ပေးပါဦးမယ်။ မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ။
Credit to marry