ဖားကန့်ဒေသ မိုးကြီးမယ်လို့ ဆရာမလေး စုစုစံ ပြောပြီ (မြေပြိုမှု အန္တရာယ်တွေကို ဂရုပြုကြပါ)
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၆ နာရီ ၃၀ မိနစ်အချိန်မှ နောက် ၂၄နာရီအတွင်း ချင်းပြည်နယ် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးရွာသွန်းနိုင်ပါတယ်။
တွန်းဇံ၊ ကလေး၊ မောလိုက်၊ တမူး၊ ဖောင်းပြင်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ဟုမ္မလင်း၊ ထမံသီ၊ နန်းယွန်း၊ ခန္တီး၊ လဟယ်၊ ဖားကန့်၊ ကာမိုင်း၊ ကံဆီး ဒေသများ မိုးကြီးနိုင်ပါတယ်။
(ခန့်မှန်းချိန် – ၂၄-၁-၂၀၂၂ ရက်နေ့ မနက် ၆ နာရီ ၃၉ မိနစ် မြန်မာအချိန်) Su Su San (Senior Meteorologist, Advanced Weather Forecaster & Meteorological Intelligence Officer) ဖားကန့်ဒေသမှာ မိုးကြီးနိုင်တဲ့အတွက် ကျောက်ရှာဖွေနေကြတဲ့ ရေမဆေးသမားများ၊ လုပ်ငန်းရှင်များ မြေပြိုမှု အန္တရာယ်ကို ကြိုတင် ရှောင်ရှားထားကြပါလို့ အသိပေးလိုက်ရပါတယ်ဗျာ။