ၾကားသိရသမွ်



အင်တာဗျူး





#မြေလတ်အသံ

အသံတိတ်သပိတ်ကို စစ်ကောင်စီ ဘာကြောင့်ကြောက်နေတာလဲ

အင်တာဗျူး

လာမဲ့ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းခဲ့တဲ့ ရက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ် ဆင်နွဲကြဖို့ အဲ့ဒီနေ့မှာဆိုင်တွေပိတ်ထားပြီး လမ်းပေါ်မထွက်ကြပဲ နေကြဖို့ သပိတ်ဦးဆောင်ကော်မတီတွေက စီစဉ်ထားကြပါတယ်။

စစ်ကောင်စီဘက်ကလည်း ပြည်သူတွေကို အဲ့ဒီသပိတ်မှာ မပါဝင်ဖို့ ခြိမ်းခြောက်တာတွေ ဆိုင်ဖွင့်ဖို့ ဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။

ဘာကြောင့် စစ်ကောင်စီအနေနဲ့ ခြိမ်းခြောက်တားဆီးနေတာလဲ၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေ အသံတိတ်သပိတ်မှာ ပါဝင်ကြမှာကို ကြောက်နေတာလဲဆိုတာကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကိုသန်းကျော်ဦးက ဖြေဆိုထားပါတယ်။

ပြည်သူတွေ အနေနဲ့လည်း ကိုယ်စွမ်းဉာဏ်စွမ်းကို အသုံးချပြီး အဆင်ပြေတဲ့ နေရာက ပါဝင်ပေးနိုင်ဖို့ကို လည်း ဖိတ်ခေါ်ထားပါတယ်။

#မြေလတ်အသံ