ဗဟုသုတ

လက်ဖျားခါရလောက်အောင် မှန်တဲ့ မြန်မာ့အတိတ်နိမိတ်တဘောင်များနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျာ

လကဖြွားခါရလောကအြောငြ မှနတြဲ့ မှနမြာ့အတိတနြိမိတတြဘောငမြွားနဲ့ အဓိပျပာယဖြှင့ဆြိုခကွမြွား

ကုနြးဘောငခြတြကေတညြးက ပေါခြဲ့တဲ့ နာမညကြွောတြဘောငတြခုရဲ့ အဓိပျပာယြ ဖှင့ဆြိုခကွြ









(၉) ဗုဒျဓရာဇာကိနြးနဲ့အညီ နနြးသိမြးလိမ့ြ

(၁၀) ဗုဒျဓရာဇာသာသနာပှု မငြးကောငြးမငြးမှတြ ပေါလြာပှီးနောကပြိုငြး တိုငြးပှညကြှီး စညကြားသာယာ ဝပှောလိမ့မြညြ။

အဓိပျပာယြ ဖှင့ဆြိုခကွမြွား

(၁) ဟငြျသာမငြး အငြးကိုဆငြးမညြ။ ဟံသာဝတီမှနတြို့ အငြးဝကို သိမြးပိုကြ လိမ့မြညြ။ ဟငြျသာမှာ ဟံသာဝတီမှနတြို့၏ အမှတအြသားဖှဈပှီး အငြးဆိုသညမြှာ အငြးဝကို ဆိုလိုသညြ။ အငြးတို့၏အဝမှာရှိလို့ အငြးဝ (InWa)၊ မှဈတို့အငြးတို့၏ ဆုံရာအဝမှာရှိလို့ အဝ (AVA)၊ အငြးကိုး အငြးအလယမြှာရှိလို့ အငြးနဝ(Innwa) စသဖှင့ြ ခေါဆြိုခဲ့ကှပါသညြ။

(၂)ထိုဟငြျသာကို မုဆိုး လေးနဲ့ခှငြးမညြ။ထိုဟံသာဝတီအငအြားစုကို မုဆိုးဘို (ရှှဘေို)အငအြားစုက အနိုငယြူလိမ့မြညြ။ ကုနြးဘောငမြငြးဆကကြို အခွို့က မုဆိုးမငြးဆကဟြုလညြး ခေါကြှသညြ။

(၃)မုဆိုးကို ထီးရိုးရိုကလြိမ့မြညြ။ထိုကုနြးဘောငမြငြးဆကခြေါြ မုဆိုးမငြးဆကကြို စနနေံတိုငြးတပါးမငြးက အနိုငယြူ ဖှုတခြလွိမ့မြညြ။

(၄) ထီးရိုးကို မိုးကှိုးပဈလိမ့မြညြ။ စနနေံတိုငြးတပါးမငြးအစိုးရကို ကှာသပတေးနံပုဂျဂိုလနြဲ့ ကှာသာပတေးနံ အဖှဲ့အစညြးတို့က ဖှုတခြဖွယရြှားပှီး လှတလြပရြေး အရယူပေးလိမ့မြညြ။ ဗမာ့လှတလြပရြေးတပမြတောြ၊ ဗမာ့ကာကှယရြေးတပမြတောြ၊ မွိုးခစွဗြမာ့တပမြတောြ၊ ဖတပလ၊ ဖဆပလ၊ ဗိုလခြွုပအြောငဆြနြး အားလုံးဟာ ကှာသာပတေးနံမွားသာ ဖှဈသညကြို အံ့သှဖှယတြှေ့ရလိမ့မြညြ။

(၅) သံခမောကဆြောငြး လေးယောကြ ပေါလြိမ့မြညြ။ တပမြတောမြှာ အမှင့ဆြုံးခေါငြးဆောငြ ဖှဈခဲ့သူမွားထဲမှ လေးယောကမြှာ နိုငငြံ၏အမှင့ဆြုံးခေါငြးဆောငဖြှဈမညြ။ ဗိုလခြွုပအြောငဆြနြး၊ ဗိုလခြွုပကြှီးနဝငြေး၊ ဗိုလခြွုပမြှူးကှီးစောမောငြ၊ ဗိုလခြွုပမြှူးကှီးသနြးရှှေ..

(၆) ဧရာဝတီ ခမြးလိမ့မြညြ။ ယခုပငြ နှရောသီဆို ဧရာဝတီမှာ မောတြောြ၊ သငြျဘောတှေ ဝါးလုံးထောကြ စမြးပှီးသှားနရပှေီ။ မှဈဆုံစီမံကိနြးသာ အကောငအြထညဖြောလြို့ကတော့ သှားပှီ..

(၇) လကပြံလညြး ရှားလိမ့မြညြ။ တိုကတြိုကဆြိုငဆြိုငပြငြ ယခုအတောအတှငြး တရုတနြဲ့ ကမျဘာ့ဈေးကှကကြ ကွှနြးသဈထကတြောငကြှိုကလြို့ အမွားဆုံးခိုးထုတခြံနရသေော တမလနြးသဈမှာ လကပြံမွိုးနှယဟြု သိရသညြ။

(၈) ကှကမြတှနလြို့ မိုးလငြးမညြ။ အမွိုးသမီးခေါငြးဆောငတြဈယောကကြ မှနမြာပှညကြို ပှညသြူ့အာဏာပိုငစြိုးသော ဒီမိုကရစေီအလငြးခတြသေို့ ရောကစြလေိမ့မြညြ။

(၉) ဗုဒျဓရာဇာကိနြးနဲ့အညီ နနြးသိမြးလိမ့မြညြ။ သို့သောြ ထိုအမွိုးသမီးခေါငြးဆောငပြှီးနောကြ အမွိုးဘာသာသာသနာကို စောင့ရြှောကအြလေးထားသော မငြးအစိုးရ တကလြာပှီး သာသနာတောကြို ပှနလြညထြှနြးလငြးစလေိမ့မြညြ။ (ဗုဒျဓရာဇာ= ဗုဒျဓသာသနာပှုမငြး)

(၁၀)ဗုဒျဓရာဇာသာသနာပှု မငြးကောငြးမငြးမှတြ ပေါလြာပှီးနောကပြိုငြး တိုငြးပှညကြှီး စညကြားသာယာ ဝပှောလိမ့မြညြ။ဒါကတော့ ဖှဈမလာသေးလို့ စောင့ကြှည့ရြပအေုံးမညြ။

ဒေါကျတာအရှငျလက်ခဏသာရ

Zawgyi

လက်ဖျားခါရလောက်အောင် မှန်တဲ့ မြန်မာ့အတိတ်နိမိတ်တဘောင်များနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များ

ကုန်းဘောင်ခေတ်ကတည်းက ပေါ်ခဲ့တဲ့ နာမည်ကျော်တဘောင်တခုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်

(၁) ဟင်္သာမင်း အင်းကိုဆင်းမည်။

(၂) ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည်။

(၃) မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။

(၄) ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်။

(၅) သံခမောက်ဆောင်း လေးယောက် ပေါ်လိမ့်မည်။

(၆) ဧရာဝတီ ခမ်းလိမ့်မည်။

(၇) လက်ပံလည်း ရှားလိမ့်မည်။

(၈) ကြက်မတွန်လို့ မိုးလင်းမည်။

(၉) ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်

(၁၀) ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။

အဓိပ္ပာယ် ဖွင့်ဆိုချက်များ

(၁) ဟင်္သာမင်း အင်းကိုဆင်းမည်။ ဟံသာဝတီမွန်တို့ အင်းဝကို သိမ်းပိုက် လိမ့်မည်။ ဟင်္သာမှာ ဟံသာဝတီမွန်တို့၏ အမှတ်အသားဖြစ်ပြီး အင်းဆိုသည်မှာ အင်းဝကို ဆိုလိုသည်။ အင်းတို့၏အဝမှာရှိလို့ အင်းဝ (InWa)၊ မြစ်တို့အင်းတို့၏ ဆုံရာအဝမှာရှိလို့ အဝ (AVA)၊ အင်းကိုး အင်းအလယ်မှာရှိလို့ အင်းနဝ(Innwa) စသဖြင့် ခေါ်ဆိုခဲ့ကြပါသည်။

(၂)ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည်။ထိုဟံသာဝတီအင်အားစုကို မုဆိုးဘို (ရွှေဘို)အင်အားစုက အနိုင်ယူလိမ့်မည်။ ကုန်းဘောင်မင်းဆက်ကို အချို့က မုဆိုးမင်းဆက်ဟုလည်း ခေါ်ကြသည်။

(၃)မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။ထိုကုန်းဘောင်မင်းဆက်ခေါ် မုဆိုးမင်းဆက်ကို စနေနံတိုင်းတပါးမင်းက အနိုင်ယူ ဖြုတ်ချလိမ့်မည်။

(၄) ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်။ စနေနံတိုင်းတပါးမင်းအစိုးရကို ကြာသပတေးနံပုဂ္ဂိုလ်နဲ့ ကြာသာပတေးနံ အဖွဲ့အစည်းတို့က ဖြုတ်ချဖယ်ရှားပြီး လွတ်လပ်ရေး အရယူပေးလိမ့်မည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ မျိုးချစ်ဗမာ့တပ်မတော်၊ ဖတပလ၊ ဖဆပလ၊ ဗိုလ်ချုပ်အောင်ဆန်း အားလုံးဟာ ကြာသာပတေးနံများသာ ဖြစ်သည်ကို အံ့သြဖွယ်တွေ့ရလိမ့်မည်။

(၅) သံခမောက်ဆောင်း လေးယောက် ပေါ်လိမ့်မည်။ တပ်မတော်မှာ အမြင့်ဆုံးခေါင်းဆောင် ဖြစ်ခဲ့သူများထဲမှ လေးယောက်မှာ နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်မည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ..

(၆) ဧရာဝတီ ခမ်းလိမ့်မည်။ ယခုပင် နွေရာသီဆို ဧရာဝတီမှာ မော်တော်၊ သင်္ဘောတွေ ဝါးလုံးထောက် စမ်းပြီးသွားနေရပြီ။ မြစ်ဆုံစီမံကိန်းသာ အကောင်အထည်ဖော်လို့ကတော့ သွားပြီ..

(၇) လက်ပံလည်း ရှားလိမ့်မည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုအတောအတွင်း တရုတ်နဲ့ ကမ္ဘာ့ဈေးကွက်က ကျွန်းသစ်ထက်တောင်ကြိုက်လို့ အများဆုံးခိုးထုတ်ခံနေရသော တမလန်းသစ်မှာ လက်ပံမျိုးနွယ်ဟု သိရသည်။

(၈) ကြက်မတွန်လို့ မိုးလင်းမည်။ အမျိုးသမီးခေါင်းဆောင်တစ်ယောက်က မြန်မာပြည်ကို ပြည်သူ့အာဏာပိုင်စိုးသော ဒီမိုကရေစီအလင်းခေတ်သို့ ရောက်စေလိမ့်မည်။

(၉) ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်မည်။ သို့သော် ထိုအမျိုးသမီးခေါင်းဆောင်ပြီးနောက် အမျိုးဘာသာသာသနာကို စောင့်ရှောက်အလေးထားသော မင်းအစိုးရ တက်လာပြီး သာသနာတော်ကို ပြန်လည်ထွန်းလင်းစေလိမ့်မည်။ (ဗုဒ္ဓရာဇာ= ဗုဒ္ဓသာသနာပြုမင်း)

(၁၀)ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။ဒါကတော့ ဖြစ်မလာသေးလို့ စောင့်ကြည့်ရပေအုံးမည်။

ဒေါက်တာအရှင်လက္ခဏသာရ